ပရိသတ်တွေသည်းသည်းလှုပ်ချစ်နေရတဲ့ သရုပ်ဆောင် ချစ်သုဝေနဲ့ အဆိုတော် လင်းလင်းတို့ရဲ့ အမွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကတော့ ဒီနေ့မှာ အသက် (၄)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ် ။ မေမေချစ်သုဝေက သမီးလေးတွေရဲ့ အသက် (၄)နှစ်ပြည့် မွေးနေ့လေးအတွက် အခုလို ကြည်နူးဖွယ် မွေးနေ့ဆုမွန်ကောင်းလေးတွေကို ပေးခဲ့ပါတယ် ။ အသည်းအသက်ကလေးတွေ ၄နှစ်ပြည့်ပြီ…သမီးလေးတွေနဲ့ ပတ်သက်တဲ့ အရာရာတိုင်းဟာ မေမေ့အတွက် ဖြတ်သန်းလို့မဝ နောင်တမရှိတဲ့ အချိန်တွေ အမှတ်တရတွေပဲ..မေမေရဲ့ အချစ်တွေကို အချိန်ပြည့် ခံစားပြီးပျော်ရွှင်တဲ့ နွေးထွေးစာနာတဲ့နှလုံးသားနဲ့ အကောင်းအဆိုးအကြောင်းအကျိုးဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်ပညာနဲ့ လောကရဲ့ အကျိုးပြုနိုင်သူတွေဖြစ်ကြပါစေ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာပါ ။ ချစ်မဝတဲ့ သူမရဲ့ အမွှာသမီးလေး boss tote လေးနဲ့ little …
Read More »Tag Archives: Chit Thu Wai
လင်းလင်းတစ်ယောက်”မသေဆေး” ဖော်ဖို့အတွက် သေလုမတတ်ပါရမီဖြည့်ခဲ့ရတယ်ဆိုတဲ့ ချစ်သုဝေ
ချစ်သုဝေကတော့ ကိုယ်တိုင်ကလည်း ပညာရေးမှာထူးချွန်သလို အနုပညာလောကမှာလည်း အောင်မြင်မှုရရှိထားသူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူအဆိုတော်လင်းလင်းနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာလည်း သမီးလေးနှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်နေတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း အားကြိုးမာန်တက်လုပ်ဆောင်နေသူပါ။ လင်းလင်းကတော့ (၅)နှစ်ကြာပြီးနောက် အယ်လ်ဘမ်အသစ် ထွက်ရှိလာခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ပရိသတ်တွေကြိုတင်ဝယ်ယူမှုများနေတဲ့ဒီအယ်လ်ဘမ်လေးအတွက် အစွမ်းကုန်ကြိုးစားနေတဲ့ခင်ပွန်းအကြောင်းကိုတော့ “မသေဆေး Mr..လင်းလင်း ဟာ ဒီခွေထဲမှာ သူ့ထုံးအတိုင်း အတွေးဒဿနတွေအပြည့်နဲ့စာသားတွေရယ် နူးညံ့တဲ့သံစဉ်တွေကို ပြင်းထန်တဲ့ စာသားအသုံးအနှုန်းတွေသုံးပြီး ရောစပ်မှူအဆန်းတွေရယ် သုံးထားတယ် ခံစားရတာပဲ…သူ “မသေဆေး” ဖော်ဖို့.. သေလုမတတ် ပါရမီ ဖြည့်ခဲ့ရတယ်ဆိုတာလေးတော့ ပြောပါရစေအေ။ ဒီခွေမှာ mixing & masteringပါ ကိုယ်တိုင်လုပ်နိုင်ခဲ့တာမို့ ဂုဏ်ယူမဆုံးပါပဲအေ ( ကျုပ်ကိုမကူပဲ covid 2ndwaveတစ်လျောက် mixing masterတွေလေ့လာ သူ့သီချင်းတွေကိုယ်တိုင်ဆွဲ နဲ့ ကိုယ့်ကိုအဖတ်မလုပ်ပစ်ထားလို့ …
Read More »ကျန်းမာရေးအတွက်စိတ်ပူနေတဲ့ပရိသတ်တွေကို စိတ်ချမ်းသာစေခဲ့တဲ့ချစ်သုဝေတို့မိသားစုပုံရိပ်များ
အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ကိုင်တဲ့သူကတော့ ချစ်သုဝေပါ။ ခင်ပွန်းဖြစ်သူလင်းလင်းနဲ့အတူ လိုက်ဖက်ညီညီပရဟိတအလုပ်တွေလုပ်နေတာဖြစ်ပြီး ပရိသတ်တွေကတော့ ချစ်သုဝေတို့ဇနီးမောင်နှံအပြင်သမီးလေး(၂)ဦးကိုလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။ မကြာသေးခင်ကတော့ ချစ်သုဝေတစ်ယောက်ခါးအရိုးကျိုး/အက်သွားတဲ့အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ ချစ်သုဝေရဲ့ကျန်းမာရေးအတွက်စိတ်ပူနေကြတာဖြစ်ပါတယ်။ အခုလိုခရစ္စမတ်ကာလမှာတော့ သူတို့မိသားစုပုံရိပ်လေးကို X ‘ mas ဆိုတာ အချစ်ကို ပေးဖို့ အချိန်ပဲ ပရိသတ်တွေကို မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။ ချစ်သုဝေကတော့ ရွှင်ရွှင်လန်းလန်းနဲ့တွေ့ရပြီး မိသားစုနဲ့အတူ အချိန်တွေကုန်ဆုံးနေပုံပါပဲ။ ပရိသတ်တွေကတော့ ခါးအရိုးထိခိုက်သွားတာကြောင့် အတော်လေးစိတ်ပူနေခဲ့ကြပြီး အခုလိုပျော်ပျော်ရွှင်ရွှင်ပုံရိပ်လေးတွေကြောင့် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဆိုပြီး ဝမ်းသာနေကြတာလည်း ဖြစ်ပါတယ်။ Source : ChitThuWai
Read More »ခါးအရိုးကျိုးသွားတာကြောင့် ဆေးရုံတက်ကုသမှုခံယူနေရတဲ့ ချစ်သုဝေ
ပရိသတ်တွေထရီဇာလို့သိကြတဲ့ သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ချစ်သုဝေကတော့ အမြဲလိုလိုတက်တက်ကြွကြွနဲ့ အနုပညာအလုပ်တွေ ပရဟိတအလုပ်တွေကိုကြိုးစားတတ်သူတစ်ယောက်ပါ။ စိတ်ထားကောင်းပြီး အလွန်ကြိုးစားတဲ့ထရီဇာကတော့ ဒီရက်ပိုင်းမှာဆေးရုံတက်ကာ ဆေးကုသမှုခံယူနေရတာလည်း ဖြစ်ပါတယ်။ ထရီဇာကတော့ ခါးအရိုး အက်/ကျိုး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်နေခဲ့ရတာ (၃)ရက်ရှိပြီလည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူအဆိုတော်လင်းလင်းကတော့ ဇနီးဖြစ်သူကို ဂရုစိုက်နေသလို ပရိသတ်တွေသိရအောင်လည်း ဖေ့ဘွတ်ခ်ကနေတစ်ဆင့်ပြောပြလာခဲ့ပါတယ်။ ဇနီးဖြစ်သူဆေးရုံတက်နေရတဲ့အကြောင်းကိုတော့ “ခါးအရိုး အက်/ကျိုး ဒဏ်ရာနဲ့ ကိုယ့်ဆရာမ ဆေးရုံတက်နေရတာ သုံးရက်ရှိ။ ရယ်လိုက်ရင် ဒဏ်ရာက နာတယ်ဆိုတော့ ဟာသလေးတွေပြောရင်း ထမင်းခွံ့ကျွေး :))) Fighting Hon ” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။ လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေကိုလည်းလုပ်ကြသလို ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်နေကြသူနှစ်ဦးပါ။ အခုလိုမျိုးဖြစ်သွားတဲ့အတွက် အားလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။ အမြန်ဆုံးပြန်လည်ကျန်းမာပြီး တက်တက်ကြွကြွနဲ့အလုပ်တွေပြန်လုပ်နိုင်ပါစေ ထရီဇာရေ… …
Read More »သမီးလေးတွေအတွက်ရည်ရွယ်ပြီး အွန်လိုင်းကနေသင်ယူကာ ဟားဗတ်တက္ကသိုလ်က Certificate တစ်ခုရအောင်ကြိုးစားခဲ့တဲ့ ချစ်သုဝေ
ချစ်သုဝေကိုတော့ ရုပ်ရှင်မင်းသမီးနဲ့အဆိုတော်တစ်ယောက်အနေနဲ့တင်မကဘဲ ပရဟိတအလုပ်ကိုတက်တက်ကြွကြွလုပ်ဆောင်သူတစ်ယောက်အနေနဲ့လည်း သိကြမှာပါ။ သမီးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ချစ်သုဝေကတော့ ကိုဗစ်ကာလအတွင်းမှာလည်း ပရဟိတအလုပ်တွေကို မနေမနားကြိုးစားခဲ့တာပါ။ ဒါတင်မကသေးဘဲ ပညာရေးမှာလည်း ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ချစ်သုဝေကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “COVIDအတွင်းမှာ ရတနာတွေစုဆောင်းမိတယ်….ပညာ နဲ့ ကုသိုလ် 1stwaveမှာဟန်တပြင်ပြင်နဲ့ မလုပ်ခဲ့ရဘူး…2ndwaveမှာ ရအောင်လုပ်နိုင်ခဲ့တယ်ကွယ်..စာတွေနဲ့ ၁၃နှစ်ကြာဝေးခဲ့တဲ့ကိုယ်ဟာ ဒီပိစိ course certificate လေးရဖို့ Assignment တွေရေးရတော့ ခြေမကိုင်မိလက်မကိုင်မိနဲ့.. လက်လျော့ချင်စိတ်တွေတဖွားဖွားနဲ့ပါပဲ…Topic က ကိုယ့်အတွက် သမီးလေးတွေအတွက် ကိုယ့်နိုင်ငံပညာရေးအတွက် အတွေးအမြင်လေးတွေရမှာမို့ ဇွဲမလျော့ခဲ့ဘူး…တစ်ရက်ပြီးတစ်ရက် ပိုပိုအဆင်ပြေလာသလို ကိုယ့်ကိုယ် ကို တွေးမြင်နေတဲ့အရာတွေပါပြောင်းလဲလာတယ်..ယုံကြည်မှူလည်းပိုရှိလာသလို အားလည်းပိုတက်လာတယ်…Trezaလို့ ကလေးအမေတွေကိုလည်း အကျိုးရှိတဲ့ ကိုယ့်အတွက်သင့်တော်မယ့် courseလေးတွေကို ရအောင်တက်စေချင်တယ်..ဖြစ်အောင်လုပ်ရင် ဖြစ်ကိုဖြစ်တယ် … စိတ်ရဲ့ထက်သန်မှူပဲလိုတာပါလို့..တနေ့ တနေ့ …
Read More »သီတင်းကျွတ်လာကန်တော့တဲ့ မိုးဟေကို ကို အကယ်ဒမီအမြန်ဆုံးရပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ဂျွန်လွင်
အစကတည်းက မိဘစကားနားထောင်တဲ့မိုးဟေကိုက ဆရာဂျွန်လွင် စကားကိုအမြဲ နာခံလိုက်နာတတ်သူမို့ ဆရာဂျွန်လွင်ရဲ့ အချစ်တော် တပည့်မလေးဖြစ်နေတာပါ ။ ဆရာဂျွန်လွင် က သရုပ်ဆောင်အလုပ်ကို လုပ်ရမယ် သရုပ်ဆောင်မင်းသမီးနဲ့ လိုက်တယ် ဆိုပြီးတော့ လမ်းကြောင်းပေးခဲ့တဲ့အပေါ် နာခံပြီး လျှောက်လှမ်းခဲ့တာ အရမ်းကိုအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တာပါ ။ ဆရာဂျွန်လွင်က အကြံဉာဏ်တွေလည်းပေးသလို အဓိကကတော့ ခွန်အားအမြဲပေးတဲ့အတွက် အဲ့ဒီနှစ်ချက်တည်း နဲ့တင်အရာအားလုံးပြီးပြည့်စုံနေပါပြီ”လို့တောင်အင်တာဗျူးတွေမှာဖြေဆိုခဲ့တာပါ ။ ဒီနှစ်သီတင်းကျွတ်မှာလည်း မိုးဟေကိုတစ်ယောက် သူမရဲ့ ဆရာ ဂျွန်လွင်ကို သွားရောက်ကန်တော့ပြီး ဂါရဝပြုခဲ့တဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ ဂျွန်လွင်တစ်ယောက် အရမ်းကို ပီတိဖြစ်နေခဲ့တာပါ ။ သားသမီးအရင်းသဖွယ် အစဉ်ချစ်ခင်ရတဲ့မိုးဟေကို မိဘကိုအရမ်းသိတတ်တဲ့ သမီးစိတ်နှလုံးရွှင်လန် းစီးပွါးရေးလောကမှာအောင်မြင်ပြီးအနုပညာမှာထိပ်ဆုံးဖြစ်ပြီး အကယ်ဒမီလဲအမြန်ရပါစေ ဆိုတဲ့ဆုမွန်ကောင်းတွေလည်းအများကြီးပေးခဲ့ပါသေးတယ် ။ ပရိသတ်တွေကတော့ …
Read More »ပြိုနေတဲ့အိမ်လေးထဲမှာနေရတဲ့ မြေးအဖိုးနှစ်ယောက်အတွက် အိမ်လေးတစ်လုံးဆောက်ပေးသွားမယ့် လင်းလင်းနဲ့ ချစ်သုဝေ
မြန်မာနိုင်ငံရဲ့အရေးကိစ္စတိုင်းအတွက် ခေတ်သစ်ဖောင်ဒေးရှင်းကနေတဆင့် လိုအပ်လာတိုင်း လက်မနှေးကူညီနေသူတွေဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားကတည်းကနေ ယနေ့အချိန်ထိ သိန်း(၄၀၀၀) နီးပါးလှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်အလှူတွေသာမက အခြားလိုအပ်နေတဲ့နေရာတွေကိုလည်း ဆက်တိုက်ဆိုသလို ကူညီနေပါသေးတယ်။ ဒီနေ့မှာတော့ ပြိုနေတဲ့အိမ်လေးထဲမှာ ချို့ချို့တဲ့တဲ့နေ နေရတဲ့ မြေးအဖိုးနှစ်ယောက်အတွက် အိမ်လေးတစ်လုံးဆောက်လုပ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အဖိုးဖြစ်သူက အသက်(၇၀) ကျော်နေပြီဖြစ်ပြီး ဝမ်းစာအတွက် ကုန်စိမ်းရောင်းချအသက်မွေးနေရသူပါ။ သူတို့ရဲ့အိမ်လေးကတော့ ပြိုကျနေတာကြာပြီဖြစ်ပေမယ့် နေ့စဉ်စားသောက်ဖို့အရေးသာ အာရုံစိုက်နေရတာမို့ ပြိုကျနေတဲ့အိမ်လေးထဲမှာပဲ မြေးအဖိုး(၂) ယောက် ဖြစ်သလို နေနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အဘိုးတို့နေတဲ့ ရပ်ကွက်က ချောင်းနဲ့နီးတဲ့ရပ်ကွက်ဖြစ်နေတာမို့ မိုးများပြီး ရေတက်လာတိုင်း ညအချိန်မတော်လည်း အိမ်ထဲကထွက်ပြီး ရေလွတ်ရာ လမ်းမကြီးဘက်ကို သွားနေရင်း ဒီအိမ်လေးနဲ့ပဲ ဖြစ်သလို …
Read More »သဒ္ဓါထက်သန်တဲ့အလှူရှင်တွေကြောင့် မထင်မှတ်ထားလောက်တဲ့အလှူငွေပမာဏကို Live Donation ကနေပြီးတော့လက်ခံရရှိခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း
ချစ်သုဝေနဲ့လင်းလင်းတို့ဇနီးမောင်နှံကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ပြီး ကူညီမှုတွေပြုလုပ်နေတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ အခုလိုကိုဗစ်ကာလမှာတော့ အနားယူတယ်လို့မရှိရအောင်ကို လိုအပ်တဲ့နေရာတွေကို မပြတ်တမ်းကူညီထောက်ပံ့မှုတွေပြုနေတာလည်း လေးစားစရာတွေ့ရပါတယ်။ အခုဆိုရင်ခေတ်သစ်ဖောင်ဒေးရှင်းကတော့ အွန်လိုင်းကနေပြီး အလှူခံတဲ့ live donation အစီအစဉ်လေးပြုလုပ်ခဲ့ပြီး မထင်မှတ်ထားတဲ့အလှူငွေပမာဏကိုရရှိခဲ့တာပါ။ အဲ့ဒီအကြောင်းကိုတော့ ချစ်သုဝေရဲ့ပေချ့်မှာ “Live Donation အား စိတ်ပါဝင်စားစွာဖြင့် စောင့်ကြည့်လှူဒါန်းပေးကြသော စေတနာရှင်/အလှူရှင်များအားကျေးဇူးအထူးတင်ရှိပါတယ်။၂၄.၁၀.၂၀၂၀ ည (၇.၀၀ ) မှစ၍ Chit Thu Wai Facebook Page မှ Live လွှင့်ကာ Covid (19)ကာလအတွင်း ဆေးရုံများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် လိုအပ်သော ပစ္စည်းများအား လှူဒါန်းရန်အတွက် အလှူငွေ ကောက်ခံရာ ၂၅.၁၀.၂၀၂၀ နေ့လည်(၃.၀၀) အထိ Live …
Read More »အွန်လိုင်း Live အလှူလေးရပ်မရအောင် နာရီပေါင်းများစွာ လှူဒါန်းပေးခဲ့ကြတဲ့အလှူရှင်တွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ချစ်သုဝေ
ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ပဲ့ကိုင်ရှင် လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံကတော့ မြန်မာနိုင်ငံမှာကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက လိုအပ်တဲ့နေရာတွေကို ဆက်တိုက်လှူဒါန်းပေးခဲ့တာ အခုဆို ကိုဗစ်ကပ်ရောဂါအတွက် လှူဒါန်းငွေ သိန်း(၄၀၀၀) နီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အခုလိုကာလမှာတော့ ကိုဗစ်ကပ်ရောဂါ ကုသရေး၊ ကိုဗစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေအတွက် အလှူစတာတွေက ပိုအရေးကြီးနေတဲ့အချိန်မို့ နှလုံးခွဲစိတ်ကလေးများအတွက် ရည်ရွယ်ပြီး သူတို့မိသားစုရဲ့ Program ရိုက်ပြီးရှာထားတဲ့ အလှူငွေထဲက ယူသုံးရတာလည်း သိန်း(၁၀၀၀) နီးပါး ရှိနေခဲ့ပြီလို့ ဆိုပါတယ်။ ဒါကြောင့်မို့ ချစ်သုဝေကတော့ နောက်ထပ် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ လှူဒါန်းနိုင်ဖို့အတွက် အလုအယက်တွေလှူကြရအောင် ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူ Online Live Donation အစီအစဉ်လေးကို အကောင်အထည်ဖော်ခဲ့ပြီး မနေ့ညက Live လွှင့်ကာ ပါဝင်လှူဒါန်းလိုသူအားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။ မထင်မှတ်ထားလောက်အောင်ပဲ ည(၇) နာရီက စတင်ခဲ့တဲ့ …
Read More »ခင်ပွန်းသည်ဖြစ်သူလင်းလင်းအတွက် အကောင်းဆုံးမွေးနေ့လက်ဆောင်တွေကို ပေးခဲ့တဲ့ချစ်သုဝေ
ပရိသတ်ကြီးရေ .. ဒီနေ့ အောက်တိုဘာလ (၂)ရက်နေ့ကတော့ အဆိုတော် လင်းလင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဇနီးဖြစ်သူ ချစ်သုဝေကတော့ အစောဆုံး Birthday Wish လေးအဖြစ် လင်းလင်းအတွက် အကောင်းဆုံးမွေးနေ့လက်ဆောင်တွေကို ပေးခဲ့ကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ ဖေရေ…မေလည်းတကယ်ကို မအားလွန်းတာမြင်တဲ့ အတိုင်းပဲနော်…ချစ်လားဆိုတော့ အထူးတလည် ဖြေစရာမလိုပါဘူး(အဲ..ပြောသာပြောရတာ တခါမှလည်းမမေးပါဘူး..မေးစရာလည်းမလိုဘူးကိုး..တကယ့်ပန်ကာဂျလည်)မေ့မွေးနေ့တိုင်း အထူးတလည် လိုချင်တာတွေရှိခဲ့ပေမယ့် ဖေ့မွေးနေ့တိုင်း ဘာမှအထူးတလည်းမစီ စဉ်ပေးဖြစ်ဘူး..ဘာ့ကြောင့်ဆို ကျုပ်အချစ်တွေကပဲ အထူးတလည်..ဘဝမှာ ညည်း တစ်ခါမှ မကြုံဖူးတဲ့အချစ်တွေနဲ့ အချစ်ခံရဖို့ဆိုတာ နည်းတဲ့ကုသိုလ်လားနော်..တစ်သက်တာမွေးနေ့လက်ဆောင် ပလာတူးအသေးစား၂ယောက်ကိုလည် မွေးပေးထားသေးတယ် အနုပညာသမားစစ်စစ်ကြီးအဖြစ်ရပ်တည်နိုင်ဖို့ ပါရမီဖြည့်ဖက်ကောင်းရှားမှရှားကြီး အဖြစ်လည်း နေပေးတယ်ဆိုတဲ့ စာသားလေးနဲ့အတူ တစ်သက်တာအတွက် သူမဘက်က အကောင်းဆုံးလက်ဆောင်တွေ …
Read More »