Tag Archives: Choi Yi Hyun

All of Us Are Dead ဇာတ်လမ်းတွဲရဲ့မင်းသမီး Choi Yi Hyun ကို ဇာတ်လမ်းတွဲအသစ်အတွက် ကမ်းလှမ်းထား

All of Us Are Dead ဇာတ်လမ်းတွဲကတော့ ကမ္ဘာတစ်ဝှမ်းအကြီးအကျယ်အောင်မြင်ခဲ့ပြီး ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေကလည်း လူသိများခဲ့ပါတယ်။ မင်းသမီးချောလေး Choi Ji Hyun ကတော့ ပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိခဲ့ပြီး အခုဆိုရင်ဇာတ်လမ်းတွဲသစ်အတွက်ကမ်းလှမ်းခံရမှုတွေရှိနေပါတယ်။ သူ့ကိုတော့ Vampire Chef ဆိုတဲ့ဇာတ်လမ်းတွဲအတွက်ကမ်းလှမ်းထားတာပါ။ ဒီဇာတ်လမ်းတွဲကတော့ Itaewon မှာရှိတဲ့အမည်မသိစားသောက်ဆိုင်ရဲ့ ပိုင်ရှင်စားဖိုမှူးတစ်ယောက်လည်းဖြစ်သလို သွေးစုပ်ဖုတ်ကောင်တစ်ယောက်လည်းဖြစ်တဲ့ Hong Ki Jun ဟာ ငယ်စဉ်ကလေးဘဝကသူငယ်ချင်းဖြစ်သူ Kang Mi Ro ဆီကရရှိခဲ့တဲ့သွေးအရသာကိုမေ့ဖျောက်ချင်တာကြောင့် အစားအသောက်တွေကိုချက်ပြုတ်ရောင်းချပြီးဘဝကိုရှင်သန်နေတဲ့အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။ Kang Mi Ro ကတော့ Hong Ki Jun ကိုမမေ့လောက်စရာသွေးအရသာကိုပေးခဲ့တဲ့ငယ်သူငယ်ချင်းနေရာကနေပါဝင်သရုပ်ဆောင်မှာပါ။ လက်ရှိမှာတော့ အမျိုးသားဇာတ်ဆောင်နေရာမှာဘယ်သူပါဝင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီဇာတ်လမ်းလေးကတော့ သဘာဝလွန်တွေပါဝင်မယ့် အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်လာမှာပါ။ …

Read More »
x