Tag Archives: Dara
IU နဲ့ Lee Hyori ပြီးရင်တတိယအချမ်းသာဆုံးအမျိုးသမီးအနုပညာရှင်အဖြစ်သတ်မှတ်ခံရတာနဲ့ပတ်သက်ပြီး ပြောပြခဲ့တဲ့ Dara
Dara ကတော့ ထူးချွန်တဲ့အိုင်ဒေါတစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်အဖြစ်လည်းအနုပညာလှုပ်ရှားမှုတွေလုပ်သလို တီဗွီအစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့လည်း တွေ့ဖူးကြမှာပါ။ သူ့ကိုတော့ ကြွယ်ဝမှု(၃၀)ဘီလီယံဝမ်( ကန်ဒေါ်လာ ၂၁ သန်း) ခန့်ရှိတယ်လို့ သတ်မှတ်ထားကြတာပါ။ Dara ကတော့ Problem Child in House ဆိုတဲ့အစီအစဉ်မှာပါဝင်ခဲ့ပြီး အစားအနည်းငယ်သာစားတတ်တဲ့အကျင့်၊ 2NE1 အဖွဲ့အနေနဲ့ Coachellaမှာ ပြန်လည်ဖျော်ဖြေတာအပြင် တတိယအချမ်းသာဆုံးအမျိုးသမီးအနုပညာရှင်ဆိုတဲ့ ကောလာဟလတွေအကြောင်းပြောခဲ့ပါတယ်။ ဒီအစီအစဉ်မှာတော့ Dara ဟာရှုးဖိနပ်တွေကို စုဆောင်းရတာဝါသနာပါပြီး ရှုးဖိနပ်အရံပေါင်း (၁,၀၀၀) လောက်ရှိတယ်ဆိုတာကတော့ အားလုံးအတွက်အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ သူကတော့ ကြွယ်ဝမှု(၃၀)ဘီလီယံဝမ်( ကန်ဒေါ်လာ ၂၁ သန်း) ခန့်ရှိတယ်လို့အမျိုးသမီးအိုင်ဒေါဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး “ကျွန်မမှကြွယ်ဝမှု(၃၀)ဘီလီယံဝမ်( ကန်ဒေါ်လာ ၂၁ သန်း)ရှိတယ်ဆိုတဲ့သတင်းထွက်ခဲ့တယ်။ အဲ့ဒါကမမှန်တော့ ဝမ်းနည်းမိခဲ့တယ်။ ဒါပေမယ့်ပြန်စဉ်းစားတော့လည်း အလုပ်နဲ့ပတ်သက်ပြီး ဝမ်(၃၀) …
Read More »
အိမ်ကမထွက်ခင်မှာ အနည်းဆုံးဝတ်စုံ(၁၀)စုံလောက်တော့ဝတ်ကြည့်လေ့ရှိတယ်ဆိုတဲ့ Dara
2NE1 အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သေးသေးသွယ်သွယ်ကိုယ်လုံးနဲ့ဖက်ရှင်စတားတစ်ယောက်ဖြစ်တဲ့သူကတော့ Dara ပါ။ အသက်နဲ့မလိုက်အောင်နုပျိုသလို သူ့ရဲ့ဝတ်စားဆင်ယင်မှုကလည်း အမြဲခေတ်ရှေ့ပြေးတဲ့သူတစ်ယောက်ပါပဲ။ သူကတော့ တီဗွီအစီအစဉ်တွေမှာ Host အဖြစ်နဲ့လည်း နာမည်ကြီးပါတယ်။ မကြာသေးခင်က MBC ရဲ့ I Live Alone အစီအစဉ်မှာပါဝင်ခဲ့ပါသေးတယ်။ ဒီအစီအစဉ်မှာတော့ သူ့ရဲ့အဝတ်လဲခန်းကို ရိုက်ပြခဲ့တာဖြစ်ပြီး အမိုက်စားဝတ်စုံတွေကို ကိုယ်တိုင်ရွေးချယ်တွဲစပ်ပြီး ဝတ်ပြခဲ့ပါတယ်။ သူကတော့ သူကြိုက်တဲ့ပုံစံကိုမရမချင်း ဝတ်ကြည့်နေတာလည်း ဖြစ်ပါတယ်။ Dara ကတော့ မတူညီတဲ့ဝတ်စုံ(၃)စုံကိုဝတ်ဆင်ကြည့်ခဲ့ပါတယ်။ သူ့ရဲ့ရွေးချယ်နေပုံကိုကြည့်ပြီး I Live Alone အစီအစဉ်ရဲ့အဖွဲ့သားတွေကတော့ အံ့သြစွာနဲ့ “အပြင်သွားတဲ့အခါ ဒီလိုမျိုးအမြဲဝတ်ကြည့်လေ့ရှိလား” ဆိုပြီးတော့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ Dara ကတော့ “အပြင်တစ်ခါမထွက်ခင်မှာအနည်းဆုံးဝတ်စုံ(၁၀)စုံလောက်ကိုဝတ်ကြည့်လေ့ရှိတယ်။ မဝတ်ဆင်ဖြစ်လိုက်လို့နောင်တရတဲ့ဝတ်စုံကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်တင်တယ်” လို့လည်း …
Read More »
သေးသွယ်တဲ့ခန္ဓာကိုယ်ကို ဘယ်လိုထိန်းသိမ်းထားတယ်ဆိုတာကို ပြောပြခဲ့တဲ့ Dara
Read More »
အသက်(၃၀)နှောင်းပိုင်းမှာတောင်မှ ချပ်ရပ်တဲ့ဝမ်းဗိုက်ကြွက်သားတွေနဲ့အမိုက်စားခန္ဓာကိုယ်ကိုထိန်းသိမ်းထားတဲ့ Dara
Dara ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ Calvin Klein X PALACE အတွက် ရိုက်ကူးပေးထားတဲ့ ပုံရိတွေကို ပရိသတ်တွေကို မျှဝေခဲ့ပါတယ်။ (၁၉၈၄) ခုနှစ်ဖွားတစ်ယောက်ဖြစ်တဲ့ Dara ကတော့ ချပ်ရပ်လှပနေတဲ့ဝမ်းဗိုက်ကကြွက်သားတွေနဲ့ လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အသက်ကြီးလာတဲ့အချိန်မှာတော့ ခန္ဓာကိုယ်အချိုးအစားကိုလှပအောင်ထိန်းထားဖို့က မလွယ်ကူပါဘူး။ ဒီလိုအချက်ကတော့ Dara နဲ့တော့ သက်ဆိုင်ပုံမရပါဘူး။ Dara ကတော့ ခန္ဓာကိုယ်လှပမှုအတွက် ကြိုစားလေ့ရှိတဲ့သူတ်ယောက်ပါ။ သူကတော့ ရိုက်ကွင်းနောက်ကွယ်ကအင်တာဗျူးမှာ မနက်ခင်းတိုင်း အစာအိမ်ထဲမှာဘာမှမထည့်ရသေးခင်မှာ Cardio လေ့ကျင့်ခန်းတွေကို ပြောပြခဲ့ပါတယ်။ သူကတော့ ကိုယ်ပိုင်ထရိန်နာနဲ့လည်း Gym မှာ လေ့ကျင့်ခန်းတွေလုပ်လေ့ရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။ ပိုပြီးတော့ ထိရောက်စေဖို့အတွက်ကို အစားစားခြင်းကိုလည်း ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။ ညမအိပ်ခင်မှာလည်း အိပ်ထမတင်ကို …
Read More »
ရိုက်ကူရေးလုပ်နေတဲ့ Minzy ကို နွေးထွေးစွာအားပေးခဲ့တဲ့ Dara ရဲ့အပြုအမူ
တစ်ချိန်က 2NE1 ဟာ အလွန်အောင်မြင်ခဲ့တဲ့ကေပေါပ့်အဖွဲ့တစ်ခုဖြစ်ပြီး ကံမကောင်းစွာနဲ့ အဖွဲ့ဖျက်သိမ်းခဲ့ရတာပါ။ ဒါပေမဲ့လည်း အဖွဲ့ဝင်တွေဟာတစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စွာနဲ့ဂရုစိုက်နေကြတာကတော့ တကယ့်ကိုကြည့်နူးစရာပါပဲ။ Minzy ကတော့ အခုရက်ပိုင်းမှာ music variety show တစ်ခုကို ရိုက်ကူးရေးလုပ်နေခဲ့တာပါ။ ဂရုစိုက်တတ်တဲ့ Dara ကတော့ ကော်ဖီထရပ်တစ်ခုကို ပို့ပေးခဲ့ပါတယ်။ Minzy ကတော့ “ဒါကတကယ့်ကိုအေးပါတယ်။ ဒါပေမဲ့ Dara ရဲ့နွေးထွေးတဲ့နှလုံးသားလေးကတော့ အရည်ပျော်စေပါတယ်။ ကျေးဇူးတင်ပါတယ်။ smoothie က တကယ့်ကို ကောင်းပါတယ်။” ဆိုပြီးတော့ မှတ်ချက်ပေးခဲ့ပါတယ်။ Daraကတော့ အေးတဲ့ရာသီမှာ နေမကောင်းမဖြစ်ဖို့နဲ့ ကျန်းမာစွာနေဖို့လည်း မှတ်ချက်ပေးခဲ့ပြန်ပါတယ်။ Minzy ကတော့ Double Trouble ဆိုတဲ့ ဂီတပြိုင်ပွဲအစီအစဉ်မှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတော့ …
Read More »
နာမကျန်းဖြစ်နေတဲ့ ကလေးတွေအတွက် အလှူအတန်းတွေရက်ရောခဲ့ပြန်တဲ့ Dara
Dara လို့လည်း ပရိသတ်တွေသိကြတဲ့ Sandra Park ကတော့ 2NE1 အဖွဲ့ဝင်တစ်ယောက်အဖြစ်ပရိသတ်တွေသတိထားမိချိန်ကတည်းက အခုအချိန်အထိအနုပညာအလုပ်တွေတောက်လျှောက်လုပ်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားသူတစ်ယောက်ပါ။ Dara ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့အချမ်းသာဆုံး Idol တွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးချစ်တတ်တဲ့Dara ကတော့ အခုလိုကပ်ဆိုးကြီးကိုရင်ဆိုင်ရချိန်မှာ ကလေးတွေအတွက် Mask (၃၀၀၀၀)ကို လှူဒါန်းပေးခဲ့ပါတယ်လို့ သိရပါတယ်။ ဒီ Mask တွေကိုတော့ အောက်တိုဘာလ(၆)ရက်နေ့မှာ နာမကျန်းဖြစ်နေတဲ့ ကလေးတွေအထောက်အပံ့ပေးနေတဲ့ Korea Children’s Incurable Disease Association၊ WE START နဲ့ the Korea Pediatric Cancer Foundation စတာတွေကို လှူဒါန်းခဲ့တာပါ။Dara ရဲ့အလှူအတန်းတွေကတော့ ဒါတင်မကသေးပါဘူး။ ဒီမတိုင်ခင်ကလည်း ဈေးတစ်ခုဖွင့်လှစ်ဖွင့်ရောင်းချခဲ့ပြီးရတဲ့အကျိုးအမြတ်တွေကို …
Read More »
x