တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Shin Se Kyung ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူးနော်။ သူကတော့ အောင်မြင်မှုတွေရရှိနေသလို အလှူအတန်းပြုလုပ်ဖို့ကိုလည်း မမေ့လျော့တဲ့သူပါ။ Shin Se Kyung ကတော့ You Tube ကနေရရှိတဲ့အမြတ်ငွေတွေကို ဝင်ငွေနည်းပါးတဲ့မိသားစုမှမိန်းကလေးများကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဝင်ငွေနည်းပါးတဲ့မိသားစုမှမိန်းကလေးများကို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အိတ် နဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းခဲ့တဲ့အကြောင်းကို Shin Se Kyung ရဲ့အေဂျင်စီမှ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုလှူဒါန်းတာဟာ (၃) နှစ်ဆက်တိုက်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ Shin Se Kyung ကတော့ “သူဟာလူတွေအများကြီးဆီကနေချစ်ခြင်းမေတ္တာတွေရရှိနေပြီး အနည်းငယ်ကိုပဲဖြစ်ဖြစ်ပြန်လည်ပေးဆပ်နိုင်တာက အဓိပ္ပာယ်ရှိတယ်” ဆိုပြီးတော့ မှတ်ချက်ပြုခဲ့ပါတယ်။ စိတ်ထားလှတဲ့ Shin Se Kyung တစ်ယောက် ဒီထက်မကအောင်မြင်ပါစေနော်။
Read More »