ပရိသတ်ကြီးရေ .. ဒီနေ့ ဇန်နဝါရီလ (၄) ရက်နေ့ကတော့ မင်္ဂလာပွဲ (၆) ပွဲတိတိပြုလုပ်ပြီး ကြီးကျယ်ခမ်းနာစွာလက်ထပ်ခဲ့ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၀) နှစ်ပြည့် အမှတ်တရနေ့ရက်လေးပဲဖြစ်ပါတယ် ။ အူးတီနဲ့ အူဝဲတို့ နှစ်ယောက်ကတော့ ပရိသတ်တွေချစ်ခင် အားကျရတဲ့ နာမည်ကျော် ဆယ်လီစုံတွဲ ဇနီးမောင်နှံနှစ်ယောက် ဆိုလည်းမမှားပါဘူးနော် ။ အူးတီနဲ့ အူဝဲတို့နှစ်ယောက်က ဆယ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရအနေနဲ့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ချစ်ခြင်းမေတ္တာတွေကို အပြိုင်ဆိုင် ရေးသားဖော်ပြခဲ့ကြပါတယ် ။ ဒါ့အပြင် အိန္ဒြာကျော်ဇင်ကလည်း My Love က Surprise တိုက်ပြီးပေးတာ ipad pro လေးလိုချင်နေတာနဲ့ကွက်တိ ဆိုတဲ့ စာသားလေးကို သူမရဲ့ …
Read More »Tag Archives: Eaindra Kyaw Zin
တူမဖြစ်သူအတွက် ကိုယ်တိုင်ကင်မရာကိုင်တာ ပါရမီဖြည့်ပေးခဲ့တဲ့ အူဝဲရဲ့ဗီဒီယိုလက်ရာ
အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဖြစ်သလို ပရိသတ်တွေရဲ့အချစ်တွေလည်း များစွာရရှိထားတာပါ။ အူဝဲလို့လည်း ချစ်စနိုးခေါ်ကြတဲ့အိန္ဒြာကျော်ဇင်ကတော့ အကယ်ဒမီဆု(၂)ဆုရရှိထားသလို အနုပညာသက်တမ်းကလည်းမနည်းလှပါဘူး။ သူတတ်စွမ်းတဲ့အနုပညာနဲ့တူမဖြစ်သူမေတိုးခိုင်ကို ကင်မရာကိုင်ကာ ဗီဒီယိုရိုက်ကူးပေးခဲ့တာပါ။ အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အိမ်မှာ ကိုယ့်အိမ်သားတွေနဲ့ပဲ အပျော်ရှုတင်လေးတစ်ခုရိုက်ထားတာလေးရဲ့ bts လေးပေါ့နော်… ကိုယ်တိုင် art director လုပ်, ကင်မရာကိုင်(ကင်မရာအကြီးကြီး),edit လုပ်ပြီး ဖူးဖူးကို cover song လေး ရိုက်ပေးထားတာပါ… အဲ့ဒါလေးကြည့်ချင်ရင်တော့ May Toe Khine – မေတိုးခိုင် page မှာတင်ထားပါတယ်, မကြည့်ရသေးရင် သွားဝင်ကြည့်လိုက်နော်….တူမအကြီးဆုံးက modelလုပ်,တူမအငယ်လေးက photoရိုက်တဲ့ အပိုင်းတာဝန်ယူ,အိုင်က video ရိုက်တဲ့အပိုင်းတာဝန်ယူ, အိမ်က တပည့်ကျော်တွေက ဆက်တင် မီးထိုးမှန်ထိုး တာဝန်ယူအိမ်မှာရှိတဲ့လူနဲ့ အလုပ်တော့ဖြစ်နေချလိုက်တယ်ကွယ် …
Read More »ငွေကျပ် (၁၀)သိန်းနဲ့ကမ်းလှမ်းခံခဲ့ရတဲ့ အိန္ဒြာကျော်ဇင်ရဲ့ပန်းချီကား
နိုင်ငံကျော် မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ သူမရဲ့ သမီးလေး ပြေသုဒြာ တို့ကတော့ ကိုဗစ်ကာကွယ်ကုသရေးတွေအတွက် ပန်းချီကား လှူဒါန်းကြသူတွေအနေနဲ့ ကိုယ်တိုင်ရေး ပန်းချီကားတွေနဲ့ ပါဝင်လှူဒါန်းခဲ့ကြပါတယ် ။ အနုပညာရှင်တွေရဲ့ ပန်းချီကားတွေကို 3Color ပန်းချီပြခန်း Facebook Page မှာ ကြမ်းခင်းဈေးသတ်မှတ်ကာ ရောင်းချပေးသွားခဲ့ပါတယ် ။ အကယ်ဒမီအိန္ဒြာကျော်ဇင်ရေးဆွဲထားတဲ့ Let’s not go out ဆိုတဲ့ပန်းချီကားလေးကိုတော့ ကြမ်းခင်းဈေး (၃)သိန်းကနေ စပြီး ဈေးခေါ်ခဲ့တာပါ ။ ဒါပေမယ့် Let’s not go out ( အပြင်မထွက်ပဲ နေကြစို့ ) လို့အမည်ရတဲ့ ပန်းချီကားကို မန္တလေးမြို့က ပရိသတ်တစ်ယောက်က ငွေကျပ် …
Read More »ပန်းချီအလှူရှင်တွေထဲမှာ အသက်အငယ်ဆုံးပန်းချီဆရာအဖြစ်ပါဝင်လာတဲ့ အိန္ဒြာကျော်ဇင်ရဲ့သမီးလေး ပြေသုဒြာ
လတ်တလော မြန်မာနိုင်ငံရဲ့ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးကာလကို အဆင်ပြေပြေဖြတ်သန်းနိုင်အောင် အစိုးရကသာမက ပြည်သူတွေကပါ အားစိုက်ထုတ်နေသလို ပြည်သူချစ်အနုပညာရှင်တွေစုပေါင်းပြီးတော့လည်း ကိုဗစ်အလှူအတွက် ပန်းချီကားတွေရောင်းချပြီး ရန်ပုံငွေရှာဖို့ ပြုလုပ်နေကြပါတယ်။ မကြာခင်အချိန်အတွင်းမှာ ပါဝင်လှူဒါန်းပေးကြတဲ့အနုပညာရှင်တွေရဲ့ ပန်းချီကားတွေကို 3Color ပန်းချီပြခန်း Facebook Page မှာ ကြမ်းခင်းဈေးသတ်မှတ်ကာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒီပန်းချီကားရောင်းချပြီး ရန်ပုံငွေရှာဖို့အတွက် စိတ်အားထက်သန်စွာ ကိုယ်တိုင်ရေးပန်းချီကားတွေ လှူဒါန်းပေးခဲ့သူတွေကတော့ ပန်းချီဆရာကြီးဒါရိုက်တာ ဦးဝင်းဖေ၊ ဒါရိုက်တာကိုပေါက်၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာ ပန်းချီစိုးမိုး၊ တေးရေးဆရာ မြင့်မိုးအောင်၊ ဟန်ထူးလွင်၊ G Latt ၊ ဇော်ဝင်းထွဋ်၊ တေးရေး တေးဆို ပန်းချီဆရာ နေမျိုးဆေး၊ တေးရေးတေးဆို နေဒီလင်း( ဝဏ္ဏကိုလေး) ၊ ဆန်းထွဋ် ၊ …
Read More »အိမ်မှာနေတဲ့ကာလမှာ လှူဒါန်းဖို့အတွက် ပန်းချီဆွဲရင်း ပိုက်ဆံရှာနေတဲ့အနုပညာရှင်များ
ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ လူအား၊ငွေအားနဲ့ ပါဝင်ကူညီမှုတွေ များစွာလိုအပ်လျက်ရှိပါတယ်။ ကုသရေးစင်တာတွေအတွက်သာမက ခက်ခဲနေတဲ့ အခြေခံလူတန်းစားတွေ အခုလိုအကူညီလိုအပ်နေတဲ့အရာတွေအားလုံးအတွက် အစိုးရကသာမက၊ လုပ်ငန်းရှင်ကြီးတွေ၊ တတ်နိုင်သူတွေ၊ အနုပညာရှင်တွေ အကုန်လုံး အင်တိုက်အားတိုက်ဝိုင်းဝန်းကူညီနေကြချိန်လည်း ဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများကတော့ အခုလိုအချိန်က ဝင်ငွေမရှိကြတဲ့အချိန်ဖြစ်တာမို့ Live လွှင့်ဈေးရောင်းတာ၊ အစားအသောက်ချက်ပြုတ်ရောင်းချတာ စတာတွေက ရတဲ့ငွေတွေကို ပြန်လည်လှူဒါန်းပေးနေကြသလို ပရိသတ်အချစ်တော် ကိုပေါက်၊ ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင်တို့ အနုပညာရှင်တစ်စုကတော့ ကိုယ်တတ်ကျွမ်းတဲ့ပန်းချီပညာလေးနဲ့ အလှူအတွက် ပိုက်ဆံရှာသွားမှာဖြစ်ပါတယ်။ အခုလိုအချိန်က ရိုက်ကူးရေးတွေရပ်နားထားရပြီး အိမ်မှာပဲနေရတဲ့အချိန်မို့ ကိုယ်တတ်ကျွမ်းတဲ့ပန်းချီဆွဲတာအတွက် ပိုလည်း အချိန်ပေးနိုင်သလို အလှူအတွက်လည်း အထောက်အကူဖြစ်စေမှာ အမှန်ပါပဲ ပရိသတ်ကြီးရေ..မြန်မာနိုင်ငံရဲ့ကိုဗစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီဖို့ စိတ်အားထက်သန်စွာ ပန်းချီဆွဲနေကြတဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့လက်ရာတွေကို …
Read More »ကိုဗစ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီစင်တာမှာ လှူဒါန်းပေးခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်
မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့နှစ်ဦးကတော့ ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ကာ ပညာထူးချွန်ပေမယ့် ငွေကြေးမတတ်နိုင်သူ ကျောင်းသား၊ကျောင်းသူများကို နှစ်စဉ်လှူဒါန်းပေးလျက်ရှိသူတွေပါ။ ဒီတစ်ခေါက်မှာလည်း လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေအတွက် လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ ကိုဗစ်ရောဂါကာကွယ်ကုသရေးစင်တာတစ်ခုဖြစ်တဲ့ ဧရာဝတီစင်တာမှာ ပြေတီဦး+အိန္ဒြာကျော်ဇင် မိသားစုမှ အလှူငွေသိန်း(၂၀) အပြင် ပြေတီဦးပညာရေးဖောင်ဒေးရှင်းမှ အလှူငွေ(၁၀)သိန်း စုစုပေါင်းသိန်း(၃၀) တိတိ လှူဒါန်းပေးခဲ့ပါတယ်။ ပြေတီဦးကတော့ ဒီအလှူလေးကိုမျှဝေဖော်ပြရင်း ကျန်းမာရေးဝန်ထမ်းများနဲ့တကွ ရောဂါခံစားနေရသူများ၊(၇) ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းရှင်ပြီး ရောဂါကပ်ဆိုးကြီးကို အောင်မြင်စွာကျော်လွှားနိုင်ကြစေဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။ အခုလို တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးကို မြန်မာနိုင်ငံအနေနဲ့လည်း ကာကွယ်ကုသရေးလုပ်နေချိန်မှာ အစိုးရထောက်ပံ့မှုတွေသာမက ပြည်သူချစ်အနုပညာရှင်တွေကိုယ်တိုင် ရှေ့ကဦးဆောင်လှူဒါန်းပေးနေတာကတော့ တကယ်ကို စိတ်ချမ်းသာစရာပဲမဟုတ်လား ပရိသတ်ကြီးရေ.. Source – Pyay Ti Oo Rainbow- …
Read More »ပြေတီဦးဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး အထင်မြင်လွဲမှားနေမှုတွေကို ဖြေရှင်းလာတဲ့ အိန္ဒြာကျော်ဇင်
ပရိသတ်အချစ်တော် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နှစ်ယောက်ကတော့ နှစ်ကိုယ်တူ ဘဝတစ်ခုတည်ဆောက်ပြီးနောက်မှာ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပေမယ့် ချို့တဲ့ တဲ့ ကျောင်းသားများကို ကူညီထောက်ပံ့ပေးရန်ရည်ရွယ်ချက်နဲ့ ပြေတီဦးဖောင်ဒေးရှင်းကို မတည် တည်ထောင်ခဲ့ပြီး ကူညီလာခဲ့တာ အခုဆိုဆယ်စုနှစ်တစ်ခုစာလောက်ရှိနေပြီ လို့ ဆိုရမှာပါ။ ဒါပေမယ့် လတ်တလောထွက်ပေါ်နေတဲ့သတင်းအမှားတွေကြောင့် ဖောင်ဒေးရှင်းရဲ့နာမည်ဂုဏ်သိက္ခာထိခိုက်လာတာကြောင့် အိန္ဒြာကျော်ဇင်ကတော့ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အသိပေးကြေညာခဲ့ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ပညာထူးချွန်ပြီးကျောင်းဆက်တက်ရန် အခက်အခဲရှိသော ကျောင်းသား၊ကျောင်းသူများကို ကူညီထောက်ပံ့ခြင်းနဲ့အမှန်တကယ်အကူအညီလိုအပ်နေသော နေရာများတွင် တတ်နိုင်သမျှသွားရောက် လှူဒါန်းခြင်းကိုသာ ဆောင်ရွက်လျက်ရှိပေမယ့် ယခုအခါမှာတော့ မသမာသူတွေက ငွေချေးလုပ်ငန်းများဆောင်ရွက်နေတယ်လို့ သတင်းလွှင့်ပြီး ငွေချေးခြင်းကိစ္စများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မျှဝေခဲ့တဲ့အပြင် အခုလိုငွေချေးခြင်း ကိစ္စရပ်များသည် ပြေတီဦးပညာရေးဖောင်ဒေးရှင်းနဲ့ သက်ဆိုင်မှု လုံးဝမရှိပါကြောင်း၊ နောင်တွင်လည်း ငွေချေးခြင်းကိစ္စများ ပြုလုပ်ရန် အစီအစဉ်လုံးဝမရှိပါကြောင်း အသိပေးကြေညာခဲ့ပါတယ်။ …
Read More »ပိုသူလှူ လိုသူကူ အစီအစဉ်အတွက် ငွေကျပ် (၅) သိန်းတိတိလှူဒါန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်
အကယ်ဒမီဆုတွေအများကြီး ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် ဆယ်လီ စုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော် ဇင်တို့ကတော့ ချစ်စရာကောင်းတဲ့ သားသား မီးမီးတို့နဲ့အတူ ဘဝကို သာယာအေးချမ်းစွာဖြတ်သန်းနေကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ် ။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ သူတို့နှစ်ယောက်ကတော့ အလှူအတန်းဆိုရင်လည်း စိတ်တူကိုယ်တူ လက်မနှေးဘဲ လှူဒါန်းတတ်ကြတဲ့ သူတွေဆိုလည်း မမှားပါဘူး ။ လတ်တလောမှာတော့ ပိုသူကူ လိုသူလှူ အစီအစဉ်အတွက် ငွေကျပ် ငါးသိန်း တိတိ လှူဒါန်းခဲ့ပါတယ် ။ ပိုနေလို့လှူတာမဟုတ်ပေမယ့် တကယ်လိုအပ်တဲ့ သူတွေအတွက် လှူဒါန်းပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ သရုပ်ဆောင် ပြေတီဦးလည်း အခုလို အလှူမှမဟုတ်ဘဲ ရှုတင်ပြီးတိုင်း စက်အဖွဲ့သားတွေအတွက် လှူဒါန်းတဲ့အနေနဲ့ …
Read More »ကလေးတွေကိုအချိန်ပေးရင်းမအားလပ်တဲ့ကြားက ပရိသတ်တွေအတွက်အမိုက်စားတွေ ဖန်တီးပေးခဲ့တဲ့ အိန္ဒြာကျော်ဇင်
မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကြီးမင်းသမီးတွေထဲက တစ်ယောက်အပါဝင်ဖြစ်ပြီး အူဝဲလို့ ပရိသတ်တွေချစ်စနိုး ခေါ်ရတဲ့ အိန္ဒြာကျော်ဇင်ကတော့ အနုပညာအလုပ်တွေတစ်ဖက်နဲ့ ကလေး နှစ်ယောက် ကို အချိန်ပေးနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ခုတလော အူဝဲတစ်ယောက် ငြိမ်ချက်သားကောင်းနေလို့ ပရိသတ်တွေက သူမရဲ့ ပရိသတ်တွေက ပုံတွေတင်ပါဦးလို့ တောင်းဆိုနေကြတာပါ ။ ဒီနေ့မှာတော့ အူဝဲက ဟိတ်! ယူ တို့ကို အိုင် ခေါင်းထဲမှာရှိတယ်နော် မနေ့က ကလေးတွေစက်ဘီးစီးတာကို လိုက်ပို့ရင်းနဲ့ ပုံလေးတွေ တဖြတ်တစ်ကဒ် ပြီးတော့ Central မှာ ပေါင်မုန့်ဝင်ဝယ်ရင်းနဲ့ background လှတဲ့နေရာလေးမှာ ဖန်လုံးလေးတွေအတွက် snap လေးတဖြတ် ဆိုတဲ့ စာသားလေးနဲ့အတူ ခုချိန်ထိ နုပျိုလှပနေဆဲဖြစ်တဲ့ သူမရဲ့ …
Read More »အဖေနှင့်ခင်ပွန်းဖြစ်သူတို့ကို ဂုဏ်ပြုလိုက်တဲ့ အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်လျှမ်းလျှမ်းတောက်အောင်မြင်နေသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပါ။ အခုဆိုရင် သားသားမီးမီးတွေရဲ့မိခင်တစ်ယောက်အဖြစ်လည်းတာဝန်ကျေသလို အပျိုရှုံးအောင်လှတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အများကအားကျတဲ့ဘဝကိုလည်းပိုင်ဆိုင်ထားသူပါ။ အိန္ဒြာကျော်ဇင်ကတော့ ဒီနေ့လိုအဖေများနေ့မှာ ဖခင်ဖြစ်သူကို သတိတရနဲ့ဂုဏ်ပြုခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် ဂုဏ်ပြုပါသည်…အဖေရှိသောသူတိုင်းကို အားကျပါ၏… “Happy Father’s Day”အဖေများအားလုံးကို လေးစားလျှက်…..” ဆိုပြီးတော့ ဓာတ်ပုံနှင့်တကွရေးသားဂုဏ်ပြုခဲ့တာပါ။ ဒါ့အပြင်သားသားမီးမီးတို့ရဲ့ဖခင်ဖြစ်တဲ့ ခင်ပွန်းကိုလည်း မေ့မထားဘဲနဲ့ဂုဏ်ပြုခဲ့ပါသေးတယ်နော်။ ဖခင်ဖြစ်သူကိုသာမက ခင်ပွန်းကိုပါဂုဏ်ပြုခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ဂုဏ်ပြုစကားတွေကတော့ အခြားသူတွေကိုလည်း ကြည်နူးမှုကူးစက်စေမှာအမှန်ပါပဲနော်… Source : EaindraKyawZin
Read More »