နာမည်ကြီးခဲ့တဲ့ Penthouse ဇာတ်လမ်းတွဲရဲ့ မင်းသမီး Eugene ကတော့ BTS ရဲ့အမာခံပရိသတ်တစ်ယောက်ပါ။ Eugene ဟာ တစ်ချိန်က ကေပေါပ့်အိုင်ဒေါတစ်ယောက်လည်းဖြစ်ခဲ့သလို ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်တဲ့မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သူဟာနှစ်အတော်ကြာမှဇာတ်လမ်းတွဲပြန်ရိုက်ကူးတာဖြစ်ပြီး ပရိသတ်တွေက Penthouse ဇာတ်လမ်းတွဲမှာ ပြန်လည်မြင်တွေ့ရတာလည်း ဖြစ်ပါတယ်။ သူကတော့ BTS ရဲ့ပရိသတ်ဖြစ်ကြောင်း ထုတ်ဖော်ပြောလေ့ရှိသူပါ။ မကြာသေးခင်က Eugene ဟာအင်စတာဂရမ်မှာ BTS အဖွဲ့ဝင်(၇) ယောက်လုံးရဲ့အင်စတာဂရမ်တွေကို Follow လုပ်လိုက်တဲ့သတင်းကို အွန်လိုင်းအသိုင်းအဝိုင်းမှ မျှဝေခဲ့ပါတယ်။ Eugene ကတော့ သူ့ရဲ့ကလေးတွေကိုထိန်းရာမှာလည်း BTS ရဲ့သီချင်းတွေက အများကြီးအထောက်အကူဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူဟာ BTS ရဲ့ပရိသတ်ဖြစ်ကြောင်းကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောတတ်တာက တကယ့်ကိုချစ်စရာပါပဲနော်။
Read More »