Son Ye Jin ကတော့ နူးညံ့သိမ်မွေ့ပြီးလှပတဲ့မင်းသမီးချောလေးလည်းဖြစ်သလို ထိပ်တန်းမင်းသမီးနေရာမှာ ရပ်တည်နေသူတစ်ယောက်ပါ။ သူကတော့ သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်သလို ဖက်ရှင်ပိုင်းမှာလည်း လိုက်ဖက်အောင်ဝတ်ဆင်တဲ့နေရာမှာဆရာတစ်ဆူပါပဲ။ သူကတော့ နာမည်ကြီးခဲ့တဲ့ Crash Landing On You ဇာတ်လမ်းတွဲထဲမှာဆိုရင် စီးပွားရေးလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်အနေနဲ့ အဆင့်အတန်းမြင့်ပြီးနောက်ဆုံးပေါ်ဖက်ရှင်တွေနဲ့ ဆွဲဆောင်နိုင်ခဲ့တာပါ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဖက်ရှင်တိုင်းကရင်သပ်ရှုမောစရာလှပနေခဲ့ပြီး ပရိသတ်တွေကြားနာမည်ကြီးခဲ့တာပါ။ အခုဆိုရင်တော့ Thirty Nine ဒရမ်မာဇာတ်လမ်းတွဲကိုပြသနေတာဖြစ်ပြီး Son Ye Jin ရဲ့သရုပ်ဆောင်ချက်တွေသာမက ဖက်ရှင်ကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Crash Landing On You မှာလိုမျိုးတောက်ပြောင်ကြွရွပြီး ခမ်းနားတဲ့ဖက်ရှ်မျိုးမဟုတ်ပေမဲ့ ရိုးရှင်းပြီးအထက်တန်းဆန်တဲ့ဖက်ရှင်မျိုးတွေဖြစ်ခဲ့ပါတယ်။ သူကတော့ ဘလောက်စ်၊ ဂျင်း၊တီရှပ် နဲ့ ဘလေဇာ တို့ကို ရုံးအလုပ်လုပ်နေတဲ့ …
Read More »