Tag Archives: G Fatt

အဝေးပြေးလမ်းမကြီးဆိုတဲ့ သီချင်းလေးကို ဖြစ်ပေါ်လာစေခဲ့တဲ့ ကဗျာလေးအကြောင်း ပြောပြလာတဲ့ G-fatt

ပရိသတ်ကြီးရေ .. ရန်ကုန် က ကောင်လေးနဲ့ မန္တလေးက ကောင်မလေးရဲ့ LDRS အချစ်ဇာတ်လမ်းလေးကို ရေးဖွဲ့ထားတဲ့ အဆိုတော် G-fatt ရဲ့ အဝေးပြေးလမ်းမကြီးဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တာပါ ။ Music Video ထွက်ရှိတုန်းကလည်း ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ သီချင်းကောင်းလေး တစ်ပုဒ်လည်းဖြစ်ပါတယ် ။ လတ်တလောမှာတော့ G-fatt က အဝေးပြေးလမ်းမကြီးဆိုတဲ့ သီချင်းလေးကို ဖြစ်ပေါ် စေခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ကဗျာလေးရဲ့ အမည်ကတော့ အကွာအဝေး လို့အမည်ရပြီး ကဗျာ ဆရာ ယဉ်ဝယ်ထက်က ရေးသားထားတာ ပဲဖြစ်ပါတယ် ။ ဒီကဗျာလေးကို ရွတ်ဆိုထားတဲ့ ဗီဒီယိုလေးကို …

Read More »

မွေးနေ့မှာ ပရိသတ်တွေကို Music Video တစ်ပုဒ်လက်ဆောင်ပေးခဲ့တဲ့ G Fatt

ပရိသတ်တွေကြိုက်နှစ်သက်တဲ့ လူငယ်အဆိုတော်တွေထဲမှာ G Fatt တစ်ယောက်လည်း အပါအဝင်ပါ။ G Fatt ကတော့ ကိုယ်ပိုင်ဖန်တီးတဲ့သီချင်းတွေနဲ့အတူ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ G Fatt ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကတော့ မွေးနေ့အတွက် မပျက်မကွက်ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ ဒီနေ့မှာတော့ G Fatt က ပရိသတ်တွေကြိုက်နှစ်သက်မှုများခဲ့တဲ့ “ငှက်” သီချင်းကို ပြန်လည်ပြီးတော့ Music Video ရိုက်ကူးထားခဲ့တာပါ။ ဒီသီချင်းထဲက မိန်းကလေးကတော့ တစ်ချိန်က G Fatt ရဲ့ချစ်သူဟောင်းနဲ့နာမည်ရောရုပ်ပါဆင်တူနေတာကြောင့် ချစ်သူဟောင်းကိုသတိရနေတာလားဆိုပြီး ပရိသတ်တွေက စိတ်ဝင်စားနေခဲ့တာပါ။ အောင်မြင်လာတဲ့အချိန်မှာဝေးကွာသွားခဲ့တဲ့အချစ်ရေးလေးကတော့ G Fatt ရဲ့လက်တွေ့ဘဝထဲကအဖြစ်အပျက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတာလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ မွေးနေ့မှစပြီး နှစ်ပေါင်းများစွာပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ အောင်မြင်မှုများစွာရရှိစေဖို့ …

Read More »

မွေးနေ့မှာပရိသတ်တွေကို MV လက်ဆောင်ပေးမယ့် “ငှက်”သီချင်းနဲ့ပတ်သက်ပြီး ခံစားချက်ကိုဖွင့်ဟလာတဲ့ G Fatt

G Fatt ကတော့ ကိုယ်တိုင်ရေးတဲ့သီချင်းတွေနဲ့အတူ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ အဆိုတော်တစ်ယောက်ပါ။ မနက်ဖြန်ဒီဇင်ဘာလ(၃၁)ရက်နေ့ကတော့ သူ့ရဲ့မွေးနေ့လေးဖြစ်ပြီး ပရိသတ်တွေအားပေးမှုများခဲ့တဲ့ “ငှက်”သီချင်းလေးရဲ့ MV ကို ထွက်ရှိသွားမှာပါ။ ဒီသီချင်းလေးကို အမှတ်မထင်ဖန်တီးခဲ့ဲတဲ့အကြောင်းကို “လွန်ခဲ့တဲ့ ၄နှစ်ကျော် ၅နှစ်လောက်က ငှက်သီချင်းကိုရေးခဲ့တယ် မှတ်မှတ်ရရ အမြန်လမ်းမပေါ် မှာခရီးသွားနေတဲ့အချိန်ပေါ့ဗျာ တောင်တန်းတွေပေါ်မှာ တိမ်တွေရဲ့အရိပ်က ထိုးကျနေတာကို အဝေးကလှမ်းကြည့်ရတာ အရမ်းလှတာပဲ ဒါပေမယ့်တောင်တန်းတွေအနီးနားကိုကားကတစ်ဖြည်းဖြည်းနီးလာလေလေ အဲ့ဒီ့တိမ်အရိပ်လေးတွေက သိပ်မလှတော့သလိုခံစားရလေပဲ ကျွန်တော်စဉ်းစားမိတယ် တစ်ချို့အချစ်တွေဟာ အဲ့တိမ်အရိပ်နဲ့တူတယ် နီးနေတဲ့အချိန်မှာ အချစ်ရဲ့လှပမှုကိုမခံစားရဘူး တစ်ယောက်နဲ့တစ်ယောက် ပိုဝေးသွားလေ အချစ်ရဲ့တန်ဖိုးကိုပိုမြင်လာလေပေါ့” ဆိုပြီးတော့ သူ့ရဲ့ခံစားချက်ကို ပရိသတ်တွေကိုမျှဝေလာတာပါ။ ဒီသီချင်းထဲက ‘တောင်တန်းတွေပေါ်မှာရှိတဲ့ တိမ်တိုက်ရဲ့အရိပ်လိုမျိုး ငါ့အချစ်က နင်အဝေးကကြည့်မှတွေ့နိုင်လို့ ‘ ဆိုတဲ့ Melody နဲ့ …

Read More »

တစ်နှစ်ကျော်လောက် စာတွေဖတ်ပြီးလေ့လာရင်းရေးခဲ့ရတဲ့ သီချင်းလေးအကြောင်းပြောပြလာတဲ့ G-fatt

ပရိသတ်ကြီးရေ .. အမိုက်စား Rap စာသားတွေကြောင့် ပရိသတ်တွေ တခဲနက်ဝန်းရံ အားပေးနေကြတဲ့ အဆိုတော် G-fatt ရဲ့ သီချင်းစာသားလေးတွေက လူငယ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျတဲ့ သီချင်းတွေဖြစ်လို့ ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားအောင်မြင်တယ်ဆိုရမှာပါ ။ G-fatt ထွက်သမျှသီချင်းတိုင်းကို စောင့်မျှော်အားပေးနေတဲ့ပရိသတ်ကြီးအတွက် သူ့ရဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို ထပ်မံဖန်တီး ခဲ့ပြန်ပါပြီ ။ သီချင်းတစ်ပုဒ်ရေးဖို့ တစ်နှစ်ကျော်ကြာသွားတယ် လိုက်လေ့လာရတာ ဖတ်ရတာတွေလဲ ရှိသလို မေးရတာမြန်းရတာတွေလဲ အများကြီးပဲ ..အခုလဲ ပြီးပြီလား ဆိုတော့ မပြီးသေးဘူး ရေးရင်းနဲ့ စာတင်ချင်လို့ကို လာတင်တာ ဆိုတဲ့စာသားလေးနဲ့အတူ တစ်နှစ်ကျော် အချိန်ယူလေ့လာ ပြီး ရေးသားနေတဲ့ သီချင်းလေးအကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် …

Read More »

ရွေးကောက်ပွဲနေ့ မှာတက်တက်ကြွကြွနဲ့ Volunteer လုပ်နေတဲ့ G Fatt

G Fatt ကတော့ လူငယ်အဆိုတော်တွေထဲမှာနာမည်ကျော်လူကြိုက်များတဲ့အဆိုတော်တစ်ယောက်ပါ။ ကိုယ်ပိုင်စတိုင်ဖန်တီးမှုတွေနဲ့ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကိုရယူထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ ရွေးကောက်ပွဲနေ့ဖြစ်ပြီး တော့ အနုပညာရှင်တော်တော်များများကတော့ ဆန္ဒမဲသွားပေးခဲ့ကြတာပါ။ G Fatt ကတော့ ရွေးကောက်ပွဲနေ့ မဲရုံမှာ Volunteer လုပ်နေတဲ့အကြောင်းကိုလည်း “၁၆/၂ မဲရုံက Volunteer လေးပါ” ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။ ဒါ့အပြင် ပရိသတ်တွေကိုလည်း “မဲရုံကို မဖြစ်မနေမဲသွားပေးဖို့ ဆော်သြလိုက်ပါတယ် မဲပေးပြီးရင်လဲ Cmt မှာ ပြကြပါဦး … တန်းစီရတာတော့ကြာမှာ ဖြစ်ပေမယ့် စိတ်ရှည်ရှည် စောင့်ပြီးပေးကြမယ်ဗျို့ ညနေ၄နာရီနောက်ဆုံးနော် #Vote2020” ဆိုပြီးတော့ ဆော်သြလိုက်ပါသေးတယ်။ G Fatt ကတော့ မကြာသေးခင်ကလည်း Vote ဆိုတဲ့သီချင်းကိုလည်း သီဆိုထားပြီး ပရိသတ်တွေအားပေးမှုတွေလည်း …

Read More »

နိုင်ငံရေးဆွေးနွှေးပွဲတစ်ခုမှာ ပါဝင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေခံနေရတဲ့ အဆိုတော် G-fatt

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်တဲ့ တေးသံရှင် လင်းလင်း ၊ Gfatt နဲ့ ကိုဂျင်မီတို့သုံးယောက်ဟာ “မျိုးဆက်တွေရဲ့ အိပ်မက်တံတား” ဆိုတဲ့ဆွေးနွှေးပွဲမှာပါဝင်ခဲ့ကြပါတယ် ။ ပရိသတ်ကြီးလည်း G-fatt ရဲ့ဆွေးနွှေးမှုလေးတွေကို စိတ်ဝင်စားနေကြမယ်ထင်ပါတယ်နော် ။ မတူညီသော်လည်း မဝေးကွာတဲ့မျိုးဆက်တွေ အိပ်မက်ချင်း ဘယ်လို တံတားထိုးကြမလဲဆိုတာ ခံစားကြဖို့အတွက် Season IIမှာတော့ ကိုဂျင်မီ၊ လင်းလင်း၊ G Fatt တို့ကပါဝင်ဆွေးနွှေးခဲ့ကြတာပဲဖြစ်ပါတယ် ။ G-fatt ကလည်း ကိုယ်မမျှော်လင့်ခဲ့တာတွေ ကိုယ့်ဆီ တံခါးလာခေါက်တာပါပဲ ကိုယ်သိသလောက်ဝင်ဆွေးနွေးခဲ့ပါတယ် ကိုယ့်တို့နေတဲ့မြေပုံလေးအတွက် တစ်ထောင့်တစ်နေရာကပေါ့ အောင်မြင်မှူတွေဘက်ကို ကြည့်ပြီး ဒီတိုင်းပြည်နဲ့ဒီလူမျိုးအပေါ် လက်မရှောင်ချင်ဘူး လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ ဒါ့အပြင် ဒီဘဝတော့ သီချင်းဆိုတယ် …

Read More »

မန္တလာမြေရဲ့အငွေ့သက်တွေ တဝကြီးခံစားရမယ့် G-fatt ရဲ့အဝေးပြေးလမ်းမကြီး သီချင်း Music Video

ပရိသတ်ကြီးရေ လူငယ်တွေကြားမှာ အောင်မြင်ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် G fatt ကတော့ သူ့ရဲ့အမိုက်စား Rap စာသားတွေကြောင့် လူငယ်ပရိသတ်တွေကြားမှာ လူကြိုက်များနေတဲ့အနုပညာရှင်အဆိုတော်တစ်ယောက်ပါ ။ ပရိသတ်တွေအတွက် သူ့ရဲ့အနုပညာတွေကိုချပြဖို့ အမြဲကြိုးစားနေတဲ့ G-fatt ကတော့ လတ်တလောမှာတော့ သူ့ရဲ့ အဝေးပြေးလမ်းမကြီးဆိုတဲ့ music video လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။   ဒီ အဝေးပြေးလမ်းမကြီး ဆိုတဲ့သီချင်းလေးကတော့ music video မထွက်ခင်ထဲက ပရိသတ်တွေအကြိုက်တွေ့နေကြတဲ့ သီချင်းလေးဖြစ်ပြီး LDRS ဖြစ်နေတဲ့ ရန်ကုန် မန္တလေးက စုံတွဲတွေအတွက်တော့ လုံး၀ ခံစားရမယ့်သီချင်းလေးတစ်ပုဒ်လို့ဆိုရမှာပါ ။ ဒီသီချင်းလေးကို ဒါရိုက်တာ ဖြိုးက ရိုက်ကူးပေးထားပြီး G-fatt …

Read More »

တစ်စုံတစ်ယောက်ကို သဝန်တိုရ ဒေါသထွက်ရ ချုပ်ချယ်ရတဲ့ပင်ပန်းမှုတွေမရှိတော့လို့ ဘဝကြီးသာယာတယ်ဆိုတဲ့ G-fatt

ပရိသတ်ကြီးရေ အမိုက်စား Rap စာသားတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် G-fatt ကတော့ ချစ်သူနဲ့လမ်းခွဲပြတ်စဲပြီးနောက်မှာ တော့ တစ်ကိုယ်ထဲဘဝနဲ့ သူချစ်တဲ့သီချင်းတွေကိုပဲ ဆက်လက်ကြိုးစားလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သူ့ရဲ့ အချစ်ရေးကို စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ် ။ လတ်တလောမှာတော့ တစ်ဦးတစ်ယောက်အား သဝန်တိုရခြင်း ၊ ချော့ရခြင်း ၊ ရန်ဖြစ်ထားတဲ့ညဆို အိပ်မရခြင်း ၊ဝမ်းနည်းရခြင်း ၊ ဒေါသထွက်ရခြင်း၊ ပူဆွေးလွမ်းဆွတ်ရခြင်း ၊ ချုပ်ချယ်ခံရခြင်းနှင့် ချုပ်ချယ်လိုခြင်း အစရှိသော စိတ်ပင်ပန်းမှုများ အလျင်းမရှိသော ငါ့ဘဝကြီးကား သာယာလှပေစွ ဟု တွေးတောဆင်ခြင်မိကာ ကျေနပ်စွာ ပြုံး၍ နှစ်ခြိုက်စွာ အိပ်စက်တော့မည် ဖြစ်ပါသည် ဆိုတဲ့စာသားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားတာတွေ့ရပါတယ် …

Read More »

လူတစ်ယောက်နဲ့ပတ်သက်ပြီး ဘာခံစားချက်မှမရှိတော့ဘဲနေရတာ ပိုသာယာပါတယ်ဆိုတဲ့ G-Fatt

ပရိသတ်အချစ်တော် G-Fatt ကတော့ သရုပ်ဆောင်နန်းဆုရတီစိုးနဲ့အတူ လူတိုင်းအားကျရတဲ့ချစ်သူဘဝကို တည်ဆောက်ခဲ့ဖူးသူပါ။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် နှစ်ယောက်သားလမ်းခွဲပြတ်စဲမှုအပြီးမှာတော့ G-Fattရဲ့ အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး ဘာမှမကြားရတော့သလို G-Fatt ကတော့ သီချင်းတွေပဲ ပိုပြီးအားစိုက်ဖန်တီးဖြစ်နေတယ်လို့ ဆိုရမှာပါ။ မနေ့ညကတော့ G-Fatt တစ်ယောက် သူအိပ်ရာဝင်ခါနီးတွေးမိတဲ့အတွေးလေးကို မျှဝေခဲ့ပါတယ်။ ” တစ်ဦးတစ်ယောက်အား သဝန်တိုရခြင်း ၊ချော့ရခြင်း ၊ ရန်ဖြစ်ထားတဲ့ညဆို အိပ်မရခြင်း ၊ဝမ်းနည်းရခြင်း ၊ ဒေါသထွက်ရခြင်း၊ ပူဆွေးလွမ်းဆွတ်ရခြင်း၊ ချုပ်ချယ်ခံရခြင်းနှင့် ချုပ်ချယ်လိုခြင်း အစရှိသော စိတ်ပင်ပန်းမှုများ အလျှင်းမရှိသော ငါ့ဘဝကြီးကား သာယာလှပေစွ ဟု တွေးတောဆင်ခြင်မိကာ ကျေနပ်စွာ ပြုံး၍ နှစ်ခြိုက်စွာ အိပ်စက်တော့မည် ဖြစ်ပါသည်” ဆိုတဲ့စာသားလေးကို ရေးသားမျှဝေခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာတွေထဲမှာ (၁၅၀၀) …

Read More »

တစ်အိမ်လုံးရဲ့ကလေးလေးလို့ခေါင်းစဉ်တပ်ပြီး မိခင်ဖြစ်သူအတွက် ကြည်နူးဖွယ် မွေးနေ့အမှတ်တရစကားလေးဆိုခဲ့တဲ့ G-fatt

ပြီးခဲ့တဲ့ စက်တင်ဘာ လ (၃) ရက်နေ့ကတော့ ပရိသတ်အချစ်တော် G-fatt ရဲ့ မိခင်ဖြစ်သူ မွေးနေ့ပဲဖြစ်ပါတယ် ။ G-fatt တစ်ယောက် သူ့အမေကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကိုတော့ သူ့ရဲ့သီချင်းစာသားတွေထဲမှာ ပရိသတ်တွေလည်း ကြားဖူးပြီးသားဖြစ်မှာပါ ။ လတ်တလောမှာတော့ G-fatt တစ်ယောက် မိခင်ဖြစ်သူရဲ့မွေးနေ့ အမှတ်တရအဖြစ် ကြည်နူးဖွယ်စာသားလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့ပါတယ် ။ ‘ငါ့အမေက’ လို့ အစချီလိုက်တာနဲ့ လူတိုင်းကို ခင်တွယ်လွယ် ခွင့်လွှတ်လွယ် တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း မင်းစကြားရမှာဖြစ်တယ်။ ငါ့အတွက် တစ်သက်စာ လုံခြုံစေတဲ့ မေတ္တာထဲမှာ သူ့အတွက်ဆိုတာတွေဟာ နောက်မှလာတယ်။ သူတစ်ယောက်တည်း ခိုးကျရတဲ့ မျက်ရည်တွေအကြောင်း ငါသေချာနားလည်ဖို့ နှစ်နှစ်ဆယ်ကျော်လောက်ကြာခဲ့ပေမယ့် ငါတစ်ယောက်တည်း ခိုးကျရတဲ့မျက်ရည်တွေအကြောင်း …

Read More »
x