ပရိသတ်ကြီးရေ ဒီနေ့သြဂုတ်လ(၃၁) ရက်နေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော်တက္ကသိုလ်ဂွမ်းပုံရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံကတော့ အောင်မြင်တဲ့ ဟာသသရုပ်ဆောင်အနေနဲ့ နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့သူဖြစ်ပြီး ဇာတ်ပို့ဇာတ်ရံတွေထဲမှာရှားပါးတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီနေ့သူ့ရဲ့မွေးနေ့လေးမှာတော့ အနုပညာအလုပ်တွေမှာ အလိုက်ဖက်ဆုံးတွဲဖက်ဖြစ်သလို အပြင်မှာလည်း မိသားစုတွေလိုရင်းနှီးချစ်ခင်နေရတဲ့ ခင်လှိုင်က မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ ” ကျွန်တော်လေးစားချစ်ခင်ရသော..ချစ်မကြီး […]

ပရိသတ်ရဲ့အချစ်တော် တက္ကသိုလ်ဂွမ်းပုံကတော့ အောင်မြင်တဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်ရှေ့မှာ နှစ်ပေါင်းများစွာ မားမားမတ်မတ်ရပ်တည်ခဲ့သူပါ။ သာယာဖြောင့်ဖြူးတဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပြီး မကြာခဏဆိုသလိုလည်း အလှူအတန်းလုပ်လေ့ရှိသူပါ။ ဒီတစ်ခေါက်မှာတော့ မကြာသေးခင်ကမှ ကျန်းမာရေးအခြေအနေကြောင့် အိပ်ရာထဲလှဲနေရတဲ့ ဒါရိုက်တာကိုပြည့်ဝ(ပန်းဝေသီ) အတွက် တတ်နိုင်သမျှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ […]