Gong Yoo နဲ့ Seo Hyun Jin တို့ဟာ သရုပ်ဆောင်ပိုင်နိုင်တဲ့ နာမည်ကျော်အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုတော့ ဒရမ်မာဇာတ်လမ်းတွဲအသစ်နဲ့အတူ မကြာခင်မှာမြင်တွေ့ရနိုင်ဖွယ်ရှိပါတယ်။ Gong Yoo နဲ့ Seo Hyun Jin တို့ကတော့ Management SOOP ဆိုတဲ့ အေဂျင်စီတစ်ခုတည်းက အနုပညာရှင်တွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Netflix ရဲ့ Trunk ဆိုတဲ့မယ်လိုဒရမ်မာမှာပါဝင်လာနိုင်ကြောင်း သတင်းတွေထွက်ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး “Gong Yoo နဲ့ Seo Hyun Jin တို့နှစ်ဦးကတော့ Trunk မှာပါဝင်ဖို့ကမ်းလှမ်းခံထားရပြီး ဒါနဲ့ပတ်သက်လို့အပြုသဘောဆောင်သုံးသပ်နေဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။ Trunk ကတော့ အိမ်ထောင်ဖက်စီစဉ်ပေးတဲ့ လက်ထပ်ခြင်းဝန်ဆောင်မှုအေဂျင်စီ NM အကြောင်းကို …
Read More »Tag Archives: Gong Yoo
Gong Yoo ရဲ့အမာခံပရိသတ်ဖြစ်ပြီး မင်းသားကြောင့်ကိုရီးယားစကားတိုးတက်ခဲ့တဲ့အကြောင်းကိုပြောပြခဲ့တဲ့ Lisa
အနုပညာအရည်အချင်းအပြည့်ရှိသလိုချစ်စရာကောင်းတဲ့ Lisa ကတော့ အခုနှစ်တွေအတွင်းမှာ နာမည်ကျော်ကြားလာတဲ့ Blackpink အဖွဲ့ဝင် အိုင်ဒေါတစ်ယောက်လည်း ဖြစ်ပါတယ်။ Lisa ကတော့ ထိုင်းလူမျိုးဖြစ်ပေမဲ့ ကိုရီးယားဘာသာစကာားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တာ ပရိသတ်တွေသိကြမှာပါ။ Lisa ကတော့ မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ JTBC ရဲ့ “Ask Us Anything” ဆိုတဲ့အစီအစဉ်မှာပါဝင်ခဲ့ပြီး ကိုရီးယားဘာသာစကားကို တိုးတက်အောင်လုပ်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေကိုကြည့်ပြီး ဘာသာစကားတိုးတက်အောင်လုပ်ခဲ့ပြီး “Goblin” ဇာတ်ကားကတော့ သူအကြိုက်ဆုံးလို့ ဆိုပါတယ်။ မကြာသေးခင်က ထပ်မံကြည့်ဖြစ်ခဲ့ပြီး ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ Gong Yoo ရဲ့ အမာခံပရိသတ်လို့ဆိုပါတယ်။ ဘာလို့ဒီလိုမျိုး Gong Yoo ရဲ့ ပရိသတ်ဖြစ်လာလဲဆိုတဲ့မေးခွန်းကိုတော့ Gong Yooဟာ သူသဘောကျတဲ့ပုံစံဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် အရပ်ရှည်တာကိုလည်း …
Read More »