ခင်လှိုင်နဲ့ တက္ကသိုလ်ဂွမ်းပုံတို့ကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တွေထဲမှာမှ ပရိသတ်ရဲ့အချစ်ကိုအများဆုံးသိမ်းပိုက်ထားတဲ့ အနုပညာရှင်တွေပါ။ အနုပညာအရည်အချင်းအပြည့်အဝနဲ့ ဆက်တိုက်ကြိုးစားခဲ့ကြသူတွေဖြစ်ပြီး အခုဆိုရင် ကိုယ်ပိုင်မိသားစုအသီးသီးနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးတွေကို တည်ဆောက်ထားကြပါတယ်။ မနေ့ကတော့ ပြင်ဦးလွင် YGW ခြံနားမှာ အိမ်သစ်လေးဆောက်နေတဲ့ တက္ကသိုလ်ဂွမ်းပုံရဲ့ ဆောက်လက်စအိမ်လေးဆီကို ခင်လှိုင်တို့မိသားစုတွေ သွားရောက်လည်ပတ်ခဲ့ပါတယ်။ […]

လွန်ခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ဂွမ်းပုံရဲ့မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ပရိသတ်တွေ ရယ်မောပျော်ရွှင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့ဟာသပညာနဲ့ အမြဲဖျော်ဖြေပေးနေသူဂွမ်းပုံအတွက် ဒီကာလတွေကတော့ မရယ်နိုင်တဲ့ကာလတွေ ဖြစ်နေမှာအမှန်ပါပဲ။ သူကတော့ မိခင်အတွက်ရည်စူးပြီး ရန်ကုန်မှာလည်း အလှူအတန်းတွေလုပ်ပေးခဲ့တဲ့အပြင် မိခင်ဖြစ်သူရဲ့မွေးရပ်မြေရွာလေးမှာပါ တခုခုလုပ်ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ […]