Tag Archives: Gramham

ဥပဒေဘွဲ့ယူစဉ်က မိသားစုပုံရိပ်လေးကို အမှတ်တရမျှဝေလာတဲ့ ဂရေဟမ်

နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဂရေဟမ်ကတော့ ပရိသတ်တွေချစ်ခင်အားပေးနေရတဲ့ တေးသံရှင် တစ်ယောက်ပဲဖြစ်ပါတယ် ။ အနုပညာလောကမှာလည်း အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်တဲ့ဂရေဟမ်က အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ ။   ယောက္ခမကြီးလို့ ပရိသတ်တွေစနောက်ကြတဲ့အထိ လှပလွန်းတဲ့ သမီးလေး ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ရဲ့ဖခင်ဖြစ်ပြီး ဂရေဟမ်တို့မိသားစုလေးကို ပရိသတ်တွေက အရမ်းကိုအားကျနေကြတာပါ ။ လတ်တလောမှာတော့ဂရေဟမ်က ၁၉၉၇ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဘွဲ့ယူတုန်းက .. ကျွန်တော့်အမျိုးသမီးရယ် သမီးကြီးရယ် ကျွန်တော်ရယ် ဆိုတဲ့စာသားလေးနဲ့အတူ ဘွဲ့ယူစဉ်က မိသားစုအမှတ်တရပုံရိပ်လေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။   ဒီဓာတ်ပုံထဲမှာတော့ ပန်းသွန်းခြယ်လေး မပါသေးလို့မေးနေတဲ့ ပရိသတ်တွေ ကို သမီးငယ်လေးမမွေးသေးဘူးလို့ ပြောပြထားပါသေးတယ် ။ ပန်းရောင်လေးကတော့ ငယ်ငယ်ထဲကချစ်ဖို့ကောင်းသလို ဂရေဟမ်ကလည်း …

Read More »
x