Tag Archives: Han Hyo Joo

စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတစ်ကားဖြစ်တဲ့ Dominion မှာပါဝင်ဖို့အတွက်ဆွေးနွေးနေတဲ့ မင်းသမီး Han Hyo Joo

Han Hyo Joo ကတော့ ဒရမ်မာဇာတ်လမ်းတွဲများစွာကိုရိုက်ကူးခဲ့သူဖြစ်ပြီး ပရိသတ်တွေရင်းနှီးပြီးသား မင်းသမီးတစ်လက်ပါ။ သရုပ်ဆောင်ပိုင်နိုင်တာကြောင့်ချီးကျူးမှုတွေရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူကတော့စိတ်ကူးယဉ်သိပ္ပံအမျိုးအစားဖြစ်တဲ့ဒရမ်မာဇာတ်လမ်းတွဲမှာ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ လက်ရှိမှာ Dominion လို့နာမည်ပေးထားတဲ့ Dominant မျိုးစိတ်တွေရဲ့အကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲမှာပါဝင်ဖို့ကမ်းလှမ်းခြင်းခံထားရတယ်လို့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့BH Entertainment မှ ပြောကြားခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ သာမန်ထက်ထူးခြားတဲ့မျိုးရိုးဗီဇ၊ ဗိုင်းရပ်စ်တွေနဲ့ အစားအစာတွေကိုဆေးတောင့်တွေအဖြစ်အသုံးပြုတဲ့ သာလွန်ထူးခြားတဲ့ကမ္ဘာတစ်ခုအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ နာမည်ကျော်မင်းသားချော Joo Ji Hoon ကပါဝင်သွားမှာဖြစ်ပြီး မင်းသမီး Han Hyo Joo ပါဝင်ဖြစ်ခဲ့မယ်ဆိုရင်သူတို့နှစ်ဦးကိုအတွဲညီညီတွေ့ရမှာပါ။ ဒီဒရမ်မာဇာတ်လမ်းတွဲကိုတော့ ချီးကျူးမှုများစွာရရှိထားတဲ့ ‘Secret Forest’ ၊ ‘Grid’ နဲ့ ‘Stranger’ တို့ကိုရေးသားခဲ့တဲ့ စာရေးဆရာ Lee Soo …

Read More »

တရုတ်ဗားရှင်းနဲ့ပြန်လည်ရိုက်ကူးမယ့် မင်းသား Lee Jong Suk ရဲ့ ဒရမ်မာဇာတ်လမ်းတွဲ

တောင်ကိုရီးယားနိုင်ငံကရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေကတော့ ကမ္ဘာတစ်ဝှမ်းပိုပိုပြီး အောင်မြင်ကျော်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။ အခုလိုကျော်ကြားလာတာကြောင့် ဗီယက်နမ်၊ ထိုင်း၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေဟာ ကျော်ကြားတဲ့ဒရမ်မာဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးလေ့ရှိပါတယ်။ “W: Two Worlds” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကတော့ (၂၀၁၆) ခုနှစ်ထဲမှာထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားLee Jong Suk နဲ့ မင်းသမီး Han Hyo Joo တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ တရုတ်နိုင်ငံက ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ သြဂုတ်လမှာစတင်ရိုက်ကူးပြီး ရိုက်ကူးချိန်ဟာ (၁၅)ရက်သာကြာမယ်လို့ သိရပါတယ်။ ဇာတ်ကားတစ်ခုကိုပြန်လည်ရိုက်ကူးတာကတော့ မလွယ်လှပါဘူး။ ဇာတ်ညွှန်း၊ မူပိုင်ခွင့်နဲ့ မှန်ကန်တဲ့သရုပ်ဆောင်တွေရွေးချယ်ဖို့က အရေးကြီးပါတယ်။ (၁၅)ရက်ခန့်သာအချိန်ယူပြီး ရိုက်ကူးမယ့်အတွက် အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး …

Read More »

ဝမ်သန်း(၁၀၀)လှူဒါန်းပြီးနောက် Honor Society မှာပါဝင်ခဲ့တဲ့မင်းသမီးချော Han Hyo Joo

မင်းသမီး Han Hyo Joo ကတော့ Honor Society ကို ဝင်ရောက်ခဲ့ပါတယ်။ Honor Society ဆိုတာကတော့ ဝမ်သန်း(၁၀၀)ထက်ပိုပြီးတော့ လှူတန်းကြတဲ့အလှူအတန်းရက်ရောသူတွေပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး (၂၀၀၇)ခုနှစ်ဒီဇင်ဘာကတည်းကစတင်တည်ထောင်ခဲ့တာပါ။ Han Hyo Joo ကတော့သူ့ရဲ့မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ(၂၂)မှာလှူတန်းမှုကိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ စတင်ပွဲဦးထွက်ခဲ့တဲ့ (၂၀၀၃)ခုနှစ်ပြီးနောက် ဝမ်သန်း(၁၀၀)ကျော်လှူဒါန်းခဲ့တာဖြစ်ပြီး Seoul Regional Honor Society ရဲ့ အဖွဲ့ဝင်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါပြီ။ လှူဒါန်းထားတဲ့ငွေတွေကိုတော့ အခြေခံလိုအပ်ချက်၊ လွတ်လပ်စွာပညာသင်ကြားရေး၊ အစာအာဟာရနဲ့ နည်းပညာကွာဟချက်တွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ သူကတော့ လှူဒါန်းမှုတွေဆက်လက်ပြုလုပ်နေတာဖြစ်ပြီး Beautiful Foundation မှာ Hyo Joo Fund ဖွင့်ပြီးတော့ လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေအတွက်နေထိုင်စားသောက်စရိတ် …

Read More »

စွန့်စားခန်းတွေနဲ့အတူပရိသတ်တွေကို ရင်ခုန်စေမယ့် The Pirates 2 ဇာတ်ကား

တောင်ကိုရီးယားနိုင်ငံကတော့ ဇာတ်ကားတွေကတော့ အာရှမှာသာမက ကမ္ဘာမှာပါ ကြိုက်နှစ်သက်သူများလျက်ရှိတာပါ။ အခုတစ်ခါမှာလည်း ပိုစတာထွက်ရှိလာပြီးနောက် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေတဲ့ ဇာတ်လမ်းတွဲရှိပါတယ်။ အဲ့ဒါကတော့ The Pirates 2 ဖြစ်ပါတယ်။ (၂၀၁၄) မှာ ထွက်ရှိခဲ့တဲ့ The Pirates ဇာတ်ကားကလည်း လူကြိုက်များခဲ့ပြီး အခု The Pirates 2 ဇာတ်ကားရဲ့ ပိုစတာထွက်ရှိလာချိန်မှာလည်း ပရိသတ်တွေကြား ရေပန်းစားလျက်ရှိနေတာပါ။ ဒီဇာတ်ကားကတော့ တော်ဝင်မိသားစုရဲ့ပျောက်ဆုံးသွားတဲ့ရတနာကို စွန့်စားရှာဖွေကြမယ့် ပင်လယ်ဓားပြတွေအကြောင်းရိုက်ကူးထားတာပါ။ စွန့်စားခန်းတွေနဲ့အတူ ပရိသတ်တွေရင်ခုန်ရမယ့် ဇာတ်ကားကောင်းတစ်ခုပါပဲ။ ဒီဇာတ်ကားထဲကသရုပ်ဆောင်တွေကလည်း ပရိသတ်တွေကို ပိုပြီးတော့စိတ်ဝင်စားစေပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသမီးချော Han Hyo Joo အပြင် ပရိသတ်အချစ်တော်မင်းသားတွေဖြစ်တဲ့ Kang Ha Neul ၊ …

Read More »
x