မင်းသားချောဟိန်းဝေယံကတော့ ဟိုးအရင်အချိန်ကတည်းက အခုထိ ပရိသတ်အားပေးမှုအခိုင်အမာနဲ့ရပ်တည်နေသူ တစ်ယောက်ပါ။ အားပေးဝန်းရံသူအမာခံပရိသတ်တွေနဲ့အတူ ငွေကြယ်ပွင့်ဟိန်းဝေယံပရဟိတအဖွဲ့ကိုတည်ထောင်ထားပြီး လိုအပ်နေတဲ့နေရာတွေကို လက်မနှေးကူညီနေသူလည်းဖြစ်ပါတယ်။ မနေ့ကလည်း သူ့ရဲ့ပရဟိတအဖွဲ့ကို အကူညီတောင်းခံလာတဲ့ လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်မှုကြောင့် လက်တစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ ကိုကျော်မျိုးသန်းအတွက် အလှူငွေ၊ ဆန်(၁)အိတ်၊ ဆီ၊ဆား၊ငရုတ်သီးစိမ်း၊ အကျက်မှုန့်များ၊ […]