တချိန်က ပရိသတ်အချစ်ကိုများစွာသိမ်းပိုက်ခဲ့တဲ့ မင်းသမီးချောလှအဉ္ဇလီတင့်ကတော့ အခုအချိန်မှာ နေ့စဉ်ဘဝကို ကုသိုလ်ကောင်းမှုတွေနဲ့ ယှဉ်တွဲရင်း ဖြတ်သန်းနေသူတစ်ယောက်ပါ။ ဘာသာ၊သာသနာရေးဘက်ကို အလေးထားသူတစ်ယောက်မို့ လူမှုကွန်ရက်ကိုလည်း မိတ်ဆွေတွေအတွက် ကုသိုလ်ရေးမျှဝေရာနေရာတစ်ခုအဖြစ်သာ သဘောထားသလို နေ့စဉ်တိုင်းလည်း မြတ်စွာဘုရားရှင်တွေအတွက် ကပ်လှူတဲ့ သူ့ရဲ့ဆွမ်း၊ကွမ်းအလှူလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။ လှအဉ္ဇလီတင့်ကတော့ […]

ပရိသတ်အချစ်တော်မင်းသမီးချောလှအဉ္ဇလီတင့်ကတော့ အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာတော့ ရွှေအဉ္ဇလီစားသောက်ကုန်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူကာ ဘဝကိုရပ်တည်နေသူပါ။ ဘာသာ၊သာသနာရေးဘက်ကို ဦးစားပေးပြီးလုပ်နေသလို နေ့စဉ်နေ့တိုင်းလည်း မြတ်စွာဘုရားရှင်ကို သက်ရှိထင်ရှားဘုရားတစ်ဆူလိုစဉ်းစားပြီး ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိကာ သူ့ရဲ့အလှူလေးတွေကိုလည်း ပရိသတ်ကို မျှဝေပေးလျက်ရှိပါတယ်။ ဒီနေ့မှာတော့ အခုလိုကိုဗစ်ကာလမှာ ခက်ခဲနေကြမယ့် ဘုန်းကြီးကျောင်းတွေအတွက် စဉ်းစားမိပြီး အလှူလေးတစ်ခုပြုလုပ်ထားကြောင်း […]

ပရိသတ်ရဲ့အချစ်တော်မင်းသမီးချောလေး လှအဉ္ဇလီတင့်ကတော့ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ဘဲ စီးပွားရေးပဲ ဦးဆောင်လုပ်ကိုင်နေသူပါ။ ရွှေအဉ္ဇလီစားသောက်ကုန်လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်ကာ ရွှေစိတ်ပျော်သုပ်နဲ့ ဝက်အူချောင်း စတဲ့ စားသောက်ကုန်တွေကို မြန်မာပြည်အနှံ့ဖြန့်ဖြူးလျက်ရှိပါတယ်။ မနေ့ကတော့ လှအဉ္ဇလီတင့်ရဲ့ မိခင်ကြီးမွေးနေ့ဖြစ်ပြီး မေမေ့မွေးနေ့အတွက် တစ်သောင်းတန်တွေနဲ့ ပြုလုပ်ထားတဲ့ […]

တစ်ချိန်တုန်းက အောင်မြင်တဲ့မင်းသမီးတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးလေးနဲ့ လှအဉ္ဇလီတင့်ကိုတော့ ပရိသတ်တွေအမှတ်ရနေကြမှာပါနော်။ အနုပညာလောကနဲ့ အလှမ်းဝေးနေခဲ့တာ ကြာနေပြီဖြစ်တဲ့အပြင် ပရိသတ်ရှေ့ကပျောက်နေခဲ့တာမို့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ လှအဉ္ဇလီတင့်တစ်ယောက် ဘာတွေလုပ်နေသလဲ သိချင်နေကြမှာအမှန်ပါ။ လှအဉ္ဇလီတင့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တနေ့တာအကြောင်းအရာနဲ့ အလှူအတန်းပုံရိပ်လေးတွေ […]