Blackpink အဖွဲ့ကတော့ ကမ္ဘာတစ်ဝှမ်းအောင်မြင်မှုတွေကို တစ်ခုပြီးတစ်ခုရရှိပိုင်ဆိုင်နေတဲ့အဖွဲ့တစ်ဖွဲ့ပါ။ အဖွဲ့ဝင်လေးယောက်လုံးဟာ ထူးချွန်တဲ့အိုင်ဒေါတွေဖြစ်ကြပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို အံ့သြစရာကောင်းလောက်အောင် ရရှိထားပါတယ်။ Blackpink ကတော့ အခုဆိုရင် Spotify မှာ စံချိန်သစ်တစ်ခုကို ရရှိခဲ့ပြန်ပါတယ်။ သူတို့တွေကတော့ THE ALBUM ဆိုတဲ့ အယ်ဘမ်ထဲက သီချင်းဖြစ်တဲ့ “How You Like That” သီချင်းနဲ့အတူ Spotify မှာ နားဆင်မှုသန်း (၆၀၀) ကျော်ရရှိခဲ့တာပါ။ ဒီလိုစံချိန်ကတော့ အမျိုးသမီးကေပေါပ့်အဖွဲ့တွေမှာသာမက Blackpink အတွက်ပထမဆုံးလည်း ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ (၂၀၂၀) ခုနှစ်ဇွန်လ(၆)ရက်နေ့မှာ ထွက်ရှိခဲ့တာပါ။ BTS အဖွဲ့ရဲ့ Boy With Luv သီချင်းဟာလည်း သီချင်းထွက်ရှိပြီးနောက် အခုလိုစံချိန်ကို တစ်နှစ်၊ရှစ်လနဲ့သုံးပတ်ကျော်မှာ …
Read More »