Tag Archives: Im YoonA

ကြည့်ရှုနှုန်းအမြင့်ဆုံးနဲ့ ဇာတ်သိမ်းသွားခဲ့တဲ့ Big Mouth ဇာတ်လမ်းတွဲ

MBC ကပြသခဲ့တဲ့ “Big Mouth” ဇာတ်လမ်းတွဲကတော့ ကြည့်ရှုနှုန်းမြင့်မားစွာရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ မင်းသားချော Lee Jong Suk နဲ့ Girls’ Generation အဖွဲ့ဝင် YoonA တို့ပါဝင်ထားတာဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကျောရိုးနဲ့အတူ သရုပ်ဆောင်တွေရဲ့ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ကာ လူပြောအများဆုံးဇာတ်ကားတစ်ခုဖြစ်လာခဲ့ပါတယ်။ စက်တင်ဘာလ(၁၇)ရက်နေ့ကတော့ ဇာတ်လမ်းတွဲရဲ့ဇာတ်သိမ်းပိုင်းကိုထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ကြည့်ရှုနှုန်းဟာ (၁၃.၇%) ရှိခဲ့တယ်လို့ Nielsen Korea က ဆိုပါတယ်။ ဒီကြည့်ရှုနှုန်းကတော့ အဲ့ဒီအချိန်ပြသနေတဲ့ဒရမ်မာတွေထဲမှာ ကြည့်ရှုနှုန်းအများဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Season 2 ထွက်ရှိလာဖို့ကို ပရိသတ်တွေမျှော်လင့်နေရတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Big Mouth ဇာတ်ကားဟာ အောင်မြင်မှုနှုန်း(၁၀%)သာရှိတဲ့ရှေ့နေတစ်ယောက်ဟာ မထင်မှတ်ဘဲအမှုတစ်ခုကိုကိုင်တွယ်ရာမှ လူသတ်မှုအတွက်စွပ်စွဲခံရကာအရှုပ်တော်ပုံထဲကိုကျရောက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့စိတ်ဝင်စားစရာဇာတ်လမ်းတွဲတစ်ခုပါ။ Season 2 …

Read More »

ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ Junho နဲ့အတူအလုပ်တွဲလုပ်ဖြစ်ခဲ့တဲ့အပေါ်ပြောပြလာတဲ့ YoonA

YoonA ကတော့ ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်တဲ့ Confidential Assignment 2: International ရဲ့အင်တာဗျူးမှာ ဒရမ်မာသစ် King the Land နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ဒီဒရမ်ဇာတ်လမ်းတွဲသစ်မှာတော့ 2PM အဖွဲ့ဝင် Junho နဲ့အတူ အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။ YoonA ကတော့ Junho နဲ့အတူတွဲပြီးတော့အလုပ်လုပ်ဖြစ်တာနဲ့ပတ်သက်ပြီး “အိုင်ဒေါကနေ သရုပ်ဆောင်အဖြစ်ပြောင်းလဲသွားတဲ့သူအချင်းချင်း တကယ့်ကိုရင်းနှီးကြပါတယ်။ မနှစ်က Gayo Daejejeon မှာ MC လုပ်ကတည်းက ဒါကိုခံစားခဲ့ရတယ်။ အခုလိုပြန်တွေ့တဲ့အတွက်ဂုဏ်ယူပါတယ်။သူကလည်း ပရိသတ်များစွာရဲ့ချစ်ခင်မှုကိုရရှိထားတာပါ။ အရင်ကတော့ Girls’ Generation နဲ့ 2PM အဖြစ်ဆုံကြတယ် အခုကတော့ Im YoonA နဲ့ Lee Junhoအဖြစ်ဆုံရပါတယ်။ ဒီဒရမ်မာကတော့ အဓိပ္ပာယ်ပြည့်ဝပြီး …

Read More »
x