Tag Archives: International Cele

သတို့သားနှစ်ဦးပါဝင်နေတဲ့ပိုစတာကြောင့် ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ‘Love in Contract’

မင်းသမီးချော Park Min Young ကတော့ ဖက်ရှင်ကျပြီး သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ဖမ်းစားနိုင်သူတစ်ယောက်ပါ။ အခုလည်း မကြာခင်ထုတ်လွှင့်ပြသတော့မယ့် ဇာတ်လမ်းတွဲ ‘Love in Contract’ မှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ‘Love in Contract’ကတော့ တစ်ကိုယ်တည်းသမားတွေအတွက် ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါမှာ ချစ်သူ၊ဇနီးအဖြစ် အခကြေးငွေယူပြီးဟန်ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အမျိုးသမီး Choi Sang Eun ရဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။Choi Sang Eun အဖြစ်ပါဝင်ထားတဲ့ Park Min Young ကတော့ Go Kyung Pyo အတွက် နှစ်ရှည်စာချုပ်ချုပ်ဆိုထားပြီး တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ တွေ့ဆုံရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Kim Jae Young …

Read More »

(၂၀၂၂)ခုနှစ်အတွင်း တွစ်တာမှာလူပြောအများဆုံး K-drama ဖြစ်လာတဲ့ Snowdrop ဇာတ်လမ်းတွဲ

Snowdrop ဇာတ်လမ်းတွဲကတော့ (၂၀၂၂) ခုနှစ်အတွင်းမှာ လူပြောအများဆုံး K-drama ဖြစ်လာခဲ့ပါတယ်။ မကြာသေးခင်ကတော့ တွစ်တာကတော့ ကမ္ဘာတစ်ဝှမ်းလူပြောအများဆုံးK-drama စာရင်းကိုထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာတော့ မင်းသား Jung Hae In နဲ့ BLACKPINK အဖွဲ့ဝင် Jisoo တို့ပါဝင်ထားတဲ့ Snowdrop ဇာတ်လမ်းတွဲကတော့ ထိပ်ဆုံးနေရာမှာရှိနေခဲ့ပါတယ်။ သူ့နောက်မှာတော့ tvN ရုပ်သံလိုင်းရဲ့Twenty-Five, Twenty-One နဲ့ SBS ရဲ့ Business Proposal ကတော့ ဒုတိယနဲ့ တတိယနေရာမှာရှိနေခဲ့ပါတယ်။ Snowdrop ဇာတ်လမ်းတွဲကတော့ ပြသနေချိန်မှာအငြင်းပွားမှုတွေကြုံခဲ့ရပေမယ့် အောင်မြင်စွာနဲ့ထုတ်လွှင့်ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Snowdrop ဇာတ်လမ်းတွဲကတော့ (၁၉၈၇) ခုနှစ်ကဒီမိုကရေစီလှုပ်ရှားမှုကိုနောက်ခံထားပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အန်းယောင်းရိုဆိုတဲ့တက္ကသိုလ်ကျောင်းသူလေးနဲ့ အင်ဆူဟိုဆိုတဲ့မြောက်ကိုရီးယားနိုင်ငံသူလျှိုတို့ကြားကဇာတ်လမ်းကိုပုံဖော်ထားတဲ့ စိတ်ကူးယဉ်ဒရမ်မာအမျိုးအစားလည်း …

Read More »

(၂၀၂၂) ခုနှစ်ရဲ့ MTV VMAs ပွဲအတွက် နယူးယောက်ကိုထွက်ခွာသွားတဲ့ BLACKPINK

မကြာခင်မှာ အယ်လ်ဘမ်အသစ်ထွက်ရှိလာတော့မယ့် BLACKPINK ကတော့ အလုပ်တွေရှုပ်နေပုံပါပဲ။ ကမ္ဘာကျော်အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ BLACKPINK ကတော့ အလုပ်ကိစ္စအတွက်နဲ့အမြဲလိုလိုနိုင်ငံရပ်ခြားခရီးစဉ်တွေကို သွားလေ့ရှိပါတယ်။ သြဂုတ်လ(၂၅)ရက်နေ့မှာတော့ BLACKPINK အဖွဲ့ဝင်တွေကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာတွေ့ရတာဖြစ်ပါတယ်။ အခုဆိုရင် အယ်လ်ဘမ်အသစ်ထွက်ရှိဖို့အလုပ်များနေတာလည်း ဖြစ်ပြီး MTV VMAs လိုပွဲကြီးမှာပါဝင်ဖျော်ဖြေဖို့အတွက် နယူးယောက်ကိုထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကတော့ တစ်ယောက်တစ်မျိုးစီမိမိုနေတဲ့ဖက်ရှင်တွေနဲ့ မီဒီယာတွေရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့တွေကတော့ VMAs ပွဲကြီးမှာ ဘယ်လိုတွေအမိုက်စားဖျော်ဖြေသွားမလဲဆိုတာ ရင်ခုန်စရာပါ။ ပရိသတ်တွေကတော့ (၂)နှစ်ခန့်ကြာပြီးနောက် BLACKPINK အဖွဲ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်မြင်တွေ့ရတော့မယ့်ပုံပါပဲ။ BLACKPINKကို လွမ်းနေကြတဲ့ Blink တွေအတွက်လည်း အယ်လ်ဘမ်အသစ်မတိုင်ခင် pre- release single သီချင်းကတော့ အလွမ်းပြေစေမယ်ထင်ပါရဲ့။ Zawgyi ဖြင့်ဖတ်ရန် (၂၀၂၂) ခုႏွစ္ရဲ႕ …

Read More »

ဒရမ်မာဇာတ်လမ်းတွဲသစ်မှာမြင်တွေ့ရနိုင်တဲ့ Park Bo Gum နဲ့ IU

မင်းသား Park Bo Gum ကတော့ ဇာတ်ညွှန်းရေးဆရာLim Sang Choon ရဲ့ ဒရမ်မာအသစ်မှာပါဝင်သရုပ်ဆောင်ဖို့ရာ ရွေးချယ်ခံထားရတယ်လို့ သိရပါတယ်။ Lim Sang Choon ကတော့ နာမည်ကျော်လူကြိုက်များခဲ့တဲ့ When The Camellias Bloom နဲ့ Fight My Way စတဲ့ ဇာတ်လမ်းတွဲတွေကိုရေးသားခဲ့သူပါ။ Park Bo Gum က ပါဝင်သရုပ်ဆောင်ဖို့ရာလက်ခံလိုက်မယ်ဆိုရင် နာမည်ကျော်မင်းသမီး IU နဲ့တွဲဖက်သရုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ IU ကိုတော့ မကြာသေးခင်ကဒရမ်မာအတွက်ကမ်းလှမ်းထားခဲ့တာပါ။ သူတို့နှစ်ဦးကတော့ (၂၀၁၅)ခုနှစ်ကထုတ်လွှင့်ခဲ့တဲ့ KBS2 ရဲ့ဒရမ်မာဖြစ်တဲ့ Producer မှာ အတူတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါကလည်း ဇာတ်လမ်းတွဲမှာသူတို့နှစ်ဦးရဲ့အတွဲညီညီသရုပ်ဆောင်ချက်တွေကိုကြည့်ရှုသွားရဖို့လည်း ဖြစ်နိုင်ပါတယ်။ သူတို့နှစ်ဦးကတော့ …

Read More »

အလုပ်တစ်ခုရဖို့အကြိမ်ပေါင်းရာချီပြီး audition တွေဖြေခဲ့ရတဲ့အကြောင်းပြောပြလာတဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲမင်းသမီး

Extraordinary Attorney Woo ဇာတ်လမ်းတွဲဟာ အလွန်ရေပန်းစားခဲ့သလို ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေကလည်း ကျရာဇာတ်ရုပ်မှာပီပြင်ကြတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအထဲကမှာ ဝူယောင်းဝူကိုအမြဲကူညီတတ်ပြီးကြင်နာတတ်တဲ့ရှေ့နေမလေးချွဲဆူယွန်းအဖြစ်ပါဝင်ထားတဲ့မင်းသမီးကတော့ Ha Yoon Kyung ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာတော့ အထက်တန်းလွှာမိသားစုကဖြစ်ပြီးကြွကြွရွရွနဲ့လှပနေတဲ့သူဖြစ်ပေမဲ့ လက်တွေ့ဘဝမှာတော့ သရုပ်ဆောင်အဖြစ်ကျင်လည်ဖို့အတွက်ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတာပဲ ဖြစ်ပါတယ်။ Ha Yoon Kyung ကတော့ အင်တာဗျူးမှာ Extraordinary Attorney Woo ဇာတ်လမ်းတွဲဟာ Audition မလိုဘဲ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ပထမဆုံးဇာတ်လမ်းတွဲလို့လည်း ပြောပြခဲ့ပါတယ်။ လူသစ်တွေဟာအမျိုးမျိုးသော Audition တွေကိုဖြတ်သန်းရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ မင်းသမီးကတော့ အခုလိုမျိုး Audition မဝင်ရဘဲနဲ့ သရုပ်ဆောင်ခွင့်ရဖို့ဆိုတာ အကြာကြီးမျှော်လင့်ခဲ့ရတဲ့အိမ်မက်တစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။ သူကတော့ လက်ရှိမှာ(၃၁)နှစ်ရှိနေပြီဖြစ်ပြီး (၂၀၁၅)ခုနှစ်က Ballads for Roxane ဆိုတဲ့ပြဇာတ်နဲ့ပွဲဦးထွက်ခဲ့ပါတယ်။ Socialphobia …

Read More »

အယ်လ်ဘမ်ကြိုတင်မှာယူမှု(၂)သန်းရရှိတဲ့ ပထမဆုံးအမျိုးသမီးအနုပညာရှင်တွေဖြစ်လာတဲ့ BLACKPINK

BLACKPINKအဖွဲ့ရဲ့ comback ကတော့ ပရိသတ်တွေအရမ်းကိုမျှော်လင့်နေခဲ့ရတာဖြစ်ပြီး Pre – release single ဖြစ်တဲ့ Pink Venom ကလည်း ပရိသတ်တွေကြားရက်ပိုင်းအတွင်းအလွန်အောင်မြင်ရေပန်းစားနေခဲ့ပါပြီ။ Pink Venom ကတော့ ယူကျူ့မှာ တစ်ပတ်အတွင်းမှာပင် သန်း(၂၀၀)ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထွက်ရှိလာတော့မယ့်အယ်လ်ဘမ်ကလည်း ပရိသတ်တွေရဲ့ဝယ်ယူအားပေးမှုကတော့ မယုံနိုင်လောက်အောင်ပါပဲ။ YG Entertainment ရဲ့ထုတ်ပြန်ချက်အရ BLACKPINK အဖွဲ့ရဲ့ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ Born Pink တရားဝင်ရောင်းချမှုက (၂)သန်းကျော်ရှိခဲ့ပါပြီ။ ဒါကတော့ ကေပေါပ့်အမျိုးသမီးအဖွဲ့တွေမှာ မရှိခဲ့တဲ့စံချိန်ဖြစ်ပြီး ဒီစံချိန်ကိုလည်း အယ်လ်ဘမ်မထွက်ရှိခင်(၃)ပတ်အလိုမှာတင်ရောက်ရှိနေခဲ့တာပါ။ ထွက်ရှိလာတော့မယ့် ‘Born Pink’ အယ်လ်ဘမ်ကိုတော့ boxed set၊ KIT ဗားရှင်း၊ LP၊ digipack ဗားရှင်းစသဖြင့် မျိုးစုံရရှိနိုင်ပါတယ်။ …

Read More »

ရုပ်ရှင်ဇာတ်ကားသစ်မှာဇနီးမောင်နှံအဖြစ်ပါဝင်သရုပ်ဆောင်သွားမယ့် Kang Ha Neul နဲ့ Jung So Min

ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်ပြီး သရုပ်ဆောင်ရာမှာပီပြင်တဲ့ Kang Ha Neul နဲ့ Jung So Min တို့ကို ရုပ်ရှင်ဇာတ်ကားသစ်မှာတွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အချစ်ဟာသဇာတ်ကားသစ်ဖြစ်ပြီး သူတို့နှစ်ဦးကတော့ ဇနီးမောင်နှံတွေအဖြစ်ပါဝင်သွားမယ်လို့သတင်းတွေအရသိရပါတယ်။ ဇာတ်ကားနာမည်ကတော့ “30 Days” ဖြစ်ပြီး လက်ရှိအချိန်မှာ ကွာရှင်းဖို့အတွက်လုပ်ဆောင်နေတဲ့ တစ်ချိန်ကအရမ်းချစ်ခဲ့ကြတဲ့ဇနီးမောင်နှံနှစ်ဦးအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အမျိုးသားဖြစ်သူရဲ့မှတ်ညဏ်ပျောက်ဆုံးမှုကိုကြုံတွေ့ရပြီး ဇနီးမောင်နှံနှစ်ဦးဟာ ရယ်မောပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းတွေကို ပရိသတ်တွေကိုသယ်ဆောင်လာပေးမှာပဲ ဖြစ်ပါတယ်။ မင်းသား Kang Ha Neul ကတော့ ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး လက်ရှိမှာဆုံးရှုံးစရာဘာမှမရှိတဲ့ Jung Yeol ဆိုတဲ့ဇာတ်ရုပ်မှာပါဝင်ထားတာပါ။ မင်းသမီးချော Jung So Min ကတော့ ကြွယ်ဝချမ်းသာတဲ့မိသားစုမှကြီးပြင်းလာပြီး ဘဝကိုသာသယာယာဖြတ်သန်းနေတဲ့ ပရိဂျူဆာတစ်ယောက်အဖြစ်လုပ်ကိုင်နေတဲ့အမျိုးသမီးဇာတ်ရုပ်ကို သရုပ်ဆောင်သွားမှာပါ။ Zawgyi …

Read More »

ဝူယောင်းဝူဇာတ်ရုပ်အတွက် ပြင်ဆင်ဖို့အချိန်နှစ်ပတ်သာရခဲ့တဲ့မင်းသမီး Park Eun Bin

Extraordinary Attorney Woo ဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Park Eun Bin ကတော့ ဇာတ်လမ်းတွဲထုတ်လွှင့်ပြသပြီးသွားတဲ့နောက်မှာအင်တာဗျုးလုပ်ခဲ့ပါတယ်။ မင်းသမီးကတော့ ဝူယောင်းဝူဆိုတဲ့ဇာတ်ရုပ်နဲ့ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းကြုံးယူသွားခဲ့တာပါ။ သရုပ်ဆောင်ကလည်းပီပြင်လွန်းတာကြောင့်အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေမထင်ထားတာကတော့မင်းသမီးဟာဒီဇာတ်ရုပ်ကိုပြင်ဆင်ဖို့အတွက်သီတင်းပတ်(၂)ပတ်ထက်ပိုပြီး အချိန်မရခဲ့ပါဘူး။ သူကတော့ The King’s Affection ဆိုတဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးနေခဲ့ရတာဖြစ်ပြီး ပြင်ဆင်ဖို့အချိန်အများကြီးမရခဲ့ပါဘူး။ Park Eun Bin ကတော့ “ဇာတ်ညွှန်းကိုဖတ်ပြီးတဲ့နောက်မှာ ဒါဟာဒရမ်မာကောင်းဖြစ်မယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့လည်း ဒီဇာတ်ရုပ်ကိုသရုပ်ဆောင်ဖို့ယုံကြည်ချက်မရှိတာကြောင့်အကြိမ်ပေါင်းများစွာငြင်းပယ်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။ အော်တစ်ဇင်လက္ခဏာရှိတဲ့သူအဖြစ်ပုံဖော်ဖို့ကိုသံသယရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲကိုလက်ခံပြီးတဲ့နောက်မှာ အော်တစ်ဇင်ရှိသူတွေကိုလေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ “ရှေ့နေအလုပ်လည်းလုပ်နေတဲ့ အော်တစ်ဇင်တစ်ယောက်ကိုပုံဖော်ရတာက စိန်ခေါ်မှုများတယ်။ စမ်းသပ်တာတွေနဲ့ အမှားတွေပြီးနောက်မှာတော့ ဝူယောင်းဝူကတော့ ပြီးဆုံးသွားပါပြီ” လို့ ပြောပြခဲ့ပါတယ်။ ဝူယောင်းဝူရဲ့ပရိသတ်တွေရှိလားနော်။ Zawgyi …

Read More »

Extraordinary Attorney Woo ဇာတ်လမ်းတွဲရိုက်ကူးပြီးနောက် အင်စတာဂရမ်မှာ follower (၂) သန်းကျော်သွားခဲ့တဲ့ Park Eun Bin

Extraordinary Attorney Woo ဇာတ်လမ်းတွဲနဲ့အတူ အော်တစ်ဇင်တစ်ယောက်အဖြစ် မျက်လုံးဝိုင်းဝိုင်းနဲ့ချစ်စရာအပြုအမူလေးတွေကိုသရုပ်ဆောင်လေ့ရှိတဲ့မင်းသမီးချော Park Eun Bin ကတော့ ပရိသတ်တွေကိုဖမ်းစားခဲ့တာပါ။ ဒီဇာတ်ကားမှာပါဝင်တဲ့သရုပ်ဆောင်တွေဟာ လူသိများကျော်ကြားလာတာဖြစ်ပြီး အဓိကဇာတ်ဆောင်ဖြစ်တဲ့ Park Eun Bin ကလည်း ရေပန်းစားခဲ့ပါတယ်။ ဇာတ်ကားမှာပါဝင်ပြီးနောက် အင်စတာဂရမ်မှာ follower (၂.၆) သန်းရရှိခဲ့တာကတော့ သိသာတဲ့ရလဒ်တစ်ခုပါပဲ။ မင်းသမီးကတော့ အောင်မြင်ခဲ့တဲ့ The King’s Affection ဇာတ်လမ်းတွဲမှာပါဝင်ပြီးနောက်မှာလည်း follower ပေါင်း (၈)သိန်းကျော်ရရှိခဲ့တာပါ။ Extraordinary Attorney Woo ဇာတ်လမ်းတွဲကတော့ စတင်ပြသတဲအပိုင်းတွေမှာတင် အလွန်ကောင်းမွန်တဲ့ကြည့်ရှုနှုန်းတွေရရှိခဲ့ပြီး ဇာတ်သိမ်းခန်းအထိကြည့်ရှုနှုန်းများစွာကိုထိန်းထားနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပြည်တွင်းတင်မက ပြည်ပမှာပါဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Netflix ဒရမ်မာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ Season 2 …

Read More »

ချစ်စရာဗိုက်ဖောင်းဖောင်းလေးကို ပရိသတ်တွေကိုမြင်တွေ့စေခဲ့တဲ့ မိခင်လောင်း Son Ye Jin ရဲ့ပုံရိပ်

နာမည်ကျော်မင်းသမီးချော Son Ye Jin ကတော့ မကြာခင်မှာမိခင်တစ်ယောက်ဖြစ်တော့မှာပါ။ အနုပညာလှုပ်ရှားမှုတွေရပ်နားထားတဲ့ မင်းသမီးရဲ့သတင်းတွေကိုတော့ ပရိသတ်တွေက အမြဲစိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ အမိုက်စားပုံရိပ်တွေနဲ့ပရိသတ်တွေကိုဖမ်းစားလေ့ရှိတဲ့မင်းသမီးရဲ့ကိုယ်ဝန်ဆောင်စဉ်ပုံရိပ်ကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။ Son Ye Jin ကတော့ မကြာသေးခင်က မဂ္ဂဇင်းမျက်နှာဖုံးမှာပါလာခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ဗိုက်ဖောင်းဖောင်းလေးကိုတွေ့ခဲ့ရတာပါ။ ပန်းအရင့်ရောင် Off- shoulder ဝတ်စုံကိုဝတ်ဆင်ထားပြီး ဗိုက်ဖောင်းဖောင်းလေးကိုတော့ Valentino အိတ်နဲ့အနည်းငယ်ကွယ်ထားတာလည်း ဖြစ်ပါတယ်။ ဆံပင်စတိုင်အသစ်နဲ့ အစွမ်းကုန်လှနေတဲ့မင်းသမီးကတော့အဖြူနဲ့အနက်ရောင်ဝတ်စုံတွေနဲ့လည်း လှပနေပြန်ပါတယ်။ သူကတော့ နာမည်ကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Valentino နဲ့အတူ အိတ် Collectionအတွက် ပူးပေါင်းဖန်တီးထားတာလည်းဖြစ်ပါတယ်။ လှပတဲ့ပုံရိပ်တွေကတော့ စက်တင်ဘာလထုတ်မဂ္ဂဇင်းမျက်နှာဖုံးအဖြစ်မြင်တွေ့ရဖွယ်ရှိပါတယ်။ မေမေ Son Ye Ji ရဲ့ချစ်စရာဗိုက်ဖောင်းဖောင်လေးကတော့ ပရိသတ်တွေသဘောကျနေရတာပဲ ဖြစ်ပါတယ်။ Zawgyi ဖြင့်ဖတ်ရန် …

Read More »
x