လတ်တလော လူမှုကွန်ရက်မှာ အများဆုံးတွေ့မြင်နေရတဲ့ စိတ်မကောင်းစရာအဖြစ်တစ်ခုကတော့ ဧရာဝတီလင်းပိုင်လေးတွေရဲ့ သေဆုံးမှုပါ။ ကမ္ဘာ့ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့အပြင် အကောင်ရေ(၈၀) အောက်သာ ကျန်ရှိတော့တာမို့ ဒီထက်ပိုပြီး မသေအောင် ဂရုစိုက်ကြရမှာ နိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်ပေမယ့် အသိဉာဏ်မဲ့သူတချို့ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ရှော့တိုက်သတ်ခြင်းခံနေရကြောင့် အကောင်ရေ တဖြည်းဖြည်းလျော့ပါးလာခဲ့ပြီဖြစ်ပါတယ်။ မျိုးတုန်းလုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်လေးတွေရဲ့အနာဂတ်အတွက် အကုန်ဝိုင်းဝန်းပူးပေါင်းကြဖို့ လူမှုကွန်ရက်မှာ စာတွေဖြန့်ဝေနေကြသလို ပရိသတ်ရဲ့အချစ်တော်ဆောင်းဝတ်ရည်မေကလည်း အစီအစဉ်တစ်ခုကို မျှဝေခဲ့ပါတယ်။ “တိုတိုနဲ့လိုရင်းပဲရေးပါ့မယ်နော် ။ဒီ Post လေးကို လူတစ်ယောက်ကနေ စပြီး လူအများမြင်နိုင်အောင် sharing လုပ်ပေးစေချင်ပါတယ်။ Dolphins လေးတွေဆိုတာ ချစ်စရာရေနေ နို့တိုက်သတ္တဝါလေးတွေပါ ။ တစ်ခြားသော ရေနေသတ္တဝါတွေနဲ့လည်းမတူဘဲ intelligence ပိုရှိပြီး လူတွေနဲ့ Friendlyဖြစ်အောင်နေတတ်တဲ့ သတ္တဝါလေးတွေပါ ။ Dolphins …
Read More »