Tag Archives: Jeon Yeo Been

ဇာတ်လမ်းတွဲအသစ်မှာတွေ့ရဖွယ်ရှိတဲ့ Ahn Hyo Seop နဲ့ Jeon Yeo Been

ပရိသတ်တွေရဲ့အချစ်တော်မင်းသားချော Ahn Hyo Seop နဲ့ မင်းသမီးချော Jeon Yeo Been တို့ကို ဇာတ်ကားတစ်ခုတည်းမှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ သူတို့နှစ်ဦးကတော့ ထိုင်ဝမ်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Some Day or One Day ကိုပြန်လည်ရိုက်ကူးရာမှာ အဓိကဇာတ်ဆောင်အဖြစ်နဲ့ ပါဝင်ဖို့အတွက် ဆွေးနွေးနေတယ်လို့သိရပါတယ်။ ဒီဇာတ်ကားမှာ အသက်(၂၇) အရွယ်အမျိုးသမီးဟာ သူ့ရဲ့သေဆုံးသွားတဲ့ရည်းစားဟောင်းကို ပြန်လည်တွေ့ဆုံချင်နေခဲ့တာပါ။ သူဟာ တစ်ညမှာတော့ ကားတိုက်မှုတစ်ခုကိုကြုံခဲ့ရပါတယ်။ကားတိုက်ခံရပြီးနောက် ဆေးရုံမှာပြန်လည်သတိရလာတဲ့အခါမှာတော့ သူဟာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်နေခဲ့ပြီး သူ့ရဲ့ဘေးမှာသူ့ချစ်သူမဟုတ်ဘဲ သူ့ရဲ့အတန်းဖော်ကောင်လေးတစ်ယောက်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ထူးခြားဆန်းကြယ်မှုတွေနဲ့အတူ ပရိသတ်ကို သည်းထိတ်ရင်ဖိုဖြစ်စေမယ့် ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Ahn Hyo Seop နဲ့ Jeon Yeo Been တို့ရဲ့သရုပ်ဆောင်ချက်တွေကို …

Read More »
x