အခုဆိုရင် Seohyun နဲ့ Na In Woo တို့ကို စိတ်ကူးယဉ်အချစ်ဒရမ်မာဇာတ်လမ်းတွဲမှအတူတွဲပြီးတော့တွေ့ရတော့မယ်လို့ အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ပါဝင်ထားတဲ့ KBS ရဲ့ဒရမ်မာအသစ်ဖြစ်တဲ့ ‘Jinx’s Lover’ ကိုတော့ ဒီနှစ်ရဲ့နှစ်လယ်ပိုင်းမှာ စတင်ပြသသွားမှာပါ။ ဒီဇာတ်လမ်းဟာနာမည်ကြီး Webtoon တစ်ခုကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲမှာတော့ Na In-Woo ဟာ ဈေးထဲမှာငါးရောင်းတဲ့သူတစ်ဦးဖြစ်ပြီး ကံမကောင်းတဲ့သူတစ်ယောက်အဖြစ်သတ်မှတ်ခံရသူပါ။ တစ်ချိန်ကကံကောင်းမှုတွေရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ဘာလုပ်လုပ်အဆင်မပြေတဲ့သူဖြစ်တာကြောင့် လူအများရဲ့ရှောင်ကြဉ်ခြင်းကို ခံရတဲ့သူပါ။ သူကတော့ Seohyun ကို အိမ်မက်မက်မိတဲ့အခါတိုင်း ကံဆိုးမှုတွေကို ကြုံရလေ့ရှိပါတယ်။ Seohyun ကတော့ လူတစ်ယောက်ကိုထိလိုက်တာနဲ့ သူ့ရဲ့အနာဂတ်ကိုမြင်နိုင်တာလည်း ဖြစ်ပါတယ်။ သူနဲ့သူ့အမေကတော့ ဒီလိုမျိုးထူးခြားတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီး CEO တစ်ယောက်ရဲ့အသုံးချခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။ Seohyun …
Read More »