Tag Archives: JTBC

အိန္ဒိယဒရမ်မာဇာတ်ကားအဖြစ်ပြန်လည်ဖန်တီးသွားမယ့် Something in the Rain ဇာတ်လမ်းတွဲ

ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေကတော့ အာရှတင်မက ကမ္ဘာကိုပါလွှမ်းမိုးနိုင်စွမ်းရှိနေပါတယ်။ Something in the Rain ဇာတ်လမ်းတွဲကတော့ ရိုမန်တစ်ဇာတ်လမ်းတွဲဖြစ်ပြီးတော့ ပရိသတ်တွေကြားနာမည်ကြီးခဲ့တာလည်း ဖြစ်ပါတယ်။ Something in the Rain ကိုထုတ်လွှင့်ခဲ့တဲ့ JTBC ကေတာ့ အိန္ဒိယအကြီးဆုံးဒစ်ဂျစ်တယ်ဖျော်ဖြေရေးကုမ္ပဏီ Pocket Aces ကပြန်လည်ရိုက်ကူးမယ့်အကြောင်းကို အတည်ပြုခဲ့ပါတယ်။ Something in the Rain ဇာတ်လမ်းတွဲဟာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Son Ye Jin နဲ့ Jung Hae In တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ငယ်စဉ်ကလေးဘဝကတည်းကသိလာခဲ့တဲ့ သူငယ်ချင်းဖြစ်သူရဲ့မောင်လေးကိုချစ်ကြိုက်မိတဲ့ အသက်အရွယ်ကွာခြားတဲ့ချစ်သူနှစ်ဦးရဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အခက်အခဲအမျိုးမျိုးနဲ့ကြုံလာသော်လည်း ဆက်လက်ပြီးလက်တွဲသွားကြတဲ့ချစ်သူနှစ်ဦးရဲ့ဇာတ်လမ်းကိုပုံဖော်ထားတာဖြစ်ပြီး ရိုမန်တစ်ဆန်လွန်းလှတဲ့ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ ကိုရီးယားဇာတ်ကားတွေကို ပြန်လည်ဖန်တီးခဲ့တဲ့အိန္ဒိယဇာတ်ကားတွေဖြစ်တဲ့ The Man from …

Read More »
x