Tag Archives: Jung Ho Yeon

(၂၀၂၂)ခုနှစ်ရဲ့အမ်မီဆုပေးပွဲမှာ ထူးခြားတဲ့အလှတွေနဲ့ထင်ပေါ်ခဲ့တဲ့ Jung Ho Yeon

မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Jung Ho Yeon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ Squid Game ဇာတ်ကားနဲ့အတူ ကမ္ဘာတစ်ဝှမ်းအောင်မြင်ကျော်ကြားခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး မော်ဒယ်လ်အနေနဲ့လည်း နာမည်ကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲခဲ့တဲ့သူပါ။ သူကတော့ (၂၀၂၂)ခုနှစ်ရဲ့အမ်မီဆုပေးပွဲကိုတက်ရောက်လာခဲ့တာဖြစ်ပြီး ထူးခြားတဲ့အလှတရားကြောင့် ပရိသတ်ကိုဖမ်းစားခဲ့ပါတယ်။ ဒီဆုပေးပွဲကိုတော့ မင်းသားLee Jung Jae၊ Park Hae Soo၊ Oh Young Soo နဲ့ ဒါရိုက်တာ Hwang Dong Hyuk တို့တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဆုမရရှိခဲ့ကြပေမဲ့လည်း Jung Ho Yeon ကတော့ သူ့ရဲ့လည်ပင်းနဲ့ပုခုံးအလှတွေကိုပေါ်စေတဲ့ ရှည်လျားတဲ့ဝတ်စုံနဲ့အတူ ကော်ဇောနီထက်မှာ ထင်ပေါ်တောက်ပခဲ့ပါတယ်။ ဒါ့အပြင် ရောင်စုံစီးကွင့်တွေစီခြယ်ထားတဲ့ဒီဝတ်စုံကတော့ Louis Vuittonအမှတ်တံဆိပ်ဖြစ်ပြီး Jung Ho Yeon ကတော့ …

Read More »

ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားနဲ့ပွဲဦးထွက်လာတော့မယ့် ‘Squid Game’ မင်းသမီး Jung Ho Yeon

တောင်ကိုရီးယားမော်ဒယ်လ်နဲ့မင်းသမီးဖြစ်တဲ့Jung Ho Yeon ကတော့ ကမ္ဘာနဲ့အဝှမ်းအောင်မြင်မှုတွေရရှိနေတာပါ။ Squid Game မှာပါဝင်ပြီးနောက် ကမ္ဘာကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲအလုပ်လုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒါရိုက်တာ Joe Talbot ရဲ့ The Governesses ဆိုတဲ့ ဟောလိဝုဒ်ဇာတ်ကားမှာ ပါဝင်လာတော့ှာပါ။ ဒါကတော့သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ Jung Ho Yeon ရဲ့အေဂျင်စီဖြစ်တဲ့Saram Entertainment ကလည်း The Governesses ရဲ့အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်မယ့်အကြောင်းကိုအတည်ပြုထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Lily-Rose Depp နဲ့ Renate Reinsve တို့ကလည်း တွဲဖက်သရုပ်ဆောင်မှာဖြစ်ပါတယ်။ အရင်လကတော့ Jung Ho Yeon ဟာ AppleTV+ ကထုတ်လွှင့်မယ့် Disclaimer ဆိုတဲ့ရုပ်သံစီးရီးမှာလည်း ပါဝင်လာဦးမယ်လို့ဆိုပါတယ်။ Jung …

Read More »

Jung Ho Yeon ကဲ့သို့ တောင်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာကျော်မင်းသမီးတစ်လက်ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ Pachinko မင်းသမီး

လက်ရှိမှာ Apple TV+ ကနေထုတ်လွှင့်ပြသနေတဲ့ Pachinko ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကို ရရှိနေပြီး အဓိကဇာတ်ဆောင်ဖြစ်တဲ့ Sunja ဇာတ်ရုပ်ကိုသရုပ်ဆောင်ထားတဲ့မင်းသမီး Kim Min Ha ကလည်းပဲဇာတ်လမ်းတွဲနဲ့အတူ ရေပန်းစားနေသူတစ်ယောက်ပါ။ Kim Min Ha ကတော့ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်နဲ့အတူ ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့ပုံရိပ်တွေကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိနေတာပါ။ တော်တော်များများကတော့ Kim Min Ha ကို Squid Game မင်းသမီး Jung Ho Yeon ကဲ့သို့ ကမ္ဘာနဲ့အဝှမ်းကျော်ကြားလာနိုင်တဲ့မင်းသမီးတစ်လက်ဖြစ်လာဖို့အတွက် မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ Kim Min Ha ကလည်းပဲ Jung Ho Yeon ရဲ့အေဂျင်စီဖြစ်တဲ့ Saram Entertainment …

Read More »

IU နဲ့ Jung Ho Yeon တို့ကိုကျော်တက်ပြီးတော့အင်စတာဂရမ်မှာ follower အများဆုံးကိုရီးယားမင်းသမီးတစ်လက်ဖြစ်လာတဲ့ Blackpink အဖွဲ့ဝင် Jisoo

Jisoo ကတော့ ထုတ်လွှင့်ပြီးစီးသွားပြီဖြစ်တဲ့ Snowdrop ဇာတ်လမ်းတွဲပြီးသွားပြီးနောက် လူမှုကွန်ယက်မှာ ကိုရီးယားနိုင်ငံရဲ့လူဦးရေထက်ပိုများတဲ့ follower အရေအတွက်က သူ့ရဲ့ကျော်ကြားမှုကိုပြသလို့နေပါတယ်။ မတ်လ(၁၈)ရက်နေ့မှာတော့ အင်စတာဂရမ်မှာ follower (၅၈) သန်းကျော်သွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလူသိများအောင်မြင်ရတာကို မြင်တွေ့ရပါတယ်။ ကိုရီးယားမင်းသမီးတွေကြားထဲမှာတော့ Jisoo ကတော့ အင်စတာဂရမ်မှာ follower အများဆုံးရှိသူတစ်ယောက် ဖြစ်ပါတယ်။ Dream ဇာတ်ကားနဲ့အတူ ပရိသတ်တွေဆီပြန်လာတော့မယ့် IU ကတော့ follower (၂၅.၆) သန်းနဲ့ နာမည်ကျော် Squid Game မင်းသမီး Jung Ho Yeon ကတော့ follower (၂၃)သန်း ရှိနေတာပါ။ Lee Sung Kyung ကတော့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးတဲ့မင်းသမီးဖြစ်ပြီး follower …

Read More »

2NE1၊ Girls’ Generation နဲ့ BIGBANG တို့ရဲ့ အမာခံပရိသတ်ဖြစ်ကြောင်းပြောကြလာတဲ့ Squid Game ရုပ်ရှင်စတား Jung Ho Yeon

Squid Game ဇာတ်လမ်းတွဲပြသပြီးနောက် နေ့ချင်းညချင်းကမ္ဘာနဲ့အဝှမ်းအောင်မြင်မှုတွေရရှိခဲ့တာကတော့ မော်ဒယ်လ်၊မင်းသမီးချော Jung Ho Yeon ပဲ ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်မှာလည်းပိုင်နိုင်သလို အမိုက်စားမော်ဒယ်လ်ကိုယ်လုံးနဲ့အတူ ကြော်ငြာများစွာမှာလည်း ပါဝင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ Jung HoYeon ကတော့ ဖေော်ဝါရီလ(၂၃)ရက်နေ့မှာ iD ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ Learn and Pass It On မှာ ကေပေါပ့်နဲ့ပတ်သက်ပြီးတော့ ပြောပြခဲ့ပါတယ်။ ကေပေါပ့်ကတော့ အာရှတွင်သာမက ကမ္ဘာတစ်ဝှမ်းကိုပါထိုးဖောက်အောင်မြင်လာတဲ့ဂီတလိုင်းတစ်ခုပဲဖြစ်ပါတယ်။ Jung HoYeonကတော့ နာမည်ကျော်ကေပေါပ့်အဖွဲ့တွေဖြစ်ကြတဲ့ 2NE1၊ Girls’ Generation နဲ့ BIGBANG တို့ရဲ့ အမာခံပရိသတ်လို့ ဆိုခဲ့ပါတယ်။ အင်တာဗျူးမှာတော့ Jung HoYeon ဟာ “မင်းဟာကိုရီးယားမှာကြီးပြင်းလာတယ်ဆိုရင် ကေပေါပ့်ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်နေမှာပါ။ ကျွန်မကတော့ …

Read More »

US Vogue မဂ္ဂဇင်းမှာ အာရှရဲ့ပထမဆုံးမျက်နှာဖုံးမော်ဒယ်လ်အဖြစ်ဖော်ပြခြင်းခံရတဲ့ Jung Ho Yeon

Jung Ho Yeon ကတော့ Squid Game ဇာတ်ကားကစလို့ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခုရရှိနေတာပါ။ အခုဆိုရင်လည်း ဂုဏ်ယူစရာမှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ သူကတော့ ဂုဏ်သတင်းကြီးတဲ့ US Vogue မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်ဖြစ်လာခဲ့တာပါ။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Saram Entertainmen က “Jung Ho Yeon ဟာ US Vogue မဂ္ဂဇင်းရဲ့ပထမဆုံးတစ်ဦးတည်းအာရှမော်ဒယ်လ်အဖြစ် မျက်နှာဖုံးမှာဖော်ပြခြင်းခံနေရပါပြီ။ ကမ္ဘာ့ဖက်ရှင်လောကမှာဖြစ်လာတဲ့ထူးခြားတဲ့ဒီလိုဖြစ်ရပ်ကတော့ Jung Ho Yeon ရဲ့လွှမ်းမိုးမှုကဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းဖို့လို့ရနေပါပြီ။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ Jung Ho Yeon ကတော့ Squid Game ပြီးနောက်ကြီးမားတဲ့အောင်မြင်မှုတွေရရှိလာပြီး အလုပ်တွေများခဲ့တဲ့အကြောင်းကို “Squid Game ထွက်ရှိလာတဲ့နေ့ရက်တွေကိုပြန်ပြောင်းပြောရရင် ကျွန်မဘဝကတစ်လအတွင်းကို လုံးဝစပြောင်းလဲသွားတာပါပဲ”လို့ …

Read More »

Squid Game ရိုက်ကူးတုန်းကထက် ကိုယ်အလေးချိန်ကျသွားတာကြောင့် ပရိသတ်တွေစိတ်ပူနေရတဲ့ Jung Ho Yeon

တောင်ကိုရီးယားနိုင်ငံကတော့ ဒရမ်မာဇာတ်လမ်းတွဲတွေမှာ အလွန်အောင်မြင်တာ လူအများသိကြမှာပါ။ ဒီနှစ်အတွင်း ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေထဲမှာတော့ Squid Game ကထိပ်ဆုံးကပါပဲနော်။ Squid Game ဇာတ်ကားနဲ့အတူ အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့မင်းသမီးကတော့ Jung Ho Yeon ပဲ ဖြစ်ပါတယ်။ Jung Ho Yeon ဟာ မော်ဒယ်လ်၊မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်က အင်စတာဂရမ်မှာပုံများစွာတင်ခဲ့တဲ့ပုံခဲ့ပြီးနောက် ပရိသတ်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေက ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး မှတ်ချက်များစွာပေးခဲ့ကြပါတယ်။ Star News နဲ့ အင်တာဗျူးတစ်ခုမှာတော့ Jung Ho Yeon ဟာ အလုပ်တွေရှုပ်တာကြောင့် အစားစားဖို့အချိန်တောင်မရှိလောက်အောင်ဖြစ်ပြီး အလေးချိန်တွေလည်း ကျခဲ့ကြောင်း ပြောခဲ့ပါတယ်။ သူကတော့ အမေရိကကိုရောက်ကာစကထက်တောင်မှ အဝတ်တွေကချောင်ကျနေပြီ လို့ ဆိုပါတယ်။ Squid Game …

Read More »
x