ပရိသတ်တွေကိုတမူထူးခြားတဲ့ပုံစံနဲ့ဆွဲဆောင်နိုင်တဲ့ကေပေါပ့်အိုင်ဒေါအဖွဲ့ကတော့ Mamamoo ပါ။ Mamamoo အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Wheein ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ SBS ကထုတ်လွှင့်တဲ့ Cultwo Show မှာပါဝင်ခဲ့ပြီး ဒီအစီအစဉ်မှာတော့ 2PM အဖွဲ့ဝင် Junho နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ Wheein ကတော့ ကျောင်းသူဘဝတုန်းက 2PM ဟာအရမ်းကို အောင်မြင်တဲ့အချိန်ဖြစ်ပြီး Junho ကိုသဘောကျခဲ့ရတယ်လို့ ဆိုပါတယ်။ Wheein ကတော့ ပရိသတ်တွေကြားရေပန်းစားတဲ့ The Red Sleeve ဇာတ်လမ်းတွဲ ရဲ့ OST ကိုသီဆိုခဲ့တာပဲဖြစ်ပါတယ်။ သူကတော့ Junho ပါဝင်ထားတဲ့ ဒရမ်မာဇာတ်လမ်းတွဲရဲ့OST ကို သီဆိုခွင့်ရခဲ့တာကြောင့်လည်း ကောင်းမွန်တဲ့အခွင့်အရေးဆိုပြီး ဝမ်းမြောက်ခဲ့တယ်လို့ဆိုပါတယ်။ The Red Sleeve …
Read More »