နိုင်ငံကျော်တေးသံရှင်ချစ်ကောင်းရဲ့ သမီးဖြစ်သူ အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူလိုပဲ ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်တစ်ခဲနက်အားပေးတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာနိုင်ခဲ့သလို သားဖြစ်သူ ဂျူနီယာချစ်ကောင်းကလည်း ဖခင်နဲ့ အစ်မဖြစ်သူလို ဂီတလမ်းကြောင်းပေါ်မှာ နေရာတစ်ခုရနိုင်ဖို့ကြိုးစားနေသူပါ။ မကြာသေးခင်ကမှ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိထားသလို လတ်တလောကိုဗစ်ကာလမှာတော့ မောင်နှမနှစ်ယောက်စလုံး ကုန်ပစ္စည်းများစွာကို အွန်လိုင်းကနေတဆင့် ရောင်းချပေးနေပါတယ်။ […]