Tag Archives: Kang Sora

ကလေးမွေးဖွားပြီးနောက် ဒရမ်မာရိုက်ကူးဖို့အတွက်ဆွေးနွေးနေပြီဖြစ်တဲ့ Kang Sora

မင်းသမီးချော Kang Sora ကတော့အနုပညာအလုပ်တွေနဲ့ဝေးကွာနေတာ နှစ်တွေကြာခဲ့ပါပြီ။ မီဒီယာတွေကတော့ (၂)နှစ်ခန့်ကြာပြီးတဲ့နောက်မှာ သူ့ကိုဖန်သားပြင်ပေါ်မှာတွေ့ရတော့မယ်လို့ ဆိုပါတယ်။ Kang Sora ကတော့ Doctor Stranger (2014) ၊ My Lawyer, Mr Jo (2016) ၊ Revolutionary Love (2017) နဲ့ The Beauty Inside (2018)လိုဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူကတော့ (၂၀၂၀)သြဂုတ်လမှာဆယ်လီမဟုတ်တဲ့သူနဲ့ လက်ထပ်ပြီးနောက်မှာတော့ ကလေးမွေးဖွားဖို့နဲ့ ပြုစုစောင့်ရှောက်ဖို့အတွက် အနုပညာအလုပ်တွေကိုရပ်နားထားခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ပိုမိုရင့်ကျက်သွားပြီဖြစ်တဲ့ပုံရိပ်တွေနဲ့အတူ မင်းသမီးချောလေးကတော့ ပရိသတ်တွေဆီကိုပြန်လာတော့မှာပါ။မင်းသမီးကတော့ လက်မထပ်ခင်မှာ ဒါရိုက်တာSon Jae Gon ရိုက်ကူးတဲ့ Secret Zoo ဆိုတဲ့ ရုပ်ရှင်ကားမှာပါဝင်ခဲ့တာပါ။ …

Read More »
x