ပရိသတ်တွေရဲ့အချစ်တော်မင်းသားချော Kang Tae Oh ကတော့ စတင်စစ်မှုထမ်းဆောင်ခဲ့ပြီဖြစ်ပြီးသူ့ရဲ့ပုံရိပ်တွေကတော့ ထွက်ရှိလာခဲ့ပါတယ်။ မင်းသားကတော့ Jeungpyeong မှာရှိတဲ့ လေ့ကျင့်ရေးစင်တာကိုဒီနေ့စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အခြေခံလေ့ကျင့်မှုတွေစတင်မှာ ဖြစ်ပါတယ်။ Kang Tae Oh ကတော့ ပေါ့ပေါ့ပါးပါး အင်္ကျီနဲ့ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။ […]

Kang Tae Oh ရဲ့အေဂျင်စီကတော့ စစ်မှုထမ်းရမယ့်အကြောင်းအရာအသေးစိတ်ကိုအတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသားကတော့ စက်တင်ဘာလ(၁၅)ရက်နေ့က သူ့ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံပွဲမှာ စစ်မှုထမ်းဆောင်ရန်စာရင်းသွင်းထားကြောင်းပြောပြခဲ့ပါတယ်။ သူကတော့ Jeungpyeong မှာရှိတဲ့ Training Center မှာ စက်တင်ဘာလ(၂၀)ရက်နေ့ကစတင်မှာဖြစ်ပါတယ်။ အခုလိုစစ်မှုထမ်းခြင်းအတွက် အထူးပွဲတွေဘာတစ်ခုမှလုပ်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ […]

မင်းသားချော Kang Tae Oh ကတော့ Extraordinary Attorney Woo ဒရမ်မာဇာတ်လမ်းတွဲထဲကနွေးထွေးပြီးဆွဲဆောင်မှုရှိတဲ့ပုံစံကြောင့် ပရိသတ်တွေရဲ့သဘောကျခြင်းခံနေရတာပါ။ မကြာသေးခင်ကတောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး အသက်ဆုံးပါးခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ မင်းသားKang Tae Ohကတော့ (၁၀)ရက်နေ့က သဘာဝဘေးအန္တရာယ်တွေခံစားရသူတွေကိုကယ်ဆယ်တဲ့အဖွဲ့အစည်းသို့ […]

မင်းသား Kang Tae Oh ကတော့ လက်ရှိရေပန်းစားနေတဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲနဲ့အတူနာမည်ကြီးနေသူတစ်ယောက်ပါ။ သူ့ကိုတော့ အခြားရုပ်သံဇာတ်လမ်းတွဲတွေမှာပရိသတ်တွေမြင်တွေ့ဖူးကြမှာပါ။ လက်ရှိပြသနေတဲ့ Extraordinary Attorney Woo ဇာတ်လမ်းတွဲကတော့ သူ့ရဲ့အအောင်မြင်ဆုံးဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ အသက်(၂၈)နှစ်ရှိနေပြီဖြစ်တဲ့ […]

Extraordinary Attorney Woo ဇာတ်လမ်းတွဲကတော့ ပြည်တွင်းမှာသာမက ပြည်ပမှာပါကျော်ကြားအောင်မြင်နေတဲ့ ဇာတ်လမ်းတွဲလေးပါပဲ။ ဒီဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေကလည်း ပရိသတ်တွေက စိတ်ဝင်စားခြင်းခံနေရတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ လီဂျွန်ဟိုအဖြစ်ပါဝင်ထားတဲ့မင်းသားချောKang Tae Oh တော့ စတင်ပြသချိန်မှာကတည်းက ရှေ့နေ Woo […]