တိုင်းတစ်ပါးယဉ်ကျေးမှုတွေ အများဆုံးစိမ့်ဝင်လာတဲ့ နှစ်ဆယ့်တစ်ရာစုခေတ်ကြီးထဲမှာ ခေတ်ပေါ်အကတွေကို စိတ်ဝင်တစားသင်ယူနေသူတွေများလာပေမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို စိတ်ဝင်တစားသင်ယူမယ့်သူတွေကတော့ တဖြည်းဖြည်းရှားလာပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် ခေတ်သစ်ပညာရေးစနစ်အရ အခြေခံပညာကျောင်းတွေမှာ အခြေခံကဗျာလွတ်အကနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို သင်ကြားဖို့ သတ်မှတ်လိုက်တာကတော့ တကယ်ကို ဝမ်းသာစရာပါ။ မြန်မာအကကို တကယ်တတ်ကျွမ်းလိမ္မာစွာ […]