ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်ယောက်ဖြစ်ပြီး မဇာလေးလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ခင်ဇာခြည်ကျော်ကတော့ Covid ကာလမှာ ရိုက်ကူးရေးတွေ ရပ်နားထားတော့ သူမရဲ့ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုကို အစပြုခဲ့ပါတယ် ။ အဲဒါကတော့ သူမရဲ့ လက်ရာ မာလာရှမ်းကောကို Online ကနေတဆင့် ရောင်းချဖို့အတွက် ပြင်ဆင်ခဲ့ပြီး ပရိသတ်တွေကို သူမရဲ့ မာလာရှမ်းကော အတွက် နာမည်စဉ်းစားခိုင်းပြီး ပရိသတ်အကြံပေးတဲ့နာမည်တွေထဲက သူမ သဘောအကျဆုံးနာမည်ကို ရွေးချယ်ခဲ့ပါတယ် ။ လက်ရှိမှာတော့ မိဇာ မာလာရှမ်းကော ဆိုတဲ့နာမည်နဲ့ မာလာရှမ်းကော ကို အွန်လိုင်းကနေတဆင့် ရောင်းချခဲ့ပြီး အရမ်းကို စားကောင်းလို့ ရောင်းမလောက်ပါဘူးတဲ့ ပရိသတ်ကြီးရေ ..။ ပရိသတ်တွေဆီက အကောင်းဆုံး Review တွေရခဲ့သလို အနုပညာရှင်တွေ တော်တော်များများကလည်း မဇာလေးရဲ့ …
Read More »Tag Archives: Khin Zarchi Kyaw
ကြည့်ရှုသူ (၁) သန်းကျော်ခဲ့တဲ့ထိ အားပေးကြမ်းခဲ့ကြတဲ့ ကိုဗစ်နဲ့ ဇီဇာကြောင် မေမေဇာ ဆိုတဲ့ ဗီဒီယိုလေး
ပရိသတ်ကြီးရေ နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က တော့ သားလေး ဘုန်းမင်းနေလ ၊ သမီးထင်သစ္စာတို့နဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သူမရဲ့ အနုပညာအမွေကို ဆက်ခံထားတဲ့ သားနဲ့သမီးကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ပါ ။ လတ်တလောမှာတော့ ဘုန်းမင်းနေလက ကိုဗစ်ကို အကြောက်လွန်တဲ့ မေမေဇာတစ်ယောက် ဘယ်လိုအလွဲတွေ ဖြစ်နေတယ်ဆိုတာကို ဗီဒီယိုလေး ရိုက်ကူးပြီး ပရိသတ်တွေကို သူ့ရဲ့ ပေ့ချ်ကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။ ကိုဗစ်ကူးမှာ စိုးရိမ်လို့ သားသမီးတွေကို ဆူပူရင်း အလွဲလေးတွေ ဖြစ်နေတာကို ဟာသ သဘောမျိုးရိုက်ကူးထားတာဖြစ်ပြီး ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့တာပဲဖြစ်ပါတယ် ။ ခုလို (၂၄) နာရီအတွင်းကြည့်ရှုသူ (1.3) M …
Read More »သစ်တံခါးဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်ကပ်လှူခဲ့တဲ့ ခင်ဇာခြည်ကျော်တို့ မိသားစု
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခင်ဇာခြည်ကျော်တို့ မိသားစုကတော့ ဒီနေ့ ဇူလိုင်လ (၃၁)ရက်နေ့မှာ သစ်တံခါးဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပါတယ်။ ခင်ဇာခြည်ကျော်ကတော့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လက်ရှိမှာတော့ သားဖြစ်သူ ဘုန်းမင်းနေလနဲ့ သမီးဖြစ်သူ ထင်သစ္စာတို့နှစ်ယောက်စလုံးကပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော် မိသားစုပဲဖြစ်ပါတယ်။ ဒီနေ့မှာပြုလုပ်တဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးကို ပရိသတ်တွေလည်း ထပ်တူထပ်မျှကုသိုလ်ရအောင် သာဓုခေါ်ဆိုနိုင်ဖို့ ခင်ဇာခြည်ကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ခင်ဇာခြည်ကျော်တို့ ဒီနေ့မှာပြုလုပ်တဲ့ ခင်ဇာခြည်ကျော်တို့ မိသားစုရဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနိုင်စေဖို့ CeleGabar ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ Chilli – CeleGabar …
Read More »ရိုက်ကူးရေးတွေပြန်လုပ်နိုင်ဖို့ လာရောက်စစ်ဆေးမှုခံယူပြီး သရုပ်ပြရိုက်ကူးရေးလုပ်ခဲ့တဲ့ ခင်ဇာခြည်ကျော်
အကယ်ဒမီမင်းသမီး တစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပီပြင်လွန်းတဲ့ ဝါရင့်မင်းသမီး တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ သားဖြစ်သူ ဘုန်းမင်းနေလ ကိုလည်း အနုပညာလမ်းကြောင်းပေါ် တင်ပေးပြီး သားအမိနှစ်ယောက် အတူတူ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ ရိုက်ကူးရေးများ ပြန်လည်ပြုလုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လာရောက်စစ်ဆေးမှုခံယူပြီးညွှန်ကြားချက်များ ချထားနိုင်ရေးသရုပ်ပြရိုက်ကူးရေးပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ဒီသတင်းကို ခင်ဇာခြည်ကျော်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး ရိုက်ကူးရေးအမှတ်ရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကိုပြန်လည်မျှဝေပေးထားပါသေးတယ် ။ မတွေ့တာကြာ တဲ့ အနုပညာ မောင်နှမ တွေ ပြန်တွေ့တာကြောင့် အရမ်းကိုပျော်ရွှင်နေပြီး အမြန်ဆုံး ပြန်လည် ရိုက်ကူး ခွင့်ရပါရစေလို့လည်း ရေးသားထားပါသေးတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် …
Read More »သမီးလေးရဲ့(၁၆)နှစ်ပြည့်မွေးနေ့ကို ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ခင်ဇာခြည်ကျော်
ခင်ဇာခြည်ကျော်ကတော့ ပရိသတ်အချစ်တော်ဝါရင့်မင်းသမီးတွေထဲကတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ ခင်ဇာခြည်ကျော်ကတော့ သားသမီးတွေနဲ့အတူ ပျော်ရွှင်စွာနဲ့ဘဝကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်လာတာကြောင့် ပရိသတ်တွေရဲ့လေးစားအားကျခြင်းကိုလည်း ခံရသူတစ်ယောက်ပါ။ ဒီနေ့ကတော့ သမီးဖြစ်သူရဲ့မွေးနေ့ဖြစ်တာကြောင့် သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Happy Birthday ပါ မေမေ့ အသဲလေး ရေ HtinThitsar သမီးလေး ရဲ့ (၁၆) နှစ်ပြည့် မွေးနေ့မှစ၍ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး မိဘကျေးဇူးသိတတ်တဲ့ သမီး ကောင်းရတနာလေးဖြစ်ပါစေ…ပညာတတ်ကြီး လည်းဖြစ်ပါစေ….မိသားစု အတွက်အရမ်းလိမ်မာတဲ့ သမီး မို့ ကျေးဇူးတင်ပါတယ် သဲလေးရေ… ၂၅.၆.၂၀၂၀”ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ ခင်ဇာခြည်ကျော်ရဲ့သားဖြစ်သူဘုန်းမင်းနေလကတော့ အနုပညာအလုပ်တွေလုပ်နေသလို ပရိသတ်အခိုင်အမာရရှိနေပြီး သမီးဖြစ်သူကတော့ အမေဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေလုပ်နေတာကြောင့် ပရိသတ်အချစ်တွေကို ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ သမီးဖြစ်သူထင်သစ္စာရဲ့(၁၆)နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ် ပရိသတ်ကြီးရေ… Source …
Read More »