Tag Archives: Kim Da Mi

ဇာတ်ကားသစ် ‘The Great Flood’ နဲ့ ပရိသတ်တွေဆီပြန်လာမယ့် Kim Da Mi

မင်းသမီးချော Kim Da Mi ကတော့ သရုပ်ဆောင်ပိုင်နိုင်တဲ့မင်းသမီးတစ်လက်အဖြစ်လည်း ပရိသတ်တွေဆီကအချစ်တွေရရှိထားပါတယ်။ Itaewon Class (2020) နဲ့ Our Beloved Summer (2021-2022) စတဲ့ဇာတ်လမ်းတွဲတွေကြောင့်လည်း လူသိများပါတယ်။ Kim Da Mi ကတော့ Netflix ကနေတစ်ဆင့် ပရိသတ်တွေဆီပြန်လည် တွေ့ဆုံဦးမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဇာတ်လမ်းတွဲမဟုတ်ဘဲ ရုပ်ရှင်ဇာတ်ကားThe Great Floodနဲ့အတူ ပရိသတ်တွေဆီပြန်လာမှာပါ။ ဒီဇာတ်ကားမှာတော့ မင်းသမီးချော Kim Da Mi နဲ့အတူ Money Heist Korea ဇာတ်ကားရဲ့မင်းသားဖြစ်တဲ့ Park Hae Sooလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ The Great Flood …

Read More »

Song Hye Kyo နဲ့ Yoo Ah In တို့လိုနာမည်ကြီးတွေရှိတဲ့ အေဂျင်စီနဲ့စာချုပ်ချုပ်ဆိုဖို့ဆွေးနွေးနေတဲ့ Kim Da Mi

အရပ်မြင့်မြင့်သေးသေးသွယ်သွယ်နဲ့ချစ်စရာကောင်းတဲ့မင်းသမီးချောလေး Kim Da Mi ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ သူကတော့ ရုပ်ရှင်တစ်ကားဆိုဆိုသလောက် အောင်မြင်သူဖြစ်ပြီးထုတ်လွှင့်ပြသခဲ့တဲ့ Itaewon Clas နဲ့ Our Beloved Summer ဒရမ်မာစီးရီးတွေကလည်း ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသမီးတစ်လက်လည်းဖြစ်သလို မော်ဒယ်လ်တစ်ယောက်လည်းဖြစ်တဲ့ Kim Da Mi ကတော့ နာမည်ကြီးအေဂျင်စီတစ်ခုနဲ့စာချုပ်ချုပ်ဆိုဖို့ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။ Kim Da Mi ကတော့ ANDMARQ ဆိုတဲ့အေဂျင်စီနဲ့လမ်းခွဲခဲ့ပြီး United Artist Agency (UAA) နဲ့အလုပ်လုပ်ကိုင်ဖို့ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီအေဂျင်စီကတော့ ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့ Song Hye Kyo နဲ့ မင်းသားYoo Ah In တို့ရှိတဲ့ …

Read More »

ပရိသတ်တွေမမှတ်မိလောက်စရာအသွင်အပြင်နဲ့ပြန်လည်ထွက်ပေါ်လာတဲ့မင်းသမီးချော Kim Da Mi

လူငယ်သရုပ်ဆောင်တွေထဲမှာ Kim Da Mi ကတော့ အနုပညာအရည်အချင်းအပြည့်ရှိပြီး ရိုက်ကူးသမျှဇာတ်ကားတိုင်းလိုလိုဟာအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူကတော့ ရုပ်ရှင်ဇာတ်ကားမှာဆိုရင် လူပေါင်း(၁၅၀၀) ကျော်ထဲကမှ ရွေးချယ်ခံရပြီး The Witch ဇာတ်ကားနဲ့ပွဲဦးထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒရမ်မာဇာတ်လမ်းတွဲမှာ Itaewon Class ဇာတ်လမ်းတွဲနဲ့စတင်ခဲ့ပြီး ဂျစ်ကန်ကန်နဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးနဲ့တွဲပြီးတော့သတိထားမိတဲ့အထိအလွန်အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ နုနယ်ပြီးချစ်စရာကောင်းလှတဲ့မင်းသမီးချောလေးKim Da Mi ကတော့ မြင်နေကျပုံစံနဲ့မတူဘဲနဲ့ ကွဲပြားခြားနားနဲ့ပုံရိပ်တွေနဲ့ ပရိသတ်တွေကိုမှင်သက်စေခဲ့ပါတယ်။ သူကတော့ W Korea အတွက်ရိုက်ကူးပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ပုံရိပ်တွေကို အင်စတာဂရမ်မှာတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပုံရိပ်တွေထဲမှာတော့ သူဟာမြင်တွေ့နေကျပုံစံမဟုတ်ဘဲ လှပတဲ့အမျိုးသမီးတစ်ဦးအဖြစ်ကျော့ရှင်းစွာတွေ့ရတာပါ။ ပုံတွေကို ရုတ်တရက်ကြည့်တဲ့အချိန်မှာ မင်းသမီး Kim Da Mi မှန်းမသိရလောက်အောင်ကွဲပြားနေခဲ့တာပါ။ မော်ဒယ်လ်အဖြစ်လည်းလုပ်ကိုင်နေတဲ့ Kim Da …

Read More »

အထူးရုပ်ရှင်အအဖြစ်ဆက်လက်ထုတ်လွှင့်ဦးမယ့် ‘Our beloved Summer’

ပရိသတ်တွေကြားရေပန်းစားပြီးလူကြိုက်များတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Our beloved Summer ကိုတော့ အထူးရုပ်ရှင်အဖြစ်ဆက်လက်ရိုက်ကူးသွားဦးမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ (၁၆) ပိုင်းပါဝင်ပြီး ဇန်နဝါရီလ(၂၅)ရက်နေ့မှာ နောက်ဆုံးပိုင်းကိုထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ (၂၇)ရက်နေ့မှာတော့ အထူးရုပ်ရှင်ကိုဆက်လက်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Our beloved Summer ကတော့ ဆယ်နှစ်ကျော်ကြာမှ ပြန်လည်ဆုံတွေ့ရတဲ့ချစ်သူနှစ်ဦးအကြောင်းကို ရိုက်ကူးထားတဲ့ လွမ်းမောကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းတွဲလေးတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ တစ်ချိန်ကသိပ်ချစ်ခဲ့ရတဲ့ချစ်သူကိုပြန်တွေ့ရတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ခံစားချက်တွေကို ပုံဖော်ထားတာဖြစ်ပြီး အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Kim Da Mi နဲ့ Choi Woo Shik တို့ကတော့ အတွဲညီညီသရုပ်ဆောင်ထားတာပါ။ အခုဆိုရင်တော့ ပရိသတ်တွေကြိုက်နှစ်သက်နေတဲ့ဒီဇာတ်လမ်းတွဲကို အထူးရုပ်ရှင်အနေနဲ့ပရိသတ်တွေကို ဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပြီး သရုပ်ဆောင်တွေနဲ့အင်တာဗျူး၊ ဇာတ်လမ်းအကျဉ်းချုပ်စတာတွေပါဝင်မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ တစ်ပတ်တာ ရေပန်းအစားဆုံးဇာတ်ကားများစာရင်းမှာထိပ်ဆုံးနေရာရခဲ့သလို သရုပ်ဆောင်တွေဖြစ်တဲ့ Kim …

Read More »

ရေပန်းစားတဲ့သရုပ်ဆောင်စာရင်းမှာ Song Hye Kyo နဲ့ Kwon Na Ra တို့ကိုကျော်ပြီး ပထမနေရာရရှိခဲ့တဲ့မင်းသမီး

Good Data ကထုတ်ပြန်လိုက်တဲ့ ဇန်နဝါရီလပထမအပတ်ရဲ့ ရေပန်းစားတဲ့ဒရမ်မာဇာတ်လမ်းတွဲတွေစာရင်းမှာ Our Beloved Summer မှာ ထိပ်ဆုံးမှာရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဒရမ်မာဇာတ်လမ်းတွဲချစ်သူတွေကြားမှာလည်း ရေပန်းစားနေတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ အထက်တန်းကျောင်းမှာရိုက်ကူးခဲ့တဲ့မှတ်တမ်းရုပ်ရှင်ပြန်လည်ခေတ်စားလာတာကြောင့် လမ်းခွဲခဲ့ကြတဲ့ချစ်သူနှစ်ဦးပြန်လည်တွေ့ဆုံခဲ့ကြတဲ့အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတဲ့ လူငယ်အချစ်ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းတွဲမှာတော့ Kim Da Mi နဲ့ Choi Woo Sik တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီသီတင်းပတ်ရဲ့ရေပန်းစားတဲ့သရုပ်ဆောင်တွေစာရင်းမှာတော့ သူတို့နှစ်ဦးဟာ နံပါတ်(၁) နဲ့ (၂) အသီးသီးရရှိခဲ့ကြတာပါ။ နံပါတ်(၄) နဲ့ (၅) နေရာမှာတော့ Young Lady and Gentleman ဇာတ်လမ်းတွဲက Lee Se Hee နဲ့ Ji Hyun Woo …

Read More »

‘The Witch: Part 2’ ဇာတ်ကားမှာ မြင်တွေ့ရမယ့် Lee Jong Suk နဲ့ Kim Da Mi

ပရိသတ်တွေစိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ခုရဲ့ သတင်းကတော့ထွက်ရှိလာပါပြီ။ အဲ့ဒါကတော့ ‘The Witch: Part 2’ လို့ အမည်ရတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာတော့ Lee Jong Suk နဲ့ Kim Da Mi တို့က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ လူသတ်လက်နက်အဖြစ်အသုံးချခံရဖို့အတွက် လေ့ကျင့်ပေးထားခံရတဲ့ အထက်တန်းကျောင်းသူ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေကို သက်ရှိအလောင်းတွေမှာ ပြုလုပ်တာဖြစ်ပြီး အထောက်အထားနဲ့ပတ်သက်ပြီး ပြသနာပေါ်လာချိန်မှာတော့ ဒီအမျိုးသမီးဟာ ရာဇဝတ်မှုမှာပါဝင်လာခဲ့တဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပါ။ ပရိသတ်တွေကတော့ “The Witch: Part 1” ကြိုက်နှစ်သက်ခဲ့ ကြပါတယ်။ ဒီဇာတ်လမ်းကိုတော့ နာမည်ကျော်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Park Hoonjung က ရိုက်ကူးထားတာပါ။ …

Read More »
x