Tag Archives: Kim Garam

ကျောင်းတွင်းမှာအနိုင်ကျင့်မှုလုပ်ခဲ့တယ်ဆိုပြီးစွပ်စွဲခံရတဲ့ LE SSERAFIM အဖွဲ့ဝင် Kim Garam နဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ကြေညာခဲ့

ကေပေါပ့်အဖွဲ့အသစ်တစ်ခုဖြစ်တဲ့ LE SSERAFIM ကိုတော့ HYBE နဲ့ Source Music ကနေပြီးတော့ မွေးထုတ်ပေးခဲ့တာဖြစ်ပြီး အခုဆိုရင် Fearless ဆိုတဲ့သီချင်းတစ်ပုဒ်နဲ့ပွဲဦးထွက်ခဲ့ပါတယ်။ ဒီသီချင်းကတော့အတော်လေးလူကြိုက်များခဲ့ပြီး ပရိသတ်တွေကြားရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။ အောင်မြင်မှုတွေနဲ့ပွဲဦးထွက်လာတဲ့ LE SSERAFIM ရဲ့အဖွဲ့ဝင်တစ်ယောက်ကတော့ ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာပါ။ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Kim Garam ကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုလုပ်ခဲ့တယ်ဆိုပြီး ဒီရက်ပိုင်းမှာသတင်းတွေထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်ကျောင်းမှာလည်း သတိပေးစာထုတ်ပြန်ခံခဲ့ရတယ်ဆိုပြီးတော့ စာတစ်စောင်ကအွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။ ဒီလိုသတင်းတွေနဲ့ပတ်သက်ပြီး HYBE နဲ့ Source Music တို့ကတော့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မေလ(၁၆)ရက်နေ့မှာတော့ အခုလိုကောလာဟလတွေထွက်ရှိခဲ့တာနဲ့ပတ်သက်ပြီး တရားဥပဒေအရအရေးယူဖို့စတင်နေပြီဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို တရားရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေအတိုင်း ထုတ်ဖော်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကောလာဟလတွေလိုမဟုတ်ဘဲ အဖွဲ့ဝင်ကိုယ်တိုင်ဟာလည်း ဆိုးဝါးတဲ့မှတ်ချက်တွေနဲ့ အင်တာနက်ကနေပြီးတော့မဟုတ်မမှန်တဲ့သတင်းတွေရဲ့အနိုင်ကျင့်ခံရတဲ့သူဖြစ်ကြောင်းလည်း …

Read More »
x