ဇန်နဝါရီလ(၂၂)ရက်နေ့မှာတော့ Flix Patrol ကနေပြီးကိုရီးယားဇာတ်ကားဖြစ်တဲ့ Jung_E ဟာ Netflix မှာနံပါတ်တစ်နေရာကို သိမ်းပိုက်ထားကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံအပါအဝင်နိုင်ငံပေါင်း(၃၂)နိုင်ငံမှာ ပထမနေရာကိုရယူထားတာလည်း ဖြစ်ပါတယ်။ Jung_E ဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းဖြစ်ပြီး တပ်သားJung Yi (Jung E) ရဲ့ဦးနှောက်ကိုပုံတူပွားပြီး အကောင်းဆုံး AI ကိုဖန်တီးဖို့ကြိုးပမ်းကြတဲ့သူတွေရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ကမ္ဘာကြီးကရာသီဥတုတွေဖောက်ပြန်လာတဲ့အခါမှာ ကမ္ဘာကြီးကိုစွန့်ခွာပြီးနေရာအသစ်ကိုပြောင်းရွှေ့ကာစစ်ပွဲကိုအဆုံးသတ်ဖို့ မျှော်လင့်ထားကြတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မင်းသမီး Kim Hyun Joo ကတော့ စစ်ပွဲအတွင်းမှာအောင်မြင်မှုများစွာကိုရယူနိုင်ခဲ့တဲ့တပ်သား Jung Yi နေရာကနေပါဝင်ထားတာပါ။ ဒါ့အပြင်သေဆုံးသွားပြီဖြစ်တဲ့မင်းသမီးကြီး Kang Soo Yeon ကလည်း Jung_E ကို အကောင်အထည်ဖော်တဲ့သုတေသနဌာနရဲ့အကြီးအကဲ Seo Hyun နေရာကနေပါဝင်ထားတာဖြစ်ပါတယ်။ …
Read More »Tag Archives: Kim Hyun Joo
စိတ်လှုပ်ရှားစရာကောင်းတဲ့ဇွန်ဘီးဇာတ်ကားနဲ့ပရိသတ်တွေရှေ့ ပြန်လာဦးမယ့် Kim Hyun Joo
(၂၀၀၀) ခုနှစ်တွေကတည်းက ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ Kim Hyun Joo ကတော့ လက်ရှိအချိန်မှာလည်း ပရိသတ်တွေရဲ့အချစ်ကိုရယူထားနိုင်ဆဲပါ။ အသက်နဲ့မလိုက်အောင်နုပျိုတဲ့မင်းသမီးကတော့ Train To Busan နဲ့ Peninsula စတဲ့နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာနဲ့အတူဇာတ်လမ်းတွဲသစ်ရိုက်ကူးကာ ပရိသတ်တွေဆီပြန်လာမယ်လို့ယူဆရပါတယ်။ တီဗီဖန်သားပြင်မှာမမြင်တွေ့ရတာတစ်နှစ်လောက်ကြာပြီးနောက်မှာတော့ မင်းသမီးကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ဇွန်ဘီးဇာတ်ကားနဲ့ပရိသတ်တွေရှေ့ ပြန်လာဦးမယ်လို့သူ့ရဲ့အေဂျင်စီကအတည်ပြုလိုက်တာပါ။ သူကတော့ Netflix စီးရီးတစ်ခုဖြစ်တဲ့ Family Burial Grounds မှာပါဝင်ဖို့ကမ်းလှမ်းခံထားရတာပါ။ ဒီဇာတ်ကားကတော့ တစ်ရွာလုံးဟာဇွန်ဘီးတွေအဖြစ်မပြောင်းလဲခင်မှာ ထိတ်လန့်ဖွယ်ရာ လက္ခဏာအမျိုးမျိုးနဲ့ကြုံရတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ထိတ်လန့်သည်းဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Kim Hyun Joo ကတော့ ဒီဇာတ်ကားမှာပါဝင်ဖို့အတွက် အပြုသဘောဆောင်သုံးသပ်နေတာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့မယ်ဆိုရင်တော့ ထိတ်လန့်သည်းဖို့ဇာတ်ကားတွေနဲ့နာမည်ကျော်တဲ့ဒါရိုက်တာနဲ့(၃)ကြိမ်မြောက်လက်တွဲတာဖြစ်လာမှာပါ။ သူပါဝင်ထားတဲ့ JUNG_E ဇာတ်ကားကလည်း post production …
Read More »