Jisoo ကိုတော့ ကမ္ဘာကျော် BLACKPINK အဖွဲ့ဝင်အိုင်ဒေါတစ်ယောက်အနေနဲ့ ပရိသတ်တွေကရင်းနှီးပြီးသားပါ။ အခုဆိုရင်တော့ Snowdrop ဇာတ်လမ်းတွဲနဲ့အတူ သရုပ်ဆောင်တစ်ယောက်အဖြစ် ပွဲဦးထွက်လာပါပြီ။ ဒီဇာတ်လမ်းဟာ ကောင်းမွန်တဲ့ဇာတ်လမ်းဇာတ်အိမ်တွေတင်သာမက အရည်အသွေးပြည့်ဝတဲ့သရုပ်ကောင်းတွေနဲ့ ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲပါ။ Jisoo ဟာ လူသစ်တစ်ယောက်အနေနဲ့ ပရိသတ်တွေနှစ်ခြိုက်လောက်စရာကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ သူဟာ ကြောက်စရာကောင်းတဲ့အမြင့်မှာနေပြီး ဇာတ်လမ်းရိုက်ကူးချိန်မှာလည်း စတန့်သမားကိုအသုံးမပြုဘဲကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ ကေပေါပ့်အိုင်ဒေါတွေဟာ ပြစ်မျိုးမှဲ့မထင်ပြီးပြည့်စုံတဲ့အလှတရားတွေကို ပရိသတ်တွေကိုပြသလေ့ရှိပေမယ့် Jisoo ကတော့ ဒီဇာတ်ကားမှာ သူ့ရဲ့အလှအပအတွက်စိတ်ပူခြင်းမရှိဘဲ ယောင်းရိုဇာတ်ရုပ်အတွက်သာ အပြည့်အဝသရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မိတ်ကပ်မပါတဲ့မျက်နှာနဲ့တောင်မှ ရိုက်ကူးထားတဲ့အခန်းပါဝင်ပါတယ်။ Jisoo ဟာ အိုင်ဒေါတစ်ယောက်အနေနဲ့ ပရိသတ်တွေသဘောကျရသလို သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အကောင်းဆုံးကြိုးစားအားထုတ်မှုတွေရှိတာကြောင့် ချီးကျူးမှုတွေရရှိနေခဲ့ပါပြီ။
Read More »Tag Archives: Kim Jisoo
ဝေဖန်ကန့်ကွက်မှုများစွာရှိခဲ့ပေမဲ့ မကြာခင်မှာပရိသတ်ရှေ့ရောက်ရှိလာတော့မယ့် “Snowdrop”ဇာတ်လမ်းတွဲ
“Snowdrop” ဇာတ်လမ်းတွဲကတော့ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့မင်းသားJung Hae-in ကြောင့်သာမက Blackpink အဖွဲ့ဝင် Kim Jisoo ရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်တာကြောင့်လည်း ပရိသတ်စိတ်ဝင်စားမှုများစွာရရှိနေတာပါ။ ဒီဇာတ်ကားမှာ Kim Jisoo ဟာ အဓိကသရုပ်ဆောင်အနေနဲ့ပထမဆုံးခြေလှမ်းခဲ့တာဖြစ်ပေမဲ့ ကေပေါပ့်အိုင်ဒေါတစ်ယောက်အနေနဲ့တော့ ကမ္ဘာတစ်ဝှမ်းအောင်မြင်မှုရရှိပြီးသားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ “Snowdrop” ဇာတ်လမ်းတွဲဟာ(၁၉၈၀) ခုနှစ်ဝန်းကျင်ကိုပြန်လည် ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ နိုင်ငံရေးနောက်ခံသမိုင်းကြောင်းတွေပါဝင်ပြီး မြောက်ကိုရီးယားနိုင်ငံသားဆူဟို နဲ့တောင်ကိုရီးယားတက္ကသိုလ်ကျောင်းသူယောင်းရိုတို့ကြားက အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ ဝေဖန်ကန့်ကွက်တဲ့သူတွေရှိခဲ့ပေမဲ့ အောင်မြင်စွာရိုက်ကူးပြီးစီးခဲ့ပြီး သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာ JTBC နဲ့ Disney+ ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသတော့မှာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ပရိသတ်ကြိုက်နှစ်သက်တဲ့ Yoo In-na, Jang Seung-jo, Kim Hye-yoon, Yoon Se-ahနဲ့ Jung Yoo-jin စတဲ့ အခြားသောနာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။ …
Read More »