A Business Proposal ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကြားအောင်မြင်မှုများစွာရရှိခဲ့ပြီး ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း ချီးကျူးမှုတွေရရှိထားပါတယ်။ အဲ့ဒီအထဲကမှ Kim Min Gyu နဲ့ Seol In Ah တို့နှစ်ဦးကတော့ သရုပ်ဆောင်ရာမှာအချိတ်အဆက်မိပြီး ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ ချစ်သူတွေအဖြစ်အလွန်ပီပြင်ခဲ့ပြီး ပရိသတ်တွေကို သဘောကျစေခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးကိုလက်တွေ့ဘဝမှာပါ ချစ်သူတွေအဖြစ်မြင်တွေ့ချင်နေကြတာလည်း ဖြစ်ပါတယ်။ Kim Min Gyu ကတော့ မကြာသေးခင်မှာ The Manager ဆိုတဲ့အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာတော့ အစီအစဉ်တင်ဆက်သူက A Business Proposal ဇာတ်ကားထဲကဇာတ်ဝင်ခန်းကိုအတော်လေးသဘောကျခဲ့ပြီး မင်းနဲ့ Seol In Ah တို့နှစ်ဦးကြားထဲမှာတစ်ခုခုရှိနေတယ်လို့ခံစားရတယ်ဆိုပြီး ပြေဆိုခဲ့ပါတယ်။ Kim Min …
Read More »