တောင်ကိုရီးယားနိုင်ငံကတော့ မျက်နှာခွဲစိတ်ပြုပြင်မှုများတဲ့နိုင်ငံဖြစ်ပြီးတော့ အနုပညာရှင်တွေကလည်း ခွဲစိတ်ပြုပြင်မှုတွေလုပ်ကြပါတယ်။ မင်းသမီး Kim Se Jeong ကတော့ မျက်နှာခွဲစိတ်ပြုပြင်မှုတွေပြုလုပ်ထားတယ်ဆိုပြီး သတင်းတွေထွက်နေတာပါ။ မင်းသမီးကတော့ A Business Proposal ဇာတ်ကားနဲ့အတူ ပရိသတ်တွေကြားရေပန်းစားလာသူပါ။ သူကတော့ ဒရမ်မာဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Today’s Webtoon ကို ပရိသတ်တွေကို ပရိုမိုးရှင်းလုပ်ဖို့ရန်အတွက် ဟာသသရုပ်ဆောင် Lee Yong Jin ရဲ့ YouTube ချန်နယ်မှာ ဧည့်သည်အဖြစ်ပါဝင်လာပါတယ်။ ဒီအစီအစဉ်မှာတော့ Kim Se Jeong ကတော့ သူ့ရဲ့မျက်ခွံတွေဟာခွဲစိတ်ထားတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ သူကတော့ ဒီလိုကောလာဟလတွေကိုရပ်တန့်သွားဖို့ သူငယ်ချင်းဖြစ်သူရဲ့အကောင့်ကိုသုံးပြီး ပိုစ့်တစ်ခုတင်ခဲ့တဲ့အကြောင်းကိုလည်း ရယ်မောပြောခဲ့ပါတယ်။ မင်းသမီးကတော့ လူအများရဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့မျက်ခွံတွေဟာ သဘာဝအတိုင်းဖြစ်ကြောင်း ပြောချင်ခဲ့တယ်လို့ …
Read More »Tag Archives: Kim Se Jeong
နောက်ဆုံးပိုင်းမှာ ကောင်းမွန်တဲ့ကြည့်ရှုနှုန်းတွေရရှိခဲ့တဲ့ A Business Proposal
ပရိသတ်တွေကြိုက်နှစ်သက်တဲ့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲအချို့ကတော့ ဇာတ်သိမ်းပိုင်းကိုပြသပြီးခဲ့ပါပြီ။အဲ့ဒီအထဲမှာတော့ လူကြိုက်များတဲ့ဒရမ်မာတစ်ခုဖြစ်တဲ့ A Business Proposal လည်း ပါဝင်ပါတယ်။ A Business Proposalကတော့ နောက်ဆုံးပိုင်းအထိ ပရိသတ်ကိုဖမ်းစားထားနိုင်ပြီး ကောင်းမွန်တဲ့စံချိန်တွေရရှိထားပါတယ်။ နောက်ဆုံးအပိုင်းကိုထုတ်လွှင့်ခဲ့တဲ့ ဧပြီလ(၅)ရက်နေ့မှာ ကြည့်ရှုနှုန်းဟာ (၁၁.၄%) ရှိခဲ့တယ်လို့ Nielsen Korea မှ ထုတ်ပြန်ထားပါတယ်။ ဒါဟာ ရှေ့ကပြသခဲ့တဲ့အပိုင်းထက် (ဝ.၈%)တိုးလာတာဖြစ်ပြီး တနင်္လာ-အင်္ဂါမှာပြသတဲ့ဒရမ်မာတွေထဲမှာတော့ ကြည့်ရှုနှုန်းမှာနံပါတ်တစ်ပါပဲ။ ဒီဇာတ်လမ်းတွဲရဲ့အမြင့်ဆုံးကြည့်ရှုနှုန်းဖြစ်တဲ့(၁၁.၆%)ကိုမရောက်ရှိခဲ့ပေမယ့် ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားတာ အသေအချာပါပဲ။ ဇာတ်သိမ်းပိုင်းကတော့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Kang Tae Moo နဲ့ Shin Ha Ri တို့နှစ်ဦးဟာ လက်ထပ်ဖို့ကတိပြုခဲ့ပြီး ပျော်ရွှင်ကြည်နူးဖွယ်အဆုံးသတ်လေးဖြစ်ခဲ့ပါတယ်။ ဇာတ်သိမ်းပိုင်းကတော့ ပရိသတ်တွေအကြိုက်တွေ့မှာ အသေအချာပါပဲနော်။ Zawgyi ဖြင့်ဖတ်ရန် ေနာက္ဆုံးပိုင္းမွာ …
Read More »မျိုးဆက်သစ်တွေထဲမှာ rom-com queen တွေဖြစ်ဖို့ အလားအလာရှိတဲ့ Kim Tae Ri နဲ့ Kim Se Jeong
လက်ရှိအချိန်မှာ ပရိသတ်တွေကြားထဲနာမည်ကြီးရေပန်းစားအစားဆုံးမင်းသမီးတွေကတော့ Twenty Five – Twenty One ဇာတ်လမ်းတွဲရဲ့မင်းသမီး Kim Tae Ri နဲ့ A Business Proposal မင်းသမီး Kim Se Jeongတို့နှစ်ဦးပါ။ လက်ရှိရေပန်းစားနေတဲ့ဇာတ်လမ်းတွဲတွေမှာ သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ကိုရီးယားမှာတင်မက ပြည်ပနိုင်ငံတွေက ပရိသတ်တွေကြားပါ ရေပန်းစားလာတာပါ။ Kim Tae Ri ကတော့ အသက်(၃၂)ရှိနေပြီဆိုပေမဲ့ ဆယ်ကျော်သက်အရွယ်ဇာတ်ရုပ်ကိုပိုင်နိုင်ခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းပြီး ဆန်းသစ်တဲ့ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဇာတ်ရုပ်နဲ့အတူဆွဲဆောင်မှုရှိပြီး ကြံ့ခိုင်တဲ့ပုံစံတွေကတော့ အမျိုးသမီးပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားကလည်း ကြည့်ရှုနှုန်း (၁၀%) ကျော်အထိရှိခဲ့တာပါ။ တစ်ဖက်မှာလည်း မင်းသမီး Kim Se Jeong ကတော့ ဆွဲဆောင်မှုရှတဲ့ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့အသည်းကိုဖမ်းစားထားနိုင်တာပါ။ …
Read More »ပရိသတ်တွေနဲ့တွေ့ဆုံဖို့အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရတဲ့ “A Business Proposal” ဇာတ်လမ်းတွဲမင်းသမီး Kim Se Jeong
A Business Proposal ဇာတ်လမ်းတွဲနာမည်ကြီးရေပန်းစားနေခြင်းနဲ့အတူ အဓိကဇာတ်ဆောင်မင်းသမီး Kim Se Jeong ကလည်း ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတာပါ။ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်သလို ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်မှုကြောင့်လည်း ချီးကျူးမှုတွေရရှိထားပါသေးတယ်။ သူ့ရဲ့အေဂျင်စီကတော့ Kim Se Jeong ဟာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရပြီး လက်ရှိအလုပ်တွေကို ရပ်နားထားတာပဲဖြစ်ပါတယ်။ A Business Proposal ဇာတ်လမ်းတွဲကတော့ ရိုက်ကူးမှုတွေပြီးစီးသွားပြီဖြစ်တာကြောင့် ထုတ်လွှင့်မှုကို ထိခိုက်ခြင်းမရှိပါဘူး။ မင်းသမီးကတော့ မတ်လ(၂၆)ရက်နေ့မှာ ပရိသတ်တွေနဲ့တွေ့ဆုံဖို့အတွက် စီစဉ်ထားတာဖြစ်ပြီး အစီအစဉ်ကိုပြန်လည်ရွှေ့ဆိုင်းထားရတာလည်း ဖြစ်ပါတယ်။ Kim Se Jeong ကတော့ ကာကွယ်ဆေးကိုအပြည့်အဝထိုးထားတာဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်ရောဂါပိုးကူးစက်ခံရတာကြောင့် သီးသန့်ခွဲခြားနေထိုင်ကာ ကျန်းမာရေးပြန်လည်ကောင်းမွန်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ အမြန်ဆုံးပြန်လည် ကျန်းမာပြီးအလုပ်တွေကိုလုပ်ကိုင်နိုင်ပါစေ။ Zawgyi ဖြင့်ဖတ်ရန် …
Read More »A Business Proposal ဟာ လက်ထပ်ပွဲနဲ့အတူ ပျော်ရွှင်စရာဇာတ်သိမ်းပိုင်း ဖြစ်လာမလား
လက်ရှိမှာပရိသတ်တွေကြိုက်နှစ်သက်နေတဲ့ဇာတ်လမ်းတွဲကတော့ A Business Proposal ဖြစ်ပြီး ဇာတ်လမ်းတွဲကတော့ တစ်ပိုင်းထက်တစ်ပိုင်း ကြည့်ရှုနှုန်းတိုးလျက်ရှိနေတာပါ။ အလွန်အောင်မြင်နေတဲ့ဒီဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကအထူးအပိုင်းတစ်ပိုင်းပြသခဲ့ပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုလည်း ဆက်လက်ရရှိနေတာပါ။အချစ်ဟာသဇာတ်လမ်းတွဲလေးရဲ့ဇာတ်သိမ်းပိုင်းကတော့ ပရိသတ်တွေစိတ်ဝင်စားလျက်ရှိနေပြီး ဇာတ်လမ်းဟာလက်ထပ်ပွဲနဲ့အတူ ပျော်ရွှင်စရာအဆုံးသတ်ဖြစ်လာမယ်လို့ ခန့်မှန်းနေကြတာပါ။ ဒီဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကထွက်ပေါ်နေတာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာပါဝင်ထားတဲ့ မင်းသမီး Seol In Ah ကတော့ Kim Se Jeong လို့ယူဆရတဲ့ မင်္ဂလာဝတ်စုံဝတ်ထားတဲ့အမျိုးသမီးဘေးနားမှာထိုင်နေတဲ့ပုံတစ်ပုံက မကြာသေးခင်ကပျံ့နှံ့လာခဲ့ပါတယ်။ မင်္ဂလာဝတ်စုံဝတ်ထားတဲ့အမျိုးသမီးရဲ့မျက်နှာကတော့ မသဲမကွဲဖြစ်နေပြီး ပရိသတ်တွေကတော့ ဒီပုံဟာ A Business Proposal ဇာတ်လမ်းတွဲရိုက်ကွင်းကပုံဆိုရင်တော့ ဇာတ်လမ်းတွဲထဲမှာ Shin Ha Ri နဲ့ စီအီးအို Kang Tae Moo တို့ကဇာတ်သိမ်းပိုင်းမှာလက်ထပ်ကြလိမ့်မယ်လို့ ခန့်မှန်းနေကြတာပါ။ ဒါပေမဲ့လည်း …
Read More »Ahn Hyo Seop ကို အမှန်တကယ်ချစ်မိတော့မလိုဖြစ်ခဲ့တဲ့အကြောင်း ဝန်ခံလာတဲ့ Kim Se Jeong
လက်ရှိမှာပရိသတ်တွေကြားရေပန်းစားနေတဲ့ အချစ်ဟာသဒရမ်မာဇာတ်လမ်းတွဲလေးကတော့ A Business Proposal ဖြစ်ပြီး ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Ahn Hyo Seop နဲ့ Kim Se Jeong တို့နှစ်ဦးကတော့ ပရိသတ်တွေကြားရေပန်းစားနေပြန်တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အထူးအပိုင်းတစ်ခုကို မတ်လ(၁၉)ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး ဒရမ်မာနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာတွေကို ကြည့်ရှုခဲ့ရပါတယ်။ ဒီအပိုင်းမှာတော့ ဇာတ်လမ်းတွဲမှာပါဝင်ထားတဲ့သရုပ်ဆောင်တွေရဲ့ရင်းနှီးမှုတွေ ရိုက်ကွင်းနောက်ကွယ်ကအဖြစ်အပျက်လေးတွေကို တွေ့မြင်ခဲ့ရတာပါ။ ဒီထုတ်လွှင့်မှုမှာဆိုရင် မင်းသမီး Kim Se Jeong ကတော့ မင်းသား Ahn Hyo Seop နဲ့ပတ်သက်တဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ဇာတ်ဝင်ခန်းတစ်ခုမှာ နေရောင်က Kim Se Jeong ရဲ့ မျက်နှာပေါ်ကျနေတဲ့အချိန် Ahn Hyo Seop က သူ့ရဲ့လက်နဲ့ကာပေးခဲ့တာဖြစ်ပြီး …
Read More »