နာမည်ကျော်မင်းသားတွေဖြစ်တဲ့ မင်းသားချော Lee Jong Suk နဲ့ Kim Woo Bin တို့ကိုတော့ ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရင်းနှီးကြမှာပါ။ သူတို့နှစ်ဦးကတော့ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကို ပရိသတ်တွေကိုပြသခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ဝင်ဘာလ(၁၆)ရက်နေ့မှာတော့ Lee Jong Suk ဟာ သူ့ရဲ့အင်စတာဂရမ်မှာ အသဲပုံလေးနဲ့အတူ မင်းသား Kim Woo Bin နဲ့ ညစာစားနေတဲ့ပုံကိုတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဒီပုံကိုသဘောကျနေကြတာဖြစ်ပြီး ဇာတ်ကားတစ်ခုမှာအတူပြန်လည်ပါဝင်စေလိုတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ KBS2 ရဲ့ဒရမ်မာဖြစ်တဲ့ School 2013 မှာအတူပါဝင်ခဲ့ကြပြီး အခုအချိန်ထိခင်မင်မှုကိုထိန်းသိမ်းထားတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ သက်တူရွယ်တူတွေဖြစ်ပြီး တစ်ယောက်ရဲ့အလုပ်ကိုတစ်ယောက်ကအားပေးကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ မင်းသား Kim Woo …
Read More »Tag Archives: Kim Woo Bin
ကင်ဆာရောဂါကိုတိုက်ခိုက်ပြီးနောက် Our Blues ဆိုတဲ့ဒရမ်မာအသစ်နဲ့ ပရိသတ်တွေဆီပြန်လာတဲ့ Kim Woo Bin
မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဒရမ်မာဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့တဲ့ Kim Woo Bin ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားလည်းဖြစ်ပါတယ်။ သူကတော့ မင်းသမီးချော Shin Min Ah နဲ့အတူ ချစ်သူတွေအဖြစ်တွဲပြီးတော့သိကြပါသေးတယ်။ မင်းသားဟာ nasopharyngeal ကင်ဆာကိုနှစ်အတော်ကြာခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။ ကင်ဆာရောဂါကိုပျောက်ကင်းအောင်ကုသပြီးတဲ့အခါမှာတော့ မင်းသား Kim Woo Bin ရဲ့ပထမဆုံးဒရမ်မာစီးရီးကို ဧပြီလ(၉)ရက်နေ့မှာ ပြသတော့မှာပါ။ ဒီဇာတ်ကားနာမည်ကတော့ Our Blues ဖြစ်ပြီး ဂျယ်ဂျူးကျွန်းမှာနေထိုင်တဲ့ လူတွေရဲ့ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားကတော့ သာမန်လူတစ်ယောက်ချင်းစီရဲ့အဓိပ္ပာယ်ရှိတဲ့ဘဝတွေကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ Kim Woo Bin ကတော့ လှေကပ္ပတိန် Park Jung Joon အဖြစ်နဲ့ပါဝင်ထားပြီး သူကတော့ နုံအတဲ့သူတစ်ယောက်ဖြစ်ပြီး ရေငုပ်သမားတစ်ယောက်ကိုစိတ်ဝင်စားကြောင်းကို အပိုင်း(၁)မှာပြသခဲ့ပါတယ်။ …
Read More »