Disney + ရဲ့ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ “Call It Love” ဒရမ်မာ ရဲ့ စာနယ်ဇင်းပွဲကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ ပါဝင်ကြတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Kim Young Kwang ၊ Lee Sung Kyung ၊ Sung Joon ၊ EXID အဖွဲ့ဝင် Hani နဲ့ Kim Ye Won တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်တွေတစ်ယောက်နဲ့တစ်ယောက်အချိတ်အဆက်မိဖို့ ကြိုးစားခဲ့တာတွေနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ အရမ်းခင်ကြတဲ့သူနှစ်ဦးဖြစ်တဲ့ Lee Sung Kyung နဲ့ Kim Young Kwang တို့ကတော့ ဇာတ်ရုပ်ကိုပီပြင်ဖို့အတွက် ရိုက်ကွင်းမှာတစ်ယောက်နဲ့တစ်ယောက် မတွေ့အောင်နေကြတယ်လို့ ဆိုပါတယ်။ …
Read More »Tag Archives: Kim Young Kwang
Disney+ ရဲ့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲသစ်မှာ ပါဝင်ဖို့အတွက်ဆွေးနွေးနေတဲ့ Lee Sung Kyung နဲ့ Kim Young Kwang
မင်းသမီးချော Lee Sung Kyung ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး သူ့ရဲ့ဇာတ်ကားသစ်တွေကတော့ ပရိသတ်တွေစိတ်ဝင်စားနေရတာလည်း ဖြစ်ပါတယ်။ ဧပြီလ(၂၁)ရက်နေ့မှာတော့ Lee Sung Kyung နဲ့ Kim Young Kwang တို့ဟာ ဇာတ်လမ်းတွဲသစ်မှာ ပါဝင်လာမယ့် သတင်းထွက်ရှိခဲ့ပါတယ်။ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ YG Entertainment ကတော့ သူမဟာဒီဇာတ်လမ်းအတွက်ကမ်းလှမ်းမှုရရှိထားပြီး အပြုသဘောဆောင်သုံးသပ်နေတဲ့အကြောင်းကို အတည်ပြုခဲ့ပါတယ်။ Kim Young Kwang ရဲ့ အေဂျင်စီကလည်းပဲ ဒီဇာတ်ကားမှာပါဝင်ဖို့အတွက် ဆွေးနွေးနေကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ‘Please Say This is Love’ ဖြစ်ပြီး အချစ်ဒရမ်မာဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ တစ်ယောက်နဲ့တစ်ယောက်လက်စားချေဖို့အတွက်စတင်ခဲ့ကြပြီး ကိုယ်ချင်းစားစိတ်တွေနဲ့အဆုံးသတ်ခဲ့တဲ့ဇာတ်လမ်းကောင်းလေးကို ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ …
Read More »