ပရိသတ်ကြီးရေ ဒီနေ့အောက်တိုဘာ(၂၂) ရက်နေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော်စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့မွေးနေ့ရက်မြတ်လေးပါ။ စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူရဲ့မွေးလအစကတည်းက အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်ပေးခဲ့သလို ဒီနေ့မွေးနေ့ရက်လေးမှာလည်း စမိုင်းလ်အွန်လိုင်းရုပ်ရှင်ရုံကိုပါ ဖွင့်လှစ်ရင်း သိန်းလေးဆယ်တန်ဖိုးရှိ ကံစမ်းမဲတွေ ဖောက်ပေးသွားဦးမှာပါ ပရိသတ်ကြီးရေ.. ကိုပြည့်မောင်ကတော့ စမိုင်းလ်ကို တီဗွီကြော်ငြာလေးတစ်ခုကနေ ချစ်ခဲ့တာဖြစ်သလို ကိုယ်ရွေးချယ်လိုက်တဲ့မိန်းကလေးကို အမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်နေအောင် ထားနိုင်သူတစ်ယောက်လို့ ဆိုရမှာပါ။ ကိုပြည့်မောင်အတွက် မွေးနေ့ဆုတောင်းလေးကိုတော့ Happy birthday ပါမောင်… ဘယ်တော့မှသူများလမ်းကြောင်းနောက်ကမလိုက် ကိုယ်တိုင်စွန့်စား မရမကလမ်းဖောက်ပြီး idea အသစ်တွေအမြဲတွေးတောပြီးဖန်တီးတတ်တဲ့ယောကျာ်း .. လွန်ခဲ့တဲ့ (၉) မြန်မာပြည်မှာဖုန်းခတွေတက်ဈေးတွေမြင့်နေတုန်းကမြန်မာပြည်သူပြည်သားတွေနိုင်ငံခြားကိုဈေးသက်သက်သာသာနဲ့ခေါ်ဆိုလို့ရအောင် #Ytalk ဖုန်းကဒ်ကိုပထမဆုံးစွန့်စားတီထွင်ခဲ့သူ။ အခုလည်းရုပ်ရှင်လောကဒုက္ခပင်လယ်ဝေနေချိန်တတ်နိုင်သလောက်တတ်စွမ်းတဲ့ပညာနဲ့လမ်းသစ်ဖောက်မယ့် ယောကျာ်း ဘုရားတရားလုပ်မယ်ဆိုနှစ်ခါမပြောရသူ…. အလှူအတန်းလက်မနှေးဘဲ အမြဲသူများအတွက်ဦးစားပေးသူ.. အမြဲလေးစားပြီးအားကိုးရတဲ့သူ…. မိန်းမမျက်နှာတစ်ချက်အပျက်မခံနိုင်သူ….. မိန်းမမျက်နှာကိုမကြည့်ဘဲ ဘာဖြစ်နေတယ်ဆိုတာခန့်မှန်းနိုင်သူ …
Read More »