Tag Archives: Korean Actor

မယုံနိုင်လောက်အောင်ကိုယ်အလေးချိန်ကျသွားခဲ့တာကြောင့် သတင်းစာခေါင်းကြီးပိုင်းမှာနေရာယူထားတဲ့ မင်းသား

ဝါရင့်မင်းသားတစ်လက်ဖြစ်တဲ့ Choi Moo Sung ကတော့ လူတွေကိုအံ့သြသွားစေတဲ့လုပ်ရပ်တစ်ခခုကို လုပ်ခဲ့တာပါ။ သူကတော့ ဗိုက်ခေါက်ထူထူနဲ့ဝနေတဲ့ပုံကနေပြီး ကြည့်ကောင်းတဲ့ကိုယ်လုံးကိုရောက်တဲ့အထိ ကိုယ်အလေးချိန်ကျသွားခဲ့တာပါ။ သူကတော့ အလေးချိန်(21kg) (၄၆)ပေါင်ခန့်ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။ သူကတော့ သွေးတိုး၊ဆီးချိုနဲ့ သွေးထဲမှာကိုလက်စထရောတက်နေတာတွေကို ခံစားနေရတာကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ဆုံးဖြတ်ခဲ့တာပါ။ လွန်ခဲ့တဲ့လက ကိုယ်အလေးချိန်( 15kg) နဲ့ ဒီလမှာတော့ (6kg) ခန့်လျှော့ချနိုင်ခဲ့တာပါ။ Choi Moo Sung ကတော့ အသက်(၅၀)မှာ ကိုယ်အလေးချိန်တွေတက်လာပြီ မောပန်းတယ်လို့ခံစားရကာအခုလိုအခြေအနေမှာတော့အသက်(၄၀)လိုမျိုး ပြန်လည်ခံစားရတယ်လို့ ဆိုပါတယ်။ အလွန်အမင်းဝိတ်ကျသွားတာကြောင့် Choi Moo Sung ကတော့အင်တာနက်မှာ လူပြောများနေတာလည်း ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျသွားတာကြောင့် ပိုမိုနုနယ်သွားတာဖြစ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တာကြောင့် ချီးကျူးတဲ့မှတ်ချက်တွေရနေတာလည်း ဖြစ်ပါတယ်။ အခုလို …

Read More »

အေဂျင်စီအသစ်နဲ့လက်တွဲပြီးနောက် ကွဲပြားခြားနားတဲ့စတိုင်အသစ်နဲ့ ပရိသတ်ကိုရင်ခုန်စေခဲ့တဲ့ Yoo Seung Ho

ကလေးသရုပ်ဆောင်ဘဝကတည်းက ချစ်စရာကောင်းတဲ့ကောင်လေးYoo Seung Ho ကတော့ ခန့်ညားတဲ့အမျိုးသားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သူကတော့ ကွဲပြားခြားနားတဲ့စတိုင်တွေကို ပရိသတ်တွေကို သတိထားမိစေခဲ့တာပါ။ မတ်လ(၂၃)ရက်နေ့က YG Entertainment က ရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကို ထုတ်ဖော်ခဲ့ကြပါတယ်။ YG Entertainment ကတော့ “မင်းသား Yoo Seung Ho ဟာ အံ့သြစရာကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး သူရဲ့နှလုံးသားကလည်း အံ့သြစရာပါပဲ။” ရေးသားခဲ့ပါတယ်။ မင်းသားကတော့ နာမည်ကျာ် Allure ရဲ့ဧပြီလထုတ်အတွက် ရိုက်ကူးရေးနဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး စွန့်ပစ်ခံကြောင်လေးမွေးစားဖို့အတွက်ပရိုမိုးရှင်းလုပ်တဲ့ရိုက်ကူးရေးမှာပါဝင်ခဲ့တာပါ။ ဒီရိုက်ကူးရေးမှာ Yoo Seung Ho ကို မြင်နေကြနူးညံ့ပြီးချစ်စရာကောင်းတဲ့ပုံရိပ်ထက် အမိုက်စားပုံရိပ်အသစ်တွေနဲ့ ပုံစံအသစ်ကို မြင်တွေ့ခဲ့ရတာပါ။ သူကတော့ ဆံပင်အတိုညှပ်ထားပြီး ဆွဲဆောင်မှုရှိပြီး တက်ကြွတဲ့အမျိုးသားဟန်ပန် ဖြစ်နေခဲ့ပါတယ်။ သန့်ရှင်းသပ်ရပ်ပြီးပေါ့ပါးတဲ့စတိုင်တွေနဲ့ …

Read More »

မင်းသားချော Lee Min Ho ရဲ့ ဇာတ်ကားသစ် “Pachinko” ကို ပရိုမိုးရှင်းလုပ်ပေးနေကြတဲ့ ပြည်ပကပရိသတ်များ

မင်းသားချော Lee Min Ho ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တွေကို များစွာရရှိထားတာပါ။ သူပါဝင်ထားပြီး Apple TV+ ကနေထုတ်လွှင့်ပြသမယ့် Pachinko ဇာတ်ကားကလည်း ပရိသတ်တွေအထူးစောင့်မျှော်နေရတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ကိုရီးယားမှာသာမက ပြည်ပကပရိသတ်တွေကတော့ မင်းသားကိုထောက်ခံအားပေးမှုကို ပြသဖို့အတွက် ကြော်ငြာတွေကို ဝယ်ယူခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ချီလီ စတဲ့နိုင်ငံတွေကပရိသတ်တွေကတော့ ဇာတ်ကားရဲ့ Trailer တွေကိုပြသဖို့အတွက် ဘေလ်ဘုတ်ကြော်ငြာတွေကို ဝယ်ယူပြသခဲ့တာပါ။ဇာတ်ကားမထွက်ခင်ကတည်းက အခုလို အားပေးထောက်ခံမှုတွေကတော့ မင်းသား Lee Min Ho ကတော့ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့အချစ်တွေကိုများစွာရရှိနေတယ်ဆိုတာ သိသာစေပါတယ်။ ကိုရီးယားကပရိသတ်တွေကတော့ Lee Min Ho ရဲ့အောင်မြင်ကျော်ကြာ်းမှုနဲ့ ဒရမ်မာအသစ်နဲ့ပတ်သက်ပြီး အခုလိုမျိုးပြည်ပကပရိသတ်တွေရဲ့အားပေးထောက်ခံမှုတွေကိုရရှိထားတာကို အလွန်သဘောကျလျက်ရှိနေကြတာပါ။ Lee Min Ho ကတော့ …

Read More »

လက်ထပ်တော့မယ်လို့ပရိသတ်ကိုအသိပေးလာတဲ့ တစ်ချိန်က F4 မင်းသား Kim Hyun Joong

F4 ဇာတ်လမ်းတွဲနဲ့အတူပရိသတ်တွေရင်ထဲမှာ အခိုင်အမာနေရာယူခဲ့တဲ့ အဆိုတော်၊ မင်းသားကတော့ Kim Hyun Joong ပါ။ ပရိသတ်တွေကတော့ အခုအချိန်အထိချစ်ခင်အားပေးလျက်ရှိကြပါတယ်။ သူကတော့ Concert မှာ ဒီသတင်းကိုပရိသတ်တွေကို အသိပေးခဲ့တာပါ။ သူလက်ထပ်မယ့်မိန်းကလေးကတော့ ဆယ်လီတစ်ယောက်မဟုတ်ဘူးလို့သိရပါတယ်။ သူ့ဘဝရဲ့အခက်ခဲအကြမ်းတမ်းဆုံးအချိန်တွေမှာ သူ့ရဲ့ဘေနားမှာရှိနေပေးတဲ့သူဖြစ်ပြီး ကျန်တဲ့ဘဝတစ်လျှောက်ကို အတူဖြတ်သန်းသွားလိုတဲ့အမျိုးသမီးလေးဖြစ်တယ်လို့ ဆိုပါတယ်။ မီဒီယာတွေကတော့ သူတို့နှစ်ယောက်ဟာ အကောင်းဆုံးသူငယ်ချင်းတွေအဖြစ်အချိန်အကြာကြီးအတူရှိလာခဲ့တယ်လို့ ဆိုပါတယ်။ Kim Hyun Joong ကတော့ ရည်းစားဟောင်းဖြစ်သူကြောင့်တရားစွဲဆိုခံရပြီး အချိန်အတော်ကြာရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ Kim Hyun Joong ကတော့ သူ့ရဲ့အမှောင်မိုက်ဆုံးနေ့ရက်တွေမှာလည်း သူ့ဘက်ကရပ်တည်ပြီးချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။ Kim Hyun Joong ကတော့သူ့ရဲ့ Concert ကနေပြီး ပရိသတ်ကိုအသိပေးခဲ့သလို အေဂျင်စီကနေပြီးတော့လည်း ဒီသတင်းကိုအတည်ပြုပေးခဲ့ပါတယ်။ …

Read More »

အမေရိကန်နိုင်ငံရဲ့အကြီးဆုံးအေဂျင်စီတွေထဲကတစ်ခုနဲ့ လက်တွဲလိုက်တဲ့ ‘Squid Game’ မင်းသား Lee Jung Jae

မင်းသား Lee Jung Jae ကတော့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲဖြစ်တဲ့ Squid Game မှာပါဝင်ပြီးနောက် ဟောလိဝုဒ်ရဲ့စိတ်ဝင်စားမှုကိုရရှိနေခဲ့တာပါ။ သူကတော့ အမေရိကန်နိုင်ငံကအကြီးဆုံးအေဂျင်စီတွေထဲကတစ်ခုဖြစ်တဲ့ Creative Artist Agency (CAA) နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီ(၂၅)ရက်နေ့မှာ Lee Jung Jae ဟာCAA နဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးဒါရိုက်တာ၊ထုတ်လုပ်သူနဲ့သရုပ်ဆောင်အဖြစ်ဆောင်ရွက်မယ်လို့ အမေရိကန်မီဒီယာတစ်ခုနေ ဖော်ပြခဲ့ပါတယ်။ CAA ဆိုတဲ့ ဖျော်ဖြေရေးနဲ့အားကစားအေဂျင်စီကတော့ လော့စ်အိန်ဂျလိစ့်မှာ အခြေစိုက်ထားတာဖြစ်ပြီး Tom Hanks၊ Steven Spielberg၊ Zendaya နဲ့ Reese Witherspoon တို့လိုနာမည်ကျော်တွေကို စီမံခန့်ခွဲနေတာပဲဖြစ်ပါတယ်။ မင်းသားကတော့ Screen Actors Guild Awards (SAG) ဆိုတဲ့ဆုပေးပွဲကိုSquid Game မှာပါဝင်ခဲ့တဲ့အခြားသရုပ်ဆောင်တွေဖြစ်တဲ့ …

Read More »

ကိုဗစ်-(၁၉) ရောဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့တဲ့ Park Seo Joon

မင်းသားချော Park Seo Joon ကတော့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့အချစ်တွေပို သိမ်းပိုက်ရရှိထားသူပါ။ မြန်မာပြည်ကပရိသတ်တွေရဲ့အသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ နာမည်ကျော်မင်းသားဖြစ်တာကြောင့် Park Seo Joonကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့သူတစ်ယောက်ပါ။ ဒီနေ့မှာတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Awesome ENT ကနေပြီးတော့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သူကတော့ ရိုက်ကူးရေးပြုလုပ်ရာနေရာကိုမပြောင်းရွှေ့ခင်မှာ ကိုဗစ်ရောဂါပိုးကိုစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ကြိတင်စီစဉ်ထားတဲ့အရာတွေကိုမလုပ်ဆောင်ခင်ကိုယ်တိုင်စစ်ဆေးရာမှာ ရောဂါပိုးကိုတွေ့ရှိခဲ့ပြီး PCR စစ်ဆေးမှုလုပ်တော့လည်း positive ဖြစ်နေခဲ့ပါတယ်။ မင်းသားချောကတော့ ကာကွယ်ဆေးကို သုံးကြိမ်ထိုးထားပြီးသားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ(၁၈)ရက်နေ့မှာကတည်းက အလုပ်တွေကိုရွှေ့ဆိုင်းထားလိုက်တာဖြစ်ပြီး ကွာရန်တင်းဝင်ဖို့လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာပြန်လည်ကျန်းမာဖို့ကြိုးစားနေတာဖြစ်ပြီး ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိပါဘူး။ မင်းသားချောPark Seo Joon တစ်ယောက်အမြန်ဆုံးပြန်လည်ကျန်းမာပြီး အလုပ်တွေပြန်လည်လုပ်ကိုင်နိုင်ပါစေ။ …

Read More »

ကြုံတွေ့ခဲ့ရတဲ့အငြင်းပွားမှုကြောင့် (၂၀၂၂) ခုနှစ်အတွင်းမှာရှိတဲ့ ပရောဂျက်အကုန်နီးပါးကို ဖျက်သိမ်းလိုက်တဲ့ Kim Seon Ho

(၂၀၂၁) ခုနှစ်အတွင်းမှာ ပရိသတ်တွေရဲ့အားပေးမှုအပြင် အောင်မြင်မှုတွေရနေတဲ့ Kim Seon Ho ကတော့ မထင်မှတ်တဲ့အခြေအနေနဲ့ကြုံခဲ့ရတာပါ။ သူဟာရည်းစားဟောင်းဖြစ်သူရဲ့သတင်းတွေထွက်ရှိပြီးနောက် ပရိသတ်တွေရဲ့အချစ်တွေကိုဆက်လက်ရရှိနေသေးသော်လည်း သူကတော့ပရောဂျက်တော်တော်များများကို လက်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပုံရပါတယ်။ သူကတော့ (၂၀၂၂) ခုနှစ်အတွင်းမှာရှိတဲ့ ပရောဂျက်များကို ဖျက်သိမ်းခဲ့တာပါ။ မင်းသမီး Go Ara နဲ့ရိုက်ကူးမယ့် ‘Sad Tropics’ ဆိုတဲ့ ဇာတ်ကားကလွဲပြီးတော့ ကျန်တဲ့ပရောဂျက်တွေကတော့ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ Kim Seon Ho ဟာဒီရုပ်ရှင်ကနေရုတ်တရက်ထွက်ခွာဖို့လုပ်ခဲ့ပေမယ့် ရုပ်ရှင်ထုတ်လုပ်ရေးအတွက်များစွာထိခိုက်မှုရှိတာကြောင့် ဆက်လက်ရိုက်ကူးဖို့သဘောတူခဲ့ပါတယ်။ အတွင်းသတင်းများအရ Kim Seon Ho ဟာ ကြော်ငြာတွေ ရုပ်ရှင်တွေအပြင် အခြားအလုပ်တွေအားလုံးကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ SALT Entertainment ကတော့ ဒါနဲ့ပတ်သက်ပြီး …

Read More »

အထက်ကျောင်းတုန်းကတည်းက ပေါ်ပြူလာဖြစ်ခဲ့ပြီး ပညာရေးမှာထူးချွန်တဲ့ Hyun Bin

Hyun Bin ကတော့ မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ်ခံရတဲ့ နာမည်ကျော်မင်းသားတစ်ဦးပါ။ လက်ရှိအချိန်မှာ ဝင်ငွေအမြင့်ဆုံးမင်းသားတွေထဲကတစ်လက်ဖြစ်တဲ့အထိ အောင်မြင်နေသူပါ။ သူဟာ အတိတ်မှာတုန်းကလည်း အခုလိုပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတာ အံ့သြစရာပါပဲ။ Hyun Bin ရဲ့ကျောင်းနေဖက်သူငယ်ချင်းကတော့ သူ့ရဲ့အကြောင်းကို ဖောက်သည်ချလိုက်ပါတယ်။ “အမြဲကျောင်းကားကိုအတူတူစီးဖြစ်ပြီး ကျောင်းကားပေါ်တက်တဲ့အခါ မိန်းကလေးတွေက သူ့ကိုမြင်ရင်အံ့သြတကြီးနဲ့အော်ကြတယ်။ သူ့နာမည်က ပေါ်ပြူလာဖြစ်တယ်လို့ပြောတဲ့အခါရှက်သွားတတ်တယ်။” လို့ ဆိုပါတယ်။ “သူရဲ့ဂျူနီယာတန်းကလူတွေအတွက်ကတော့ သူဟာ god လို ဖြစ်နေတာပါ။” လို့လည်း ဆိုပါတယ်။ Chung Ang university မှာ theater and film မေဂျာကို ရရှိခဲ့တော့လည်း ဆယ်လီတစ်ယောက်အနေနဲ့အထူးဝင်ခွင့်ပြုခဲ့တာမျိုးမဟုတ်ဘဲနဲ့ ကောင်းမွန်တဲ့အမှတ်စာရင်းတွေနဲ့အတူ ပုံမှန်ဝင်ခွင့်ရခဲ့တာပါတဲ့။ အဲ့ဒီအချိန်ကအရမ်းကိုနာမည်ကြီးတဲ့ H.O.T အိုင်ဒေါအဖွဲ့ထက်တောင်မှာ သူနေတဲ့နေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ Hyun …

Read More »
x