မင်းသမီးချော Seo Hyun Jin ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားနာမည်ကျော်မင်းသမီးတစ်လက်ပါ။ ပရိသတ်တွေကတော့ မကြာသေးခင်က Seo Hyun Jin ရဲ့ပုံရိပ်တွေကိုတွေ့ပြီးနောက် သူ့ရဲ့ကျန်းမာရေးအတွက် အလွန်အမင်းပူပန်ခဲ့ကြပါတယ်။ မေလ(၃၁)ရက်နေ့မှာတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Management Soop က အင်စတာဂရမ်မှာ Seo Hyun Jin ရဲ့ပုံရိပ်တွေကို တင်ပေးခဲ့ပါတယ်။ မင်းသမီးကတော့ ထိုင်ခုံပေါ်မှာထိုင်နေတာဖြစ်ပြီး ပိုစ့်ပေးနေတဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဒီပုံတွေကိုမြင်ပြီးနောက်မှာအလွန်အမင်းပိန်ကျနေတာကို မြင်ပြီးနောက်စိုးရိမ်ပူပန်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အခုလိုပုံရိပ်နဲ့ပတ်သက်ပြီး ဘာကြောင့်များပိန်သွားတာလဲဆိုပြီး စိုးရိမ်စွာနဲ့မှတ်ချက်တွေပေးခဲ့ကြတာပါ။ မင်းသမီးကတော့ ဇွန်လ(၃)ရက်နေ့မှာ ပြသမယ့်SBS ကနေထုတ်လွှင့်မယ့် ‘Why Oh Soo Jae?’ ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်ထားတာပဲဖြစ်ပါတယ်။ ကိုရီးယားမင်းသမီးတွေကတော့ သွယ်လျတဲ့ခန္ဓာကိုယ်လေးတွေကြောင့် လူကြိုက်များကြတာပဲဖြစ်ပါတယ်။ မင်းသမီး Seo …
Read More »Tag Archives: Korean Actress
ဒရမ်မာဇာတ်လမ်းတွဲ “Oasis” မှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်သွားမယ့် Seol In Ah
မင်းသမီးချောSeol In Ah ကတော့ မကြာသေးခင်ကပြီးစီးသွားခဲ့တဲ့ဒရမ်မာဇာတ်လမ်းတွဲဖြစ်တဲ့ ဓ A Business Proposal နဲ့အတူ ပရိသတ်တွေကြား ရေပန်းစားခဲ့သူပါ။ သူကတော့ အခုဆိုရင်ဒရမ်မာ Oasis ဆိုတဲ့ဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်လာမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ မငြိမ်မသက်ဖြစ်နေခဲ့တဲ့ (၁၉၈၀ – ၁၉၉၀) ကာလတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ မှားယွင်းတဲ့လူမှုစံနှုန်း၊ချမ်းသာကြွယ်ဝမှုနဲ့ အာဏာတွေကိုရယူဖို့ဖိအားပေးခံနေရတဲ့ လူငယ်တွေရဲ့လက်စားချေမှုနဲ့ရဲရင့်တဲ့ဘဝတွေကို ရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းမှာ Seol In Ah ကတော့ ပြဇာတ်ရုံပိုင်ရှင်ရဲ့သမီးအဖြစ်ပါဝင်မှာဖြစ်ပါတယ်။ သူကတော့ အသည်းကွဲမှုကိုခံစားရပြီးနောက် ပြဇာတ်ရုံပြန်လည်ရှင်သန်ဖို့အတွက် ရုပ်ရှင်လောက်ကိုခြေစုံပစ်ဝင်ခဲ့တဲ့သူအနေနဲ့ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒ့ါအပြင် မင်းသားချော Jang Dong Yoon ကတော့ ဒီဇာတ်လမ်းအတွက်အဓိကဇာတ်ဆောင်အဖြစ်ကမ်းလှမ်းခြင်းခံထားရတာပါ။ သူကတော့အပြုသဘောသုံးသပ်နေတာဖြစ်တာကြောင့် Jang Dong Yoon …
Read More »တောက်ပတဲ့အပြုံးတွေနဲ့ ပရိသတ်ကိုဖမ်းစားခဲ့ပြန်တဲ့ မင်းသမီးချောလေး Park Bo Young
အပြုံးချိုချိုလေးတွေနဲ့ပရိသတ်အချစ်တော် မင်းသမီးချောလေး Park Bo Young ကတော့ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ သူကတော့ ဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့ဖူးတဲ့သူဖြစ်ပြီး Strong Woman Do Bong Soon ဇာတ်ကားနဲ့ပရိသတ်တွေနဲ့ပရိသတ်တွေကြားမှာ ကျော်ကြားသူတစ်ယောက်ပါ။နောက်ဆုံးထွက်ရှိထားတဲ့ဇာတ်ကားကတော့ Doom at Your Service ဖြစ်ပြီး ပရိသတ်တွေက အနုပညာခြေလှမ်းအသစ်ကိုစောင့်မျှော်နေကြတာပါ။ မင်းသမီးချောလေးကတော့ tvN ရဲ့ပရိုဂရမ်တစ်ခုဖြစ်တဲ့ ‘Yoo Quiz On The Block’ ရဲ့ရိုက်ကွင်းကနေပြီးတော့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်။ သူကတော့ အင်စတာဂရမ်မှာ “I am Ms. Jagi-nim. Yoo Quiz” လို့ရေးသားပြီး ပုံ(၃)ပုံကို မျှဝေခဲ့ပါတယ်။ အဖြူရောင်အကျီင်္ပေါ်မှာအနက်ရောင်ပိုကာဒေါ့တွေပါဝင်တဲ့ဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ရင်သပ်ရှုမောစရာရှုခင်းကိုနောက်ခံပြီး ရိုက်ကူးထားတဲ့ပုံရိပ်တွေဖြစ်ပါတယ်။ “Jagi-nim” ကတော့ ပွဲမှာတစ်ယောက်နဲ့တစ်ယောက်ရည်ညွှန်းရာမှာ …
Read More »လက်ထပ်ဖို့ရန်မိခင်ဖြစ်သူရဲ့ဖိအားပေးစီစဉ်မှုတွေကနေ ရှောင်ပြေးခဲ့တဲ့အကြောင်းကိုပြောပြလာတဲ့ မင်းသမီး Song Ji Hyo
မင်းသမီးချော Song Ji Hyo ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ဝါရင့်မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူကတော့ လက်ရှိအသက်(၄၂)နှစ်တိုင်အောင် လှပနုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့အချစ်ရေးတွေကတော့ ပရိသတ်တွေစိတ်ဝင်စားနေရတဲ့အရာလည်း ဖြစ်ပါတယ်။ Song Ji Hyo ကတော့ တစ်ကိုယ်တည်းနေရတာကို သဘောကျတဲ့သူ ဖြစ်ပုံရပါတယ်။ Song Ji Hyo ကတော့ အိမ်ထောင်ပြုဖို့ရန်ဖိအားပေးမှုတွေကနေ ဖြေရှင်းခဲ့တဲ့အကြောင်းကို ဖွင့်ဟပြောပြခဲ့ပါတယ်။ မကြာသေးခင်ကတော့ Problem Child in House ဆိုတဲ့ အစီအစဉ်မှာ ပါဝင်အသံသွင်းခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာတော့ လက်ထပ်ဖို့အတွက်ဖိအားမရှိတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ သူကတော့ “အသက်(၄၀)ကျော်သွားပြီးတဲ့နောက် အမေကတော့လက်ထပ်ဖို့အတွက်စီစဉ်တာမျိုးမရှိတော့ဘူး။အဲ့ဒါက အတော်လေး ငြိမ်းချမ်းသွားတယ်” လို့ ဆိုပါတယ်။ Song Ji Hyo အသက်(၃၀)ခန့်မှာတော့ မိခင်ဖြစ်သူဟာ …
Read More »မျက်နှာသွင်ပြင်နဲ့ပတ်သက်ပြီး သိမ်ငယ်စိတ်တွေအများကြီးရှိကြောင်း ဝန်ခံလိုက်တဲ့ Han So Hee
Han So Hee ကတော့ လက်ရှိနာမည်ကြီးနေတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး သူ့ရဲ့အလှကြောင့်လည်း ပရိသတ်တွေဆီကချီးကျူးမှုတွေအများကြီး ရရှိထားတာပါ။ မကြာသေးခင်ကYouTube မှာ W KOREA ချန်နယ်ကနေပြီး ပရိသတ်တွေကို အကြံပေးတဲ့အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ Han So Hee ကတော့ ဒီအစီအစဉ်မှာ မေးခွန်းတွေအပေါ်သူ့ရဲ့အကြံပေးချက်တွေကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။သူကတော့ သူ့ရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး ယုံကြည်မှုမရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ Han So Hee ကတော့ “ဝေဖန်ခံရမယ်လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ ကျွန်မမျက်နှာနဲ့ပတ်သက်ပြီး သိမ်ငယ်စိတ်တွေအများကြီးရှိပါတယ်။ ဒီလိုသိမ်ငယ်စိတ်တွေအတွက်စိတ်အားဖြစ်စေမယ့်အလုပ်တစ်ခုကိုလုပ်နေတယ်။ ဒါကြောင့် ဒီလိုအရာတွေကို ထုတ်မပြပါဘူး။ ရုပ်ရည်သွင်ပြင်ဆိုတာ ကိုယ့်ကိုကိုယ်ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ တိုင်းတာတဲ့အရာမဖြစ်သင့်ဘူး။ အသက်အရွယ်ကကြီးလာမှာဖြစ်တဲ့အတွက် ဒီအရာအပေါ်ဂရုစိုက်လွန်းနေရင် အတွင်းစိတ်ကအဆင်မပြေဖြစ်လာလိမ့်မယ်။ အတွင်းစိတ်နှလုံးသားကိုပြည့်ဝစေမယ့်အရာတွေနဲ့ အချိန်ကုန်ဖို့ကြိုးစားတယ်။ ရုပ်ရည်သွင်ပြင်ဆိုတာ ပြင်ပကအခွံတစ်ခုလိုပါပဲ …
Read More »တောမီးလောင်မှုကြောင့်ဒုက္ခရောက်ခဲ့ရသူတွေအတွက် ရက်ရောစွာလှူဒါန်းခဲ့ကြတဲ့ IU နဲ့ Kim Go Eun
နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ IU နဲ့ Kim Go Eun တို့ကတော့ တောမီးလောင်မှုကြောင့်အိုးအိမ်မဲ့ခဲ့ရသူတွေအတွက် လှူဒါန်းမှုပြုခဲ့တယ်လို့ သိရပါတယ်။ မတ်လ(၄)ရက်နေ့မှာတော့ Uljin ဆိုတဲ့ပင်လယ်ကမ်းစပ်မြို့အနီးကအရှေ့ဖက်ကမ်းရိုးတန်းတောင်တန်းတစ်ခုနားမှာ တောမီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီတောမီးကြောင့်ရာနဲ့ချီတဲ့အိမ်တွေမီးလောင်ခဲ့ရပြီး လူပေါင်းများစွာကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပါတယ်။ တော်မီးလောင်မှုအတွက် အဆိုတော်မင်းသမီးချော IU ကတော့ ဝမ်သန်း(၁၀၀)လှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒီငွေတွေကိုတော့ တောမီးကြောင့်အိမ်ဆုံးရှုံးခဲ့ရသူတွေအတွက် ယာယီအိမ်တည်ဆောက်ရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ IU ကတော့ အလှူအတန်းပြုလေ့ရှိသူဖြစ်ပြီး ကိုဗစ်(၁၉)နဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် လှူဒါန်းလေ့ရှိသူပါ။ မီးဘေးဒုက္ခသည်တွေ့ပြန်လည်ထူထောင်ရေးအတွက်အသုံးပြုရာမှာ မင်းသမီး Kim Go Eun ကလည်းပဲ ဝမ်သန်း(၅၀)လှူဒါန်းခဲ့ပါတယ်။ သူကတော့ (၂၀၁၉) ခုနှစ်မှာ ဂန်ဝမ်ပြည်နယ်တောမီးအတွက်လှူဒါန်းခဲ့ပြီး (၂၀၂၀) မှာတော့ ကိုဗစ်ကြောင့် ဝင်ငွေနည်းပါတဲ့သူတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။ (၂၀၂၀)ခုနှစ်ကလေးများနေ့မှာလည်း ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံမှ ကလေးဆေးရုံအတွက်လှူဒါန်းခဲ့ပါသေးတယ်။IU နဲ့ …
Read More »ယူကရိန်းနိုင်ငံအတွက်ဝမ်သန်းချီလှူဒါန်းခဲ့တဲ့ မင်းသမီး Lee Young Ae
ပရိသတ်အချစ်တော်ဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့Lee Young Aeကတော့ ယူကရိန်းနိုင်ငံကိုထောက်ပံဖို့အတွက်အလှူငွေများလှူဒါန်းခဲ့တာကြောင့် ချီးမွမ်းခံနေရပါတယ်။ မတ်လ(၁)ရက်နေ့မှာတော့ ကိုရီးယားဝမ်သန်း(၁၀၀)ကို လက်ရှိပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ ယူကရိန်းနိုင်ငံကိုလှူဒါန်းခဲ့ပါတယ်။ အခုလိုလှူဒါန်းခဲ့တဲ့အပြင် စစ်ပွဲကြီးပြီးဆုံးသွားစေဖို့ သူ့ရဲ့စိတ်ရင်းကိုဖော်ပြတဲ့စာတစ်စောင်လည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့စာထဲမှာတော့ “ချစ်ရပါသော ယူကရိန်းနိုင်ငံသူနိုင်ငံသားများ ကျွန်မကတော့တောင်ကိုရီးယားနိုင်ငံမှာနေထိုင်တဲ့မင်းသမီး Lee Young Ae ပါ။ စစ်မှုထမ်းဟောင်းမိသားစုဝင်တစ်ယောက်အနေနဲ့ စစ်ပွဲရဲ့ရက်စက်မှုကို အခြားသူတွေထက်ခံစားရပါတယ်။ ယူကရိန်းရဲ့စစ်ဖြစ်ပွားနေမှုကို ပြီးဆုံးသွားပြီး ပြန်လည်ငြိမ်းချမ်းသွားစေချင်ပါတယ်။ ယူကရိန်းပြည်သူတွေ ကျန်းကျန်းမာမာရှိပြီး လုံခြုံကြစေဖို့ ဆုတောင်းပါတယ်။ လွတ်လပ်မှုနဲ့ငြိမ်းချမ်းမှုကို ချစ်မြတ်နိုးတဲ့ယူကရိန်းပြည်သူတွေကို မျှော်လင့်ချက်နဲ့ သတ္တိရှမှုတွေကိုမစွန့်လွှတ်လိုက်ဖို့ တောင်းဆိုပါရစေ။ လွတ်လပ်တဲ့တောင်ကိုရီးယားနိုင်ငံက ငြိမ်းချမ်းမှုကို ချစ်မြတ်နိုးတဲ့သူတွေထဲကတစ်ယောက်အေနေနဲ့ ယူကရိန်းပြည်သူတွေအတွက် သေးငယ်ပေမဲ့တန်ဖိုးရှိတဲ့နှလုံးသားကို ပေးအပ်ပါတယ်။ ဘုရားသခင်စောင့်ရှောက်ပါစေ။” လို့ ရေးသားထားတာပါ။ Lee Young Ae ကတော့ ရုပ်လှသလောက် …
Read More »သရုပ်ဆောင်အဖြစ်ပွဲဦးထွက်ပြီးချိန်အထိ အချိန်ပိုင်းပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့တယ်ဆိုတဲ့ Lee Yoo Mi
အနုပညာရှင်တွေကတော့ လှလှလေးဝတ်ပြီး တီဗွီဖန်သားပြင်ပေါ်မှာ တွေ့ရတဲ့အပြင်လူအများရဲ့ချစ်ခင်ခြင်းကိုခံရတာကြောင့် တကယ့်ကိုအားကျစရာပါပဲ။ ဒါပေမဲ့လည်း မအောင်မြင်ခင်မှာတော့ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကိုဖြတ်ကျော်ပြီးမှ ပရိသတ်တွေလက်ခံလာကြတဲ့သူတွေလည်း ရှိပါတယ်။မင်းသမီးချော Lee Yoo Mi ကလည်းပဲ ပရိသတ်တွေသတိမထားမိခင်အချိန်မှာ အချိန်ပိုင်းအလုပ်တွေလုပ်ကာရှင်သန်ခဲ့ရသူပါ။ သူ့ကိုတော့ “Squid Game ” နဲ့ “All of Us Are Dead”တို့လို နာမည်ကျော်ဇာတ်လမ်းတွဲ(၂)ခုမှာပါဝင်ပြီးနောက်လူသိများလာတာပါ။ Lee Yoo Mi ကတော့ သရုပ်ဆောင်အဖြစ်စတင်လုပ်ကိုင်နေစဉ်မှာတောင်မှ အချိန်ပိုင်းပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ခဲ့တဲ့အကြောင်းကို Yoo Hee-yeol’s Sketchbook ဆိုတဲ့ဂီတအစီအစဉ်မှာမျှဝေခဲ့ပါတယ်။ သူကတော့ အချိန်ပိုင်းပစ္စည်းပို့တဲ့အလုပ်ကို Squid Game မှာ မပါဝင်ခင်တုန်းက လုပ်ခဲ့တာဖြစ်ပါတယ်။ သူကတော့ စရိတ်စကတွေများတာကြောင့် အလုပ်လုပ်ဖြစ်ခဲ့တယ် ဆိုပါတယ်။ အလုပ်များတဲ့အချိန်ကတော့ (၂)နာရီကနေ …
Read More »ကွာရန်တင်းဝင်ပြီးနောက်ကျန်းမာရွှင်လန်းတဲ့ပုံရိပ်ကိုပရိသတ်ကိုချပြခဲ့တဲ့ Song Ji Hyo
မင်းသမီး Song Ji Hyo ကတော့ လှပတဲ့ပုံရိပ်ကိုပိုင်ဆိုင်ထားပြီး အသက်နဲ့မလိုက်အောင်နုပျိုနေတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူကတော့ အနုပညာသက်တမ်း ဆယ်စုနှစ်(၂)ခုအတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့သူတစ်ယောက်ပါ။ သူ့ကိုတော့ Running Man အစီအစဉ်မှာ သွက်လက်တက်ကြွတဲ့သူတစ်ယောက်အဖြစ် ပရိသတ်တွေကသဘောကျကြတာလည်းဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာကွာရန်တင်းဝင်ခဲ့တာဖြစ်ပြီး သူ့ရဲ့သတင်းတွေကိုစောင့်မျှော်နေတဲ့ပရိသတ်တွေကို လန်းဆန်းတဲ့ပုံရိပ်လေးနဲ့အတူ အင်စတာဂရမ်မှာ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ မင်းသမီးကတော့ မကြာသေးခင်က ဓာတ်မတည့်တာကြောင့် ကာကွယ်ဆေးထိုးလို့မရတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးနောက်မှာတော့ Running Man အဖွဲ့သားတွေဖြစ်တဲ့ Kim Jong-kook၊ Ji Suk-jin နဲ့ Haha တို့ဟာ ရောဂါပိုးကူးစက်ခံရကြောင်းအတည်ပြုပြီးနောက် ကွာရန်တင်းဝင်ခဲ့တာပဲဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကူးစက်ခံရသော်လည်း Song Ji Hyo ကတော့ …
Read More »2NE1၊ Girls’ Generation နဲ့ BIGBANG တို့ရဲ့ အမာခံပရိသတ်ဖြစ်ကြောင်းပြောကြလာတဲ့ Squid Game ရုပ်ရှင်စတား Jung Ho Yeon
Squid Game ဇာတ်လမ်းတွဲပြသပြီးနောက် နေ့ချင်းညချင်းကမ္ဘာနဲ့အဝှမ်းအောင်မြင်မှုတွေရရှိခဲ့တာကတော့ မော်ဒယ်လ်၊မင်းသမီးချော Jung Ho Yeon ပဲ ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်မှာလည်းပိုင်နိုင်သလို အမိုက်စားမော်ဒယ်လ်ကိုယ်လုံးနဲ့အတူ ကြော်ငြာများစွာမှာလည်း ပါဝင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ Jung HoYeon ကတော့ ဖေော်ဝါရီလ(၂၃)ရက်နေ့မှာ iD ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ Learn and Pass It On မှာ ကေပေါပ့်နဲ့ပတ်သက်ပြီးတော့ ပြောပြခဲ့ပါတယ်။ ကေပေါပ့်ကတော့ အာရှတွင်သာမက ကမ္ဘာတစ်ဝှမ်းကိုပါထိုးဖောက်အောင်မြင်လာတဲ့ဂီတလိုင်းတစ်ခုပဲဖြစ်ပါတယ်။ Jung HoYeonကတော့ နာမည်ကျော်ကေပေါပ့်အဖွဲ့တွေဖြစ်ကြတဲ့ 2NE1၊ Girls’ Generation နဲ့ BIGBANG တို့ရဲ့ အမာခံပရိသတ်လို့ ဆိုခဲ့ပါတယ်။ အင်တာဗျူးမှာတော့ Jung HoYeon ဟာ “မင်းဟာကိုရီးယားမှာကြီးပြင်းလာတယ်ဆိုရင် ကေပေါပ့်ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်နေမှာပါ။ ကျွန်မကတော့ …
Read More »