တစ်ရှိန်ထိုးအောင်မြင်မှုတွေနဲ့ Blackpink အဖွဲ့ကတော့ သီချင်းအသစ်မထွက်ရှိလာတာ ကြာသွားခဲ့ပါပြီ။ ပရိသတ်တွေစောင့်စားနေတဲ့သတင်းကိုတော့ YG Entertainment က အတည်ပြုခဲ့ပါတယ်။ Blackpink အဖွဲ့ကတော့ comeback လာတော့မယ်လို့ တရားဝင်ပြောကြားလိုက်ပါတယ်။ YG Entertainment ကတော့ ” Blackpink ရဲ့ဂီတစတိုင်နဲ့ပြင်ဆင်နေတာဖြစ်ပြီး သြဂုတ်လမှာသီချင်းအသစ်ထွက်ရှိမှာပါ။ အဖွဲ့ဝင်လေးယောက်စလုံးကတော့ သူတို့ရဲ့အယ်လ်ဘမ်အသစ်အတွက်အသံသွင်းနေတာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပါပြီ။ မကြာခင်မှာပဲသူတို့ရဲ့ Music Video ကိုရိုက်ကူးတော့မှာပါ။တစ်ကမ္ဘာလုံးကပရိသတ်တွေနဲ့ချိတ်ဆက်မိဖို့လည်း World Tour ပြုလုပ်ဖို့ အစီအစဉ်ရှိထားတာဖြစ်ပါတယ်။ ဒါကတော့ အမျိုးသမီးကေပေါပ့်အဖွဲ့တွေထဲမှာ အကြီးဆုံးလည်းဖြစ်လာမှာပါ။ World Tour ကဲ့သို့ အခြားကြီးမားတဲ့ ပရောဂျက်တွေလည်း ဆက်လက်လုပ်ဆောင်သွားမယ်” လို့ ဆိုပါတယ်။ Blackpink အဖွဲ့ဟာ (၂၀၂၀) မှာ How You …
Read More »Tag Archives: Kpop Idol
အင်စတာဂရမ်မှပိုစ့်တွေအားလုံးကို ဖျက်ပစ်ခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook
Read More »ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ဖော်ပြခြင်းခံလိုက်ရတဲ့ Aespa နဲ့ Squid Game မင်းသမီး
ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးကတော့ အခုနှစ်အတွက်လည်း နယ်ပယ်အသီးသီးကထူးချွန်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြန်ပါပြီ။ Forbes ကတော့ (၃၀)နှစ်အောက် အယောက်(၃၀) စာရင်းကို ကဏ္ဍ(၁၀)ခုအတွက် ရွေးချယ်ခဲ့တာဖြစ်ပြီး ဖျော်ဖြေရေးနဲ့အားကစားကတော့ တစ်ခုအပါအဝင်ပါ။ မဂ္ဂဇင်းကြီးရဲ့ ဖျော်ဖြေရေးနဲ့အားကစားကဏ္ဍအတွက် အာရှရဲ့အသက် (၃၀)နှစ်အောက် အယောက်(၃၀) စာရင်းမှာ ပါဝင်လာခဲ့တာကတော့ Aespa အဖွဲ့နဲ့ Squid Game မင်းသမီးJung Ho Yeon ပဲဖြစ်ပါတယ်။ Aespa ကတော့ ကေပေါပ့်လောကမှာအကျော်ကြားဆုံးအဖွဲ့တွေထဲက တစ်ခုလို့ပြောရမှာဖြစ်ပြီး (၂၀၂၀)ခုနှစ်မှာBlack Mamba သီချင်းနဲ့ပွဲဦးထွက်ခဲ့ကာ Next Level သီချင်းကတော့ ပေါ်ပြူလာအဖြစ်ဆုံးသီချင်းတစ်ပုဒ်ပါ။ ဒီအဖွဲ့ကတော့ ဆုပေါင်းများစွာကိုလည်း ရရှိထားပြီး ကမ္ဘာနဲ့အဝှမ်းအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ Jung Ho Yeon ကတော့ …
Read More »ကျောင်းတွင်းမှာအနိုင်ကျင့်မှုလုပ်ခဲ့တယ်ဆိုပြီးစွပ်စွဲခံရတဲ့ LE SSERAFIM အဖွဲ့ဝင် Kim Garam နဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ကြေညာခဲ့
ကေပေါပ့်အဖွဲ့အသစ်တစ်ခုဖြစ်တဲ့ LE SSERAFIM ကိုတော့ HYBE နဲ့ Source Music ကနေပြီးတော့ မွေးထုတ်ပေးခဲ့တာဖြစ်ပြီး အခုဆိုရင် Fearless ဆိုတဲ့သီချင်းတစ်ပုဒ်နဲ့ပွဲဦးထွက်ခဲ့ပါတယ်။ ဒီသီချင်းကတော့အတော်လေးလူကြိုက်များခဲ့ပြီး ပရိသတ်တွေကြားရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။ အောင်မြင်မှုတွေနဲ့ပွဲဦးထွက်လာတဲ့ LE SSERAFIM ရဲ့အဖွဲ့ဝင်တစ်ယောက်ကတော့ ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာပါ။ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Kim Garam ကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုလုပ်ခဲ့တယ်ဆိုပြီး ဒီရက်ပိုင်းမှာသတင်းတွေထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်ကျောင်းမှာလည်း သတိပေးစာထုတ်ပြန်ခံခဲ့ရတယ်ဆိုပြီးတော့ စာတစ်စောင်ကအွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။ ဒီလိုသတင်းတွေနဲ့ပတ်သက်ပြီး HYBE နဲ့ Source Music တို့ကတော့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မေလ(၁၆)ရက်နေ့မှာတော့ အခုလိုကောလာဟလတွေထွက်ရှိခဲ့တာနဲ့ပတ်သက်ပြီး တရားဥပဒေအရအရေးယူဖို့စတင်နေပြီဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို တရားရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေအတိုင်း ထုတ်ဖော်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကောလာဟလတွေလိုမဟုတ်ဘဲ အဖွဲ့ဝင်ကိုယ်တိုင်ဟာလည်း ဆိုးဝါးတဲ့မှတ်ချက်တွေနဲ့ အင်တာနက်ကနေပြီးတော့မဟုတ်မမှန်တဲ့သတင်းတွေရဲ့အနိုင်ကျင့်ခံရတဲ့သူဖြစ်ကြောင်းလည်း …
Read More »မယုံကြည်နိုင်လောက်စရာများပြားတဲ့ငွေကြေးပမာဏကို သူကိုယ်တိုင်ဖွဲ့စည်းတည်ထောင်ထားတဲ့ကေပေါပ့်အဖွဲ့အတွက်အသုံးပြုခဲ့တဲ့ Rain
တောင်ကိုရီးယားနိုင်ငံရဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Rain ကိုတော့ မသိသူမရှိလောက်ပါဘူး။ သူကတော့ အဆိုတော်၊မင်းသားတစ်ယောက်အဖြစ်အလွန်အောင်မြင်သလို ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင်ထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ Rain ကတော့ သူ့ရဲ့ကုမ္ပဏီအတွက် စိတ်ရောကိုယ်ပါရင်းနှီးမြှုပ်နှံထားတာကတော့ ပရိသတ်တွေအံ့သြစရာဖြစ်ခဲ့ပါတယ်။ Rain ကတော့ ကိုယ်ပိုင်အေဂျင်စီတစ်ခုတည်ထောင်ထားသလို Ciipher ဆိုတဲ့အမျိုးသားအိုင်ဒေါအဖွဲ့ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ tvN ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ “Take Good Care of My Week” မှာတော့ Rain နဲ့အတူ Ciipher အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Tan ကပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာတော့ ကေပေါပ့်အဖွဲ့အပေါ်ကိုဘယ်လောက်ရင်းနှီးမြှုပ်နှံထားလဲဆိုတဲ့အပေါ် Rain ကတော့ “အိမ်တစ်လုံးဝယ်လို့ရလောက်တဲ့ပမာဏကိုရင်းနှီးမြှုပ်နှံထားတာပါ။ ဒီအတွက်လည်းနောင်တမရဘူး” လို့ဆိုခဲ့တဲ့အပြင် Tan ရဲ့အလားအလာတွေအပေါ်ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာတော့ အိမ်တစ်လုံးဟာ (၁.၁၉ )ဘီလီယံဝမ်တန်ဖိုးရှိပြီး အမေရိကန်ဒေါ်လာ(၁)သန်းခန့်တန်ကြေးရှိပါတယ်။ ဒါကြောင့် …
Read More »ပရိသတ်တွေအံ့သြခဲ့ရတဲ့ Tiffany & Co အတွက်ရိုက်ကူးပေးတဲ့ Blackpink အဖွဲ့ဝင် Rose’ ရဲ့လှပတဲ့ပုံရိပ်တွေ
Blackpink အဖွဲ့ဝင်တွေကတော့ တစ်ယောက်တစ်မျိုးစီ ထူးခြားတဲ့အရည်အချင်းနဲ့အလှအပတွေကို ပိုင်ဆိုင်ထားတာပါ။ Rose’ ကတော့ အသံချိုချိုလေးနဲ့အတူ သွယ်လျတဲ့ခန္ဓာကိုယ်အလှကြောင့်လည်း ပရိသတ်တွေရဲ့ချီးမွမ်းမှုတွေကို ရရှိထားတာပါ။ သူကတော့ Tiffany & Co ဆိုတဲ့နာမည်ကျော်အမှတ်တံဆိပ်ရဲ့ Global Ambassador တစ်ယောက်ဖြစ်ပါတယ်။ ဧပြီလ(၈)ရက်နေ့မှာတော့ Yellow is the New Blue ဆိုတဲ့ campaign အသစ်ကို အတွက်ရိုက်ကူးရေးတွေပြုလုပ်ခဲ့ပါတယ်။ ဒီပုံရိပ်တွေကတော့ ပရိသတ်တွေကြားရေပန်းစားပြီး အင်တာနက်အသုံးပြုသူတွေကြားလူပြောများစေတာပါ။ ပုံထဲမှာတော့ Rose’ဟာ အနက်ရောင်ဝတ်စုံနဲ့အတူ အဝါရောင် Tiffany & Co စိန်လည်ဆွဲနဲ့နားဆွဲတွေကို ဝတ်ဆင်ထားပါတယ်။ ဆွဲဆောင်မှုရှိပြီးအထက်တန်းဆန်တဲ့အပြင်ဆင်တွေကတော့ သူ့ရဲ့လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် မျက်စိမလွှဲနိုင်လောက်အောင်လှပနေပါတယ်။ Rose’ ကတော့ လှပတဲ့ပုံရိပ်တွေနဲ့အတူ ပရိသတ်တွေရဲ့ချီးမွမ်းမှုများစွာကိုရရှိခဲ့ပြန်ပါတယ်။ Zawgyi ဖြင့်ဖတ်ရန် …
Read More »စင်မြင့်ထက်မှာဖျော်ဖြေရင်း ပရိသတ်တွေရဲ့အာရုံကိုဖမ်စားနိုင်ခဲ့တာကြောင့် ချီးမွမ်းမှုတွေရရှိနေတဲ့ IVE အဖွဲ့ဝင် Wonyoung
Read More »လေဆိပ်မှာ ရိုင်းစိုင်းတဲ့အပြုအမူတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ Red Velvet အဖွဲ့ဝင်တွေ
တောင်ကိုရီးယားအိုင်ဒေါအဖွဲ့တွေထဲမှာ Red Velvet အဖွဲ့ကတော့ မသိသူမရှိလောက်အောင်နာမည်ကျော်တာလည်း ဖြစ်တယ်။ Red Velvet ရဲ့အဖွဲ့ဝင်(၃) ဦးကတော့ အတော်လေးဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။ လေယာဉ်ဝန်ထမ်းတွေကတော့ Irene ၊ Joy နဲ့ Yeri တို့ဟာ ရိုင်းရိုင်းစိုင်းစိုင်းပြုမူကြတယ်လို့ ဆိုပါတယ်။ ဒီအရာကတော့ Blind ဆိုတဲ့ ဝန်ထမ်းတွေသာအသုံးပြုတဲ့ အင်တာနက်အသိုင်းအဝိုင်းမှာ Red Velvet ရဲ့အကြောင်းကိုမှတ်ချက်တွေရေးရာက စတင်ခဲ့ပါတယ်။ “အဲ့ဒီအချိန်က Red Velvet ဟာ လေယာဉ်ပေါ်မှာ ရှိနေခဲ့တယ်။ Yeri၊ Joy နဲ့ Irene တို့ကတော့ ရိုင်းရိုင်းစိုင်းစိုင်းပြုမူကြတယ်။ လေယာဉ်ပေါ်ကဝန်ထမ်းတွေကို ကျွန်လိုဆက်ဆံကြတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ ငါထင်တာအိုင်ဒေါတွေကတစ်ခုခုပဲ။ အများကြီးပြောဖို့ရှိသေးပေမဲ့ မပြောတော့ပါဘူး” လို့ …
Read More »ပါတီပွဲမှာ အမိုက်စားဝတ်စုံနဲ့အတောက်ပဆုံးဖြစ်ခဲ့တဲ့ Blackpink အဖွဲ့ဝင် Rosé
Rosé ကတော့ အော်စကာအကြိုပါတီပွဲတွင် အရင်ကထက်အလန်းစားဖြစ်နေတဲ့စတိုင်မျိုးနဲ့ထွက်ပေါ်လာခဲ့ပါတယ်။ Saint Laurent ကကျင်းပတဲ့ အကြိုပါတီပွဲမှာတော့ ဖက်ရှင်အကျော်အမော်တွေအများကြီးတက်ရောက်ခဲ့တာကြောင့် ရင်သပ်ရှုမောစရာတွေချည်းပါပဲ။ အဲ့ဒီအထဲမှာတော့ နာမည်ကျော်တွေဖြစ်တဲ့ Zendaya ၊Troye Sivan ၊ Ashley Benson၊ Rosé နဲ့ Hailey Bieber တို့ကိုလည်း တွေ့ရမှာပါ။ Rosé ကတော့ ထွင်းဖောက်မြင်ရတဲ့အမိုက်စား luxury dress ကို ဝတ်ဆင်ထားပြီးတော့ ချစ်စရာကောင်းတဲ့ပုံရိပ်တွေကို အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။ အမြဲလိုလိုအမိုက်စားဖြစ်နေတဲ့ Rosé ကတော့ ဖက်ရှင်အသစ်နဲ့လည်း ပရိသတ်တွေရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပြန်တာပါ။ သူကတော့ ရွှေရောင်ဆံပင်နဲ့အတူ အရင်ကထက်ပိုပြီးတော့ ဆွဲဆောင်မှုရှိရှိလှပနေပါတယ်။ သွယ်လျလှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကိုပိုင်ဆိုင်ထားတဲ့ Rosé ဟာ ဒီလိုအမိုက်စားဝတ်စုံနဲ့လည်း လိုက်ဖက်နေပြီး ပွဲမှာတောက်ပထင်ပေါ်နေတာကတော့ …
Read More »ပဲရစ်မှာ ပြင်သစ်ဆန်တဲ့အမိုက်စားဖက်ရှင်စတိုင်တွေနဲ့ ဖမ်းစားခဲ့တဲ့ Lisa
ပရိသတ်အချစ်တော် Lisa ကတော့ အခုဆိုရင်ပဲရစ်ဖက်ရှင်သီတင်းပတ်အတွက် မတ်လ(၁၄)ရက်နေ့က ပဲရစ်ကိုထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ သူကတော့ အဆိုပိုင်း အကပိုင်းမှာ အလွန်ထူးချွန်တဲ့သူဖြစ်ပြီး ဖက်ရှင်နဲ့ပတ်သက်ရင်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုများစွာကိုရရှိထားသူပါ။ BLACKPINK အဖွဲ့ဝင် Lisa ကတော့ လက်ရှိမှာ ပဲရစ်ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ (၁၆)ရက်နေ့မှာတော့ ပုံပေါင်းမြောက်များစွာကို အင်စတာဂရမ်ကနေပြီးတော့မျှဝေခဲ့ပါတယ်။ ပဲရစ်မြို့ကြီးကိုနောက်ခံထားပြီး ပြင်သစ်ဆန်ဆန်အမိုက်စားဖြစ်နေတဲ့ Lisa ရဲ့ ပုံရိပ်တွေကတော့ သတင်းခေါင်းကြီးပိုင်းမှာ ပါဝင်နေခဲ့ပါပြီ။ သူကတော့ ဆွယ်တာ၊ဂျင်းစကပ်နဲ့ဆိုဒ်လွန်ဘလေဇာဝတ်စုံတို့ကိုဝတ်ဆင်ထားပြီး ထင်ပေါ်တဲ့ပြင်သစ်စတိုင်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် မိတ်ကပ်မပါတဲ့အလှကတော့ ထူးထူးခြားခြားဆွဲဆောင်မှုရှိနေပြန်ပါတယ်။ ကျစ်ဆံမြီးနဲ့ဆံပင်စတိုင်ကတော့ ဖြူစင်ပြီးချစ်စရာကောင်းတဲ့အသွင်အပြင်ဖြစ်တာကြောင့် တမူထူးခြားတဲ့စတိုင်ပါပဲ။ အရင်ရက်ပိုင်းကလည်း အီဖယ်တာဝါကိုနောက်ခံထားတဲ့ချစ်စရာပုံရိပ်တွေကိုလည်း မျှဝေခဲ့ပါသေးတယ်။ Lisa ကတော့ beret ဦးထုပ်ကိုဆောင်းထားကာ ပြင်သစ်အငွေ့အသက်တွေကို အပြည့်အဝပေးတဲ့ဖက်ရှင်ပါပဲ။ Zawgyi ဖြင့်ဖတ်ရန် …
Read More »