ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး စိတ်ဒုက္ခရောက်ခဲ့ရသလို မြန်မာနိုင်ငံက အနုပညာရှင်တွေကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေအတွက်လည်း ဆုံးရှုံးမှုများခဲ့တဲ့ နှစ်တစ်နှစ်ပါ။ (၂၀၂၀) ခုနှစ် ကိုဗစ်ကာလအတွင်း ပရိသတ်ကိုနှုတ်ဆက်သွားကြတဲ့ အနုပညာရှင်တွေကတော့ (၁) ဦးဇင်းကိတ္ထိသာရ ခေတ်တစ်ခေတ်ရဲ့အအောင်မြင်ခဲ့ဆုံးမင်းသားတစ်လက်လို့ဆိုရမယ့် သဘာဝမင်းသားကြီးကျော်ဟိန်းကတော့ အနုပညာလောကမှာဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့သူဖြစ်ပေမယ့် […]

တချိန်တုန်းက မြန်မာနိုင်ငံမှာ သျှမ်းသျှမ်းတောက်အောင်မြင်မှုတွေနဲ့ သိမ်းပိုက်ခဲ့တဲ့ သဘာမင်းသားကြီးဦးကျော်ဟိန်းကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဦးဇင်းကိတ္ထိသာရအနေနဲ့ ပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါတယ်။ ဦးဇင်းမရှိတော့ခြင်းက မိသားစုဝင်တွေအတွက်သာမက ပရိသတ်တွေအတွက်ပါ တသသဖြစ်စေခဲ့သလို ဦးဇင်း မင်းသားဘဝက အနုပညာလက်ရာတွေကိုလည်း လူမှုကွန်ရက်မှာ မျှဝေရင်း ဖြေမဆည်နိုင်ဖြစ်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ […]

ကျော်ဟိန်းကတော့ သေဆုံးသွားတဲ့တိုင်အောင် လူတွေရဲ့ရင်ထဲမှာ ပြောစမှတ်တွင် ကျန်နေရစ်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာလည်း ချီးကျူးစကားများစွာနဲ့ ရင်ထဲစွဲထင်စေကျန်သူ တစ်ယောက်လည်းဖြစ်တာပါ။ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ ပရိသတ်အားပေးမှုရထားတဲ့ လူငယ်ဒါရိုက်တာတစ်ယောက်ပါ။ သူကတော့ ကျော်ဟိန်းနဲ့ပတ်သက်ပြီး ရင်ထဲမှာမှတ်မှတ်ထင်ထင်ဖြစ်နေတဲ့ဇာတ်ကားတွေကို ပရိသတ်တွေကို မျှဝေလာခဲ့တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျွန်တော် […]

လွန်ခဲ့တဲ့ ဇူလိုင်လ(၁၁) ရက်နေ့က ရဟန်းဘဝနဲ့ တရားအားထုတ်နေတဲ့ နိုင်ငံကျော်မင်းသားကြီးကျော်ဟိန်း ပျံလွန်မူခဲ့တဲ့သတင်းကြောင့် ပရိသတ်တွေများစွာစိတ်မကောင်းဖြစ်ခဲ့ရမှာပါ။ ဦးဇင်းကိတ္ထိသာရကတော့ သက်တော်(၇၃) နှစ်မှာပဲ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ(၁၄) ရက်နေ့ကတော့ ဦးဇင်းသာရှိဦးမယ်ဆိုရင် (၇၃) နှစ်ပြည့်မွေးနေ့လေး ဖြစ်မှာပါ။ မွေးနေ့မရောက်ခင် […]

ပရိသတ်ကြီးရေ ဒီနေ့မနက်(၉)နာရီ (၂၇)မိနစ်မှာတော့ ရုပ်ရှင်လောကရဲ့ဒိတ်ဒိတ်ကြဲကြယ်တစ်ပွင့်ဖြစ်ခဲ့ဖူးပြီး လက်ရှိသြစတေးလျနိုင်ငံမှာ သီတင်းသုံးနေတဲ့ ဦးဇင်းကိတ္ထိသာရကတော့ သက်တော်(၇၃) နှစ်မှာပဲ ပျံလွန်တော်မူသွားခဲ့ပြီဖြစ်ပါတယ်။ ဦးဇင်းကျော်ဟိန်းရဲ့ စိတ်မကောင်းစရာသတင်းအတွက် ရုပ်ရှင်လောကတစ်ခုလုံးစိတ်မကောင်းဖြစ်ခဲ့ရပြီး အကယ်ဒမီများရှင်ရန်အောင်ကလည်း သူ့ရင်ထဲကခံစားချက်တချို့ကို မျှဝေခဲ့ပါတယ်။ “ရုပ်ရှင်လောကရဲ့မြင်းမိုရ်တောင်ကြီး ပြိုပါပကောလားဗျာ…. ရှိနေစေချင်သေးတယ်.. တွေ့ဆုံချင်နေသေးတယ်.. […]

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားတဲ့မင်းသားတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့ မင်းသားကြီးကျော်ဟိန်းကတော့ ဒီနေ့မနက် (၉)နာရီ (၂၇) မိနစ်မှာပဲ ဆုံးပါးသွားပြီဖြစ်ပါတယ်။ ဦးကျော်ဟိန်းကတော့ အနုပညာလောကကနေ အနားယူခဲ့ကာ သြစတေးလျနိုင်ငံ ကင်မ်ဘာရာ မြို့မှာ ဦးကိတ္ထိသာရ ဘွဲ့နဲ့ သီတင်းသုံးလျက်ရှိပြီး ဒီနေ့မှာတော့ ပျံလွန်တော်မူခဲ့ပြီဖြစ်ပါတယ်။ […]