လူငယ်ကြိုက်အဆိုတော် တစ်ဦးဖြစ်တဲ့ ကျော်ထွဋ်ဆွေက နှစ်ပေါင်းအတော်ကြာအောင် ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ Rapper အဆိုတော်တစ်ယောက်ပါ ။ ကျော်ထွဋ်ဆွေဟာ သီချင်းတွေကြောင့်တင်မဟုတ်ဘဲ မော်ဒယ်လ်မင်းသမီးချောလေး နန်းသူဇာနဲ့ အချစ်ရေးကြောင့်လည်း လူသိများတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ် ။ လူငယ်အဆိုတော် ပီပီစကားကြွယ်တဲ့ ကျော်ထွဋ်ဆွေရဲ့ အပြောလေးတွေကြောင့် ပရိသတ်တွေကချစ်ခင်နေရတယ်ဆိုလည်းမမှားပါဘူး ။ ကျော်ထွဋ်ဆွေက သူ့ကို ဝေဖန်တိုက်ခိုက်တဲ့ သူတွေကို စကားလုံးရိုင်းရိုင်းတွေ မသုံးဘဲ အလိမ္မာနည်းနဲ့ ပြန်ကြွယ်ပြတတ်တဲ့ သူတစ်ယောက်ဆိုတာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါ ။ လတ်တလောမှာလည်း အားပေးသလိုလိုနဲ့ တိုက်ခိုက်လာတဲ့ ကွန်မန့်တစ်ခုကို အထာကျကျ ပြန်လည်တုံ့ပြန်ခဲ့တာကြောင့် ပရိသတ်တွေအတော်လေး သဘောကျနေကြပြန်ပါပြီ ။ ရူပါမသန့်ဘဲ ဘာလို့ဆော်ကြည်နေတာလဲလို့ မေးလာတဲ့ မေးခွန်းကို စိတ်ထားကောင်းလို့ပါလို့ ပြန်လည်ဖြေဆိုခဲ့တာပဲဖြစ်ပါတယ် …
Read More »