လူငယ်အဆိုတော်တစ်ယောက်ဖြစ်တဲ့နိုင်းဝမ်းကတော့ စလုံးကချစ်သူ သီချင်းနဲ့ပရိသတ်တွေအားပေးကြမ်းခဲ့ကြတဲ့ ဟစ်ဟော့ အဆိုတော်တစ်ယောက်ပါ ။ မကြာသေးမီက ချစ်သူနဲ့လက်ထပ်ပွဲလေးလေးပြုလုပ်ခဲ့ပြီး ရင်းနှီးတဲ့အနုပညာရှင်တွေက တက်ရောက်ခဲ့ကြသလို ချစ်သူနဲ့ထာဝရလက်တွဲခွင့်ရခဲ့တဲ့အတွက် နိုင်ဝမ်းက အရမ်းကိုပျော်ရွှင်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မကြာခဏ ပရိသတ်တွေကို မျှဝေပေးနေတာပါ ။ လတ်တလောမှာတော့ မင်္ဂလာပွဲပြီးထဲက ရထားတဲ့ လက်ဖွဲ့တွေကြောင့် အိမ်တောင် မပြန်ဖြစ်တော့တဲ့ အကြောင်း ပရိတ်တွေကို အသိပေးလာခဲ့ပါတယ် ။ ချစ်မိတ်ဆွေကြီးတွေလက်ဖွဲ့တဲ့ ဟိုတယ်တည်းခိုခွင့်လက်ဆောင်တွေနဲ့ ဟန်းနီးမွန်းပတ်ထွက်နေလို့ မင်္ဂလာပွဲပြီးကတည်းက အိမ်ကိုမပြန်ရသေးဘူး ဆိုတဲ့စာသားလေးနဲ့ အသစ်စက်စက် ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကတော့ ညားကာစ ဇနီးမောင်နှံရဲ့ ပျော်မဆုံးတဲ့ ပုံတွေကြောင့် အကဲပိုနေတယ်လို့ စနောက် မှတ်ချက်တွေပေးထားကြပါသေးတယ် …
Read More »