Tag Archives: Lee Ga Ryeong

ဆုပေးပွဲမှာနာမည်ကျော်တွေဖြစ်တဲ့ Song Joong Ki နဲ့ Jung Hae In တို့ထက် အာလုံးကိုဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီး

2022 APAN Star Awards ပွဲကတော့ မကြာသေးခင်ကကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ ထိပ်တန်းကြယ်ပွင့်များစွာတက်ရောက်ခဲ့တာပါ။ ဒီပွဲမှာတော့ နာမည်ကျော်တွေဖြစ်တဲ့ Song Joong Ki နဲ့ Jung Hae In တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ဒီပွဲမှာတော့ ကော်ဇောနီထက်မှာ အမိုက်စားဖက်ရှင်တွေနဲ့အတူအားလုံးကိုဖမ်းစားနိုင်ခဲ့တဲ့မင်းသမီးတစ်လက်ရှိပါတယ်။ သူကတော့ Lee Ga Ryeong ဖြစ်ပါတယ်။ Lee Ga Ryeong ကတော့ အနီရောင်ရဲရဲဝတ်စုံကိုဝတ်ဆင်လာတာဖြစ်ပြီး မြင့်မားတဲ့အရပ်အမောင်းနဲ့လိုက်ဖက်နေတာကြောင့် တကယ်ကိုဖက်ရှင်ရွေးချယ်မှုမှန်ကန်ပြီးဆွဲဆောင်မှုရှိတာဖြစ်ပါတယ်။ ဒီဝတ်စုံကတော့ သူ့ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကိုပေါ်လွင်စေပြီး ရှေ့ကွဲဝတ်စုံဖြစ်တာကြောင့်လည်း သွယ်လျတဲ့သူ့ခြေတံတွေကို ပေါ်လွင်စေခဲ့ပါတယ်။ Lee Ga Ryeong ကတော့ သူ့ရဲ့အသက်ဟာ(၄၃)ဖြစ်တယ်ဆိုတာကို Love (ft. Marriage and Divorce) ဇာတ်လမ်းတွဲအပြီးမှာ ဖော်ပြခဲ့ပါတယ်။ …

Read More »

ပရိသတ်တွေထင်သလိုအသက်(၃၅)နှစ်မဟုတ်ဘဲ (၄၃)နှစ်ရှိနေပြီဖြစ်ကြောင်း ဝန်ခံခဲ့တဲ့မင်းသမီး Lee Ga Ryeong

မင်းသမီး Lee Ga Ryeong ကတော့ ‘Love ft. Marriage & Divorce’ ဇာတ်လမ်းတွဲပြီးဆုံးသွားတဲ့အနေနဲ့ အင်တာဗျူးဖြေဆိုခဲ့ပါတယ်။ အင်တာဗျူးမှာတော့ သူဟာ(၁၉၈၀)ခုနှစ် မျောက်နှစ်မှာ မွေးဖွားခဲ့တဲ့အကြောင်းပြောခဲ့တာဖြစ်ပြီး ပရိသတ်တွေကအံ့သြခဲ့ရတာပါ။ ဒါကတော့ တရားဝင်ဖော်ပြထားတဲ့အသက်ထက်(၈)နှစ်ငယ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ယောက်အဖြစ်လုပ်ကိုင်တဲ့အချိန်မှာတော့ လိုက်ဖက်မယ့်အသက်အရွယ်ကိုပြောင်းလဲလေ့ရှိကြပါတယ်။ Lee Ga Ryeong ရဲ့ ဒီအချက်အလက်တွေကိုအွန်လိုင်းမှာတင်လိုက်တဲ့အခါမှာတော့ ကိုယ်တိုင်ကမကြေညာလိုက်ရဘဲအတည်ဖြစ်သွားခဲ့တာပါ။ သူကတော့ အမှန်တကယ်အသက်ကိုဖော်ပြဖို့အတွက် အလုပ်တွေအကြာကြီးရပ်နားထားပြီး အေဂျင်စီမရှိတာကြောင့် သတင်းမထုတ်ပြန်နိုင်ခဲ့ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ သူကတော့ အေဂျင်စီအသစ်နဲ့အလုပ်လုပ်ကိုင်တော့မှသာ ဒီအကြောင်းကိုရှင်းပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီးကတော့ SBS ဒရမ်မာတစ်ခုဖြစ်တဲ့ ‘A Gentleman’s Dignity’ နဲ့အတူ (၂၀၁၂) ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ …

Read More »
x