Itaewon လူပြိုမှုမှာတော့ မင်းသား Lee Ji Han ဟာ အသက်ဆုံးပါးသွားခဲ့ရတာဖြစ်ပြီး ပရိသတ်တွေကတော့ စောစီးစွာကြွေလွင့်သွားရတဲ့အတွက် နှမြောတသဖြစ်ကာဝမ်းနည်းခဲ့ကြပါတယ်။ ကွယ်လွန်သူမင်းသားကတော့ Season of Kkokduဆိုတဲ့ ဒရမ်မာဇာတ်လမ်းတွဲတစ်ခုကိုရိုက်ကူးလက်စလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ(၇)ရက်နေ့မှာတော့ MBC ရဲ့ဒရမ်မာ Season of Kkokdu ထဲက ကွယ်လွန်သူမင်းသား Lee Ji Han ရဲ့နေရာမှာ မင်းသား Lee Jung Jun ကအစားထိုးသရုပ်ဆောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ဇာတ်ရုပ်ကတော့အဓိကအမျိုးသမီးဇာတ်ဆောင် Han Gye Jeol ရဲ့ရည်းစားဟောင်းနေရာမှာပါဝင်ရမှာလည်း ဖြစ်ပါတယ်။ MBC ကတော့ အချိန်အတော်ကြာဆွေးနွေးမှုလုပ်ပြီးနောက်မှာ Lee Ji Han ရဲ့ဇာတ်ရုပ်မှာသရုပ်ဆောင်သစ်ကိုအစားထိုးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ရိုက်ကူးစရာဇာတ်ဝင်ခန်းများစွာပါဝင်တာကြောင့် လူအစားထိုးရိုက်ရုံအပြင်မတတ်နိုင်ခဲ့ဘူးလို့လည်းသိရပါတယ်။ …
Read More »