အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Son Dam Bi ကိုတော့ ပရိသတ်တွေရင်းနှီးပြီးသား ဖြစ်မှာပါ။ သူကတော့ တစ်ချိန်ကနိုင်ငံ့ဂုဏ်ဆောင်စကိတ်သမားတစ်ယောက်ဖြစ်ခဲ့တဲ့ Lee Kyou Hyuk နဲ့ရွှေလက်တွဲသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ H& Entertainment က မင်္ဂလာပွဲပုံရိပ်တွေကိုမျှဝေခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးတော့လည်း Son Dam Bi နဲ့ Lee Kyou Hyuk တို့ရဲ့မင်္ဂလာပွဲအတွက် မင်္ဂလာဆုတောင်းစကားတွေနဲ့နွေးထွေးမှုတွေပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်း၊ ဒီစုံတွဲဟာ လက်ထပ်ပြီးနောက် ပျော်ရွှင်စရာဘဝကိုစတင်ပြီဖြစ်ကြောင်း ကိုလည်း မျှဝေခဲ့ပါသေးတယ်။ မျှဝေခဲ့တဲ့ပုံရိပ်တွေထဲမှာတော့ Son Dam Bi နဲ့ Lee Kyou Hyuk တို့နှစ်ဦးက တောက်ပတဲ့အပြုံးတွေနဲ့ ကြည်နူးစရာကောင်းနေခဲ့ပါတယ်။ ဒီကြည်နူးစရာအမှတ်တရပုံရိပ်တွေဟာ ကိတ်မုန့်အတူတူခွဲတာကနေ လက်စွပ်ဝတ်ပေးနေကြတဲ့ပုံရိပ်လေးတွေပါဝင်ခဲ့ပါတယ်။ …
Read More »