Tag Archives: Lee Min Ho

Pachinko 2 ရိုက်ကူးဖို့အတွက် ကနေဒါကိုထွက်ခွာသွားခဲ့တဲ့ မင်းသား Lee Min Ho

Apple TV+ ကနေပြီးတော့ထွက်ရှိလာမယ့် Pachinko 2 ကိုရိုက်ကူးဖို့အတွက် Lee Min Ho ကတော့ ခြေလှမ်းတွေစတင်ခဲ့ပြီ ဖြစ်ပါတယ်။ Lee Min Ho ကတော့ အင်ချွန်းနိုင်ငံတကာလေဆိပ်ကနေပြီး ဖေဖော်ဝါရီလ(၁၇)ရက်နေ့က မီဒီယာတွေနဲ့ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ စတိုင်ကျတဲ့မင်းသားချောကတော့ ဒီတစ်ခေက် လေဆိပ်ဖက်ရှင်ကို အနက်ရောင်ကိုရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။မင်းသားကတော့ နာမည်ကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Pachinko ကိုရိုက်ကူးဖို့အတွက် ကနေဒါနိုင်ငံကို ထွက်ခွာသွားခဲ့တာလည်း ဖြစ်ပါတယ်။ Lee Min Ho ပါဝင်ထားတဲ့ Pachinko ဇာတ်လမ်းတွဲ Part 1 မှာတော့ ဆွန်းဂျာရဲ့အမျိုးသားဖြစ်သူဟာ ဂျပန်အာဏာပိုင်တွေရဲ့ဖမ်းဆီခြင်းကိုခံလိုက်ရပြီး ဆွန်းဂျာကတော့ကင်မ်ချီဆိုင်ကို ဦးစီးလုပ်ကိုင်ဖို့ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်လာမယ့် Part 2 မှာတော့ …

Read More »

အင်စတာရမ်မှာ follower အများဆုံးကိုရီးယားမင်းသားတစ်လက်အဖြစ်နေရာယူထားတဲ့ မင်းသားချော Cha Eun Woo

မင်းသားချော Cha Eun Woo ကိုတော့ ဒရမ်မာဇာတ်ကားတွေနဲ့အတူ ချောမောတဲ့ရုပ်ရည်ကြောင့် လူသိများကြမှာပါ။ အခုဆိုရင်တော့ မင်းသားချော Cha Eun Woo ဟာ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ကိုကျော်တက်ပြီးတော့ အင်စတာဂရမ်မှာ follower အများဆုံးကိုရီးယားမင်းသားတစ်လက်အဖြစ် နေရာယူခဲ့ပါတယ်။ ဒီဇင်ဘာလ(၉)ရက်နေ့မှာတော့ follower ပေါင်း (၃၁) သန်းကျော် ရရှိနေပြီး မင်းသား Lee Min Ho ထက် follower (၇၃၀၀၀) ကျော်ပိုများခဲ့တာပဲ ဖြစ်ပါတယ်။ Lee Min Ho ကတော့ follower အများဆုံးကိုရီးယားမင်းသားနေရာမှာ (၂) နှစ်ကျော်နေရာယူထားနိုင်ခဲ့ပါတယ်။ ထူးခြားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ Cha Eun …

Read More »

Pachinko ဇာတ်လမ်းတွဲရဲ့ Season 2 ကို စတင်ရိုက်ကူးတော့မယ့် မင်းသားချော Lee Min Ho

ကေဒရမ်မာမင်းသားတွေထဲက ပရိသတ်တွေအကြိုက်နှစ်ဆုံးမင်းသားတွေထဲမှာတော့ မင်းသားချော Lee Min Ho လည်း ပါဝင်ပါတယ်။ သူကတော့ အောင်မြင်မှုတွေရရှိထားသလို အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မင်းသားကတော့ Ask The Stars ဆိုတဲ့ဒရမ်မာကို နာမည်ကျော်မင်းသမီး Gong Hyo Jin နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ မင်းသားချော Lee Min Ho ကတော့ Ask The Stars ရိုက်ကူးပြီးနောက်မှာ Pachinko ဇာတ်လမ်းတွဲရဲ့ Season 2 ကိုဆက်လက်ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်နိုင်ငံကိုပြောင်းရွှေ့သွားတဲ့ မိသားစုအပေါ်အခြေခံထားပါတယ်။ ဒီဇာတ်လမ်းဟာ (၁၈၈၃) ခုနှစ်မှာစတင်ခဲ့ပြီး (၁၉၁၀-၁၉၈၉) ခုနှစ်ကြားကအဖြစ်အပျက်တွေကို ရိုက်ကူးထားတာပါ။ မင်းသားကတော့ (၂၀၂၃)ခုနှစ်နှစ်စပိုင်းမှာစတင်ပြီးရိုက်ကူးသွားတော့မယ်လို့ …

Read More »

ပရိသတ်တွေကိုဆွဲဆောင်မှုမြင့်တက်နေတဲ့ Lee Min Ho နဲ့ Gong Hyo Jin တို့နှစ်ဦးရဲ့ ‘Ask The Stars’ ဇာတ်ဝင်ခန်းပုံရိပ်

မင်းသားချော Lee Min Ho နဲ့အတူ မင်းသမီး Gong Hyo Jin တို့ကတော့ ဒရမ်မာသစ်နဲ့အတူပရိသတ်တွေဆီပြန်လာတော့မှာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအပြည့်အဝရရှိထားတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ(၂၁)ရက်နေ့မှာတော့ အာကာသအချစ်ဟာသဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Ask The Stars ရဲ့ပုံရိပ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ပုံတစ်ခုမှာတော့ မင်းသားချောLee Min Ho ဟာ ခေါင်းမှာ နားကြပ်ကိုတပ်ထားတာဖြစ်ပြီး Gong Hyo Jin ကတော့ မိုက်ကရိုဖုန်းကိုသေချာတပ်ဆင်ပေးနေတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ပုံရိပ်ကတော့ ပရိသတ်တွေကိုကြည့်ရှုချင်စိတ်ပိုပြီးတော့တိုးလာစေတာလည်း ဖြစ်ပါတယ်။ Ask the Stars ဇာတ်လမ်းတွဲဟာ ခရီးသွားတစ်ယောက်နဲ့အာကာသယာဉ်မှူးတို့ဟာ အာကာသစခန်းမှာတွေ့ဆုံပြီးနောက်သူတို့နှစ်ဦးကြားကဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းကိုပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Lee Min …

Read More »

မင်းသားချော Lee Min Ho နဲ့ဒိတ်နေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့တဲ့ Yeon Woo

တက်သစ်စမင်းသမီးချောလေး Yeon Woo ကတော့ မင်းသားချော Lee Min Ho နဲ့တွဲနေတယ်ဆိုတဲ့သတင်းတွေကထွက်ရှိတာကြာခဲ့ပါပြီ။ မကြာသေးခင်ကအင်တာဗျူးတစ်ခုမှာတော့ မင်းသမီးဟာဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မင်းသမီး Yeon Woo ကိုတော့ Golden Spoon ဒရမ်မာမှာ Oh Yeo Jin ဆိုတဲ့ဇာတ်ရုပ်နဲ့တွေ့ခဲ့ရမှာပါ။ သူကတော့ အပြင်လောကမှာဇာတ်ရုပ်ထက်တောင်မှပိုချစ်စရာကောင်းနေပြီး PUBG၊ League of Legends နဲ့ Overwatch လို ဂိမ်းတွေကိုဆော့ရတာကို ကြိုက်တာလည်း ဖြစ်ပါတယ်။ ဂိမ်းဆော့တာကြောင့်ပဲ မမျှော်လင့်ဘဲ နာမည်ကြီးမင်းသားချော Lee Min Ho နဲ့ တွဲနေတယ်ဆိုတဲ့ကောလာဟလတွေထွက်ရှိခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကတော့ ဂိမ်းအတူဆော့ကြတာကြောင့်ရင်းနှီးတယ်လို့ ပြောခဲ့ပါတယ်။ (၂၀၂၁)ခုနှစ်သြဂုတ်လမှာတော့ Dispatch မီဒီယာကနေပြီး သူတို့နှစ်ဦးရဲ့ပုံတွေနဲ့အတူ …

Read More »

New York ဖက်ရှင်ရှိုးမှာတွေ့ရတဲ့ Song Hye Kyo နဲ့ Lee Min Ho

မကြာသေးခင်ရက်ပိုင်းက Song Hye Kyo နဲ့ Lee Min Ho တို့အသီးသီးကတောင်ကိုရီးယားနိုင်ငံလေဆိပ်ကနေထွက်ခွာလာခဲ့ကြတာပါ။ သူတို့နှစ်ဦးကတော့ New York ဖက်ရှင်ရှိုးကိုတက်ရောက်ကြမယ်လို့လည်း သိခဲ့ရပါတယ်။ နှစ်ဦးစလုံးကတော့ ပွဲတစ်ခုကိုအတူတူတက်ရောက်ခဲ့ကြတာပါ။ နာမည်ကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Fendi ရဲ့ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကတော့ Fendi အမှတ်တံဆိပ်ရဲ့ Ambassador တွေလည်း ဖြစ်ပါတယ်။ ပွဲကပုံရိပ်တွေထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒိတ်ဒိတ်ကြဲနာမည်ကျော်တွေဖြစ်တဲ့ Song Hye Kyo နဲ့ Lee Min Ho ကို တွဲပြီးတွေ့ရတဲ့ ရှားရှားပါးပါးပုံရိပ်ပါပဲ။ သူတို့နှစ်ဦးကတော့ဖက်ရှင်ရှိုးရဲ့ရှေ့တန်းမှာထိုင်နေတာဖြစ်ပြီး ဘေးချင်းကပ်လျှက်ထိုင်နေတာပါ။ နှစ်ယောက်စလုံးကတော့ Fendi အမှတ်တံဆိပ်ဖက်ရှင်တွေနဲ့အတူ အမိုက်စားဖြစ်နေခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်နှစ်ဦးကိုအခုလိုတွေ့ရတာကတော့ တကယ့်ကိုစိတ်လှုပ်ရှားစရာပါပဲ။ Hallyu Starနှစ်ဦးရဲ့ဖက်ရှင်တွေကြောင့် Fendi အမှတ်တံဆိပ်ကတော့ အမျိုးသားရောအမျိုးသမီးပါ …

Read More »

လေဆိပ်မှထွက်ခွာသွားတဲ့ပုံရိပ်ကြောင့် ပရိသတ်တွေကိုစိတ်ဝင်စားမှုမြင့်တက်စေခဲ့တဲ့ Lee Min Ho

မင်းသားချော Lee Min Ho ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်ပါပဲ။ သူ့ကိုတော့ စက်တင်ဘာလ(၈)ရက်နေ့မှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာတွေ့ခဲ့ရတာဖြစ်ပြီး ဘယ်ကိုခရီးထွက်သွားတာလဲဆိုတာကိုတော့ ပရိသတ်တွေကစိတ်ဝင်စားနေခဲ့ကြတာပါ။ မင်းသားရဲ့အေဂျင်စီကတော့ ပြည်ပမှာအနုပညာလှုပ်ရှားမှုတွေရှိလားဆိုတာကို တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမဲ့ New York ဖက်ရှင်ရှိုးကိုတက်ရောက်ဖို့အတွက်ထွက်ခွာသွားတာဖြစ်တယ်လို့ Dispatch ကဆိုပါတယ်။ သူကတော့ အမိုက်စားအနက်ရောင်ဝတ်စုံနဲ့ လေဆိပ်ဖက်ရှင်ကိုဝတ်ဆင်ထားတာပါ။ နိုဝင်ဘာ(၂၀၂၁)မှာတော့ အခြားသောဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်တဲ့Lee Jung Jae ၊ Jung Ho Yeon ၊ Park Hae Sooနဲ့ Lee Byung Hun စတဲ့အနုပညာရှင်တွေနဲ့အတူ 2021 LACMA Art+Film Gala ပွဲအတွက် လော့စ်အိန်ဂျလိစ့်ကိုသွားခဲ့ပါသေးတယ်။ Apple TV+ ရဲ့ဒရမ်မာဖြစ်တဲ့”Pachinko” ရဲ့ စာနယ်ဇင်းပွဲကိုလည်း တွဲဖက်သရုပ်ဆောင် …

Read More »

လမ်းခွဲပြတ်စဲတာ(၅)နှစ်ကြာပြီးနောက်မှာပြန်လည်တွေ့ရတဲ့ Lee Min Ho နဲ့ Suzy

တောင်ကိုရီးယားနိုင်ငံရဲ့ဖျော်ဖြေရေးနယ်ပယ်မှာ စံပြစုံတွဲအဖြစ် Lee Min Ho နဲ့ Suzy တို့ကိုသတ်မှတ်ခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးဟာ (၂)နှစ်ကြာတွဲပြီးနောက်မှာ ပြတ်စဲခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုတော့ပါတီပွဲတစ်ခုမှာပြန်လည်တွေ့ရပြီး ဒီသတင်းဟာလူပြောများခဲ့ပါတယ်။ ဓာတ်ပုံတစ်ခုမှာတော့ Lee Min Ho ဟာYG Foods & Entrepreneur ရဲ့ စီအီးအိုဖြစ်သူ Noh Hee Young နဲ့အတူတွဲရိုက်ထားတာဖြစ်ပြီး Suzy ကတော့ သူတို့ရဲ့အနောက်မှာရပ်နေခဲ့ပါတယ်။ ဒါ့အပြင်နောက်ထပ်တစ်ပုံမှာ Suzy ကတော့ Lee Min Ho နဲ့အတူ စားပွဲတစ်ခုမှာထိုင်နေတာလည်း အင်တာနက်မှာပျံ့နှံ့နေတာ ဖြစ်ပါတယ်။ လူတော်တော်များများကတော့ စီအီးအို Noh Hee Young ဟာသူတို့နှစ်ဦးကိုအင်စတာဂရမ်မှာ follow လုပ်ထားတဲ့အကြောင်းကို ထောက်ပြခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ …

Read More »

အင်စတာဂရမ်မှာ Follower အများဆုံးတောင်ကိုးရီးယားမင်းသားအဖြစ်စံချိန်တင်လိုက်တဲ့ Lee Min Ho

နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ကတော့ သရုပ်ဆောင်ကောင်းရုံတင်မက ပရိသတ်တွေရဲ့အချစ်တွေကိုလည်း များစွာရရှိထားတာပါ။ သူကတော့ အောင်မြင်ကျော်ကြားတဲ့တောင်ကိုရီးယားကြယ်ပွင့်တစ်ဦးဖြစ်ပြီး ပြည်ပမှာလည်းပရိသတ်များစွာရှိနေတာကြောင့် အင်စတာဂရမ်မှာလည်း စိတ်ဝင်စားမှုများစွာခံရတဲ့မင်းသားတစ်လက်ပါ။ Lee Min Ho ကတော့ အင်စတာဂရမ်မှာ follower သန်း(၃၀) ရရှိခဲ့တာဖြစ်ပြီး follower အများဆုံးတောင်ကိုရီးယားမင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ မင်းသား Cha Eun Woo ရှေိနေတာဖြစ်ပြီး လက်ရှိမှာ follower (၂၉) သန်းရှိနေပါတယ်။ Lee Min Ho ကတော့ ရိုက်ကူးထားတဲ့ ကြော်ငြာ၊ မဂ္ဂဇင်းပုံတွေနဲ့ လက်ရှိပရော့ဂျက်တွေနဲ့ပတ်သက်ပြီးတင်ပေးလေ့ရှိသလို Selfie ပုံတွေကိုလည်းတင်လေ့ရှိပါတယ်။ မင်းသားချောကတော့ မကြာခင်မှာ မင်းသမီး Gong Hyo Jin နဲ့ …

Read More »

တွဲဖက်သရုပ်ဆောင်ခဲ့သူတွေရဲ့ မင်္ဂလာပွဲတွေကိုတက်ရောက်နေရတဲ့ Lee Min Ho

မင်းသားချော Lee Min Ho ကတော့ မင်္ဂလာဆောင်တွေအများအပြားကို တက်ရောက်ရပုံပါပဲ။ သူကတော့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်အကျော်ကြားဆုံးမင်းသားတွေထဲကတစ်ယောက်ပါ။ဒါကြောင့်လည်း များစွာသောသရုပ်ဆောင်တွေနဲ့တွဲပြီးတော့ အလုပ်လုပ်ခဲ့ဖူးတာပါ။ ပရိသတ်တွေကတော့ သူနဲ့ပတ်သက်ပြီးပေါက်ပေါက်ရှာရှာအချက်တွေကို တွေ့ရှိခဲ့ပါတယ်။ Lee Min Ho နဲ့တွဲဖက်သရုပ်ဆောင်ပြီးနောက် မင်္ဂလာဆောင်သွားကြတာကလည်း ထူးဆန်းတဲ့အချက်ဖြစ်နေပါတယ်။ The Heirs မှာတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Park Shin Hye ၊ Personal Taste မှာ အတူသရုပ်ဆောင်ခဲ့တဲ့ Son Ye Jin နဲ့ F4 ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Kim Hyun Joong တို့ကတော့ လက်ထပ်သွားခဲ့ကြပါပြီ။ မကြာခင်မှာလည်း တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Gong Hyo Jin ဟာလည်း မင်္ဂလာဆောင်တော့မယ်ဆိုပြီး …

Read More »
x