Tag Archives: Li Li Kyaw Khaing

ကိုဗစ်လူနာတွေအတွက် ဧရာဝတီဖောင်ဒေးရှင်းကိုသွားရောက်လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်လီလီကျော်ခိုင်

အရပ်မြင့်မြင့်နဲ့စတိုင်ကျတဲ့မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ လီလီကျော်ခိုင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ Miss World Peace Myanmar 2016 နဲ့ Myanmar Global Charity Queen 2017 စတဲ့ ဆုတံဆိပ်တွေကိုရရှိထားတဲ့ အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မော်ဒယ်လ်၊သရုပ်ဆောင်အဖြစ်နဲ့အနုပညာအလုပ်တွေလုပ်ကိုင်နေသူပါ။ သူကတော့ ကိုဗစ်ကုသရေးစင်တာတစ်ခုဖြစ်တဲ့ ဧရာဝတီစင်တာမှာ လှူဒါန်းမှုတွေပြုခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ “ယနေ့ လှူဖြစ်တဲ့အလှူလေးအတွက် အားလုံးကို အမျှပေးဝေပါတယ် နတ်လူသာဓုခေါ်နိူင်ကြပါစေ.. အလှူငွေနိူင်သလောက်လေးနဲ့ လီလီ့ဆီ လက်ဆောင်တွေ ပို့ပေးတဲ့ Vitamin C Water နဲ့ MB Biscuits တွေကိုဘဲ ထပ်ဝယ်ပြီး လက်ဆောင်နဲ့တွဲလှူဖြစ်ပါတယ်” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။ ပရိသတ်တွေကတော့ လီလီကျော်ခိုင်ရဲ့အလှူအတွက်ဝမ်းမြောက်စွာသာဓုခေါ်ခဲ့ကြပါတယ်။ ရှေ့လျှောက်လည်း ပိုမိုလှူဒါန်းနိုင်ပြီး …

Read More »
x