Tag Archives: Lin Linn

ဘဝမှာ ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဆိုတဲ့ မိတ်ကပ် လင်းလင်း

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းလင်းကတော့ ပရိသတ်ချစ်ခင်အားပေးမှုနဲ့အတူ မိတ်ကပ်ပညာရှင်ဘဝကနေ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးလာခဲ့ပါတယ် ။ ငယ်ဘ၀ ကြမ်းတမ်းမှုတွေကြားက အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တဲ့ လင်းလင်းက လက်ရှိမှာ သူမ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီတဲ့ ပရိသတ်ကြီးရေ ..။ အိမ်မက်တွေ့ကိုအကောင်အထည်ဖော်ခွင့်ရခဲ့နေ့ပါပဲရှင့် ခေါင်းအစခြေအဆုံး ပံပိုးပေးပါသော မေမေမိုးကုပ်ပေါက်ပေါက် ကိုဦးစွာရှိခိုးကန်တော့ပါတယ် သဇင်ပန်းကိုဆင်မြန်းပေးတဲ့ဆရာဦးဝင်းလှိုင် တို့အား ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် ဆိုတဲ့စာသားလေးနဲ့အတူ အငြိမ့်မင်းသမီးဝတ်စုံလေးနဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ ခုလို အငြိမ့်မင်းသမီးလေးတစ်ယောက်လိုဝတ်ဆင်ပြီး ကပြ ဖျော်ဖြေခွင့်ရခဲ့တဲ့ လင်းလင်းအတွက် ပရိသတ်တွေက ဂုဏ်ယူနေကြသလို အနုပညာရှင်တွေကလည်းချီးကျူးမှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ပွင့်လင်းသွက်လက်ပြီး ချစ်ဖို့ကောင်းတဲ့မိတ်ကပ်လင်းလင်းရဲ့ အငြိမ့်သမ ပုံရိပ်လေးတွေကိုလည်း ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် …

Read More »

သန်လျင်ဘိုးဘွားရိပ်သာမှာ ဘိုးဘွားတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့တဲ့ လင်းလင်း

လင်းလင်းကတော့ မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့မိတ်ကပ်ပညာရှင်တွေထဲက တစ်ယောက်ပါ။ မိန်းမလျာတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးတွေအရှုံးပေးရအောင် သွယ်လျလှပတဲ့ခန္ဓာကိုယ်နဲ့ ဖြူစင်ဝင်းပတဲ့အသားအရည်ကို ပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးလာရတဲ့အထိ အောင်မြင်မှုရရှိလာသူလည်း ဖြစ်ပါတယ်။ အမြဲပျော်ပျော်နေတတ်တဲ့အပြင် အလှူအတန်းရက်ရောတဲ့လင်းလင်းကတော့ မနေ့ကအားလပ်ရက်လေးမှာလည်း သန်လျင်သဘာဝတရားရိပ်သာကို သွားပြီး အဘိုးအဘွားတွေအတွက် ဆန်၊ဆီနဲ့ စားသောက်စရာလေးတွေ သွားရောက်လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ… ခိုကိုးရာမဲ့ဘိုးဘွားတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကာ ငိုခဲ့ရတဲ့လင်းလင်းကတော့ ပရိသတ်ကြီးကိုလည်း ဒီလိုနေရာမျိုးတွေမှာ လာရောက်လှူဒါန်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အားလပ်ရက်လေးကို အကျိုးရှိစွာနဲ့ ဘိုးဘွားရိပ်သာမှာ သွားရောက်လှူဒါန်းပေးခဲ့တဲ့လင်းလင်းကတော့ သူ့ရဲ့အလှူလေးကို ဗွီဒီယိုလေးနဲ့ ပြန်လည်မျှဝေဖော်ပြခဲ့ပါတယ်.. အဘိုးအဘွားတွေအတွက် စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းပေးခဲ့တဲ့ လင်းလင်းရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦး ပရိသတ်ကြီးရေ… Source – Lin Linn Rainbow- Cele …

Read More »

မွေးနေ့လေးမှာစည်ပင်ဝန်ထမ်းတွေအတွက် အလှူပြုလုပ်ခဲ့တဲ့လင်းလင်း

မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့လင်းလင်းကိုတော့ ပရိသတ်တွေရင်းနှီးကြမှာပါ။ လင်းလင်းကတော့ မိတ်ကပ်ပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်သလို အနုပညာရှင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေအသိအမှတ်ပြုခံထားရသူတစ်ယောက်ပါ။ လင်းလင်းကတော့ စိတ်ရင်းစေတနာကောင်းသလို ဟန်ဆောင်မှုမရှိပွင့်ပွင့်လင်းလင်းနေတတ်တာကြောင့်လည်း ပရိသတ်တွေကချစ်ခင်ရသူတစ်ယောက်ပါ။ ဒီနေ့လေးကတော့ ပရိသတ်တွေချစ်တဲ့လင်းလင်းရဲ့မွေးနေ့ရက်မြတ်လေးလည်းဖြစ်ပါတယ်။ လင်းလင်းကတော့သူ့ရဲ့မွေးနေ့လေးအတွက် အကျိုးရှိတဲ့အလှူလေးပြုလုပ်ကာအချိန်ကုန်ဆုံးခဲ့ပါတယ်။ အလှူလေးအကြောင်းကိုလည်း “လင်းရဲ့မွေးနေ့လေးမှာ တကယ့်လိုအပ်တဲ့ နေရာတွေမှာ ကူညီခွင့်ရလို့ မျက်ရည်တောင်ကျမိတယ် ၇ရက်သားသမီးအားလုံး ထပ်တူရပါစေ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။ လင်းလင်းကတော့စည်ပင်ဝန်ထမ်းတွေကို လိုက်လံပြီးတော့လှူဒါန်းခဲ့တာဖြစ်ပြီး ဒီအလှူလေးအတွက် ပရိသတ်တွေကတော့ ဝမ်းသာကြည်နူးနေကြတာပါ။ လင်းလင်းတစ်ယောက်မွေးနေ့မှစပြီး နှစ်ပေါင်းများစွာ အောင်မြင်ပျော်ရွှင်မှုစွာ ရရှိနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်… Source : LinLinn

Read More »

ညီညီမောင်(စမ်းချောင်း)နဲ့ လင်းလင်းတို့ အခွီရိုက်ကူးထားတဲ့ ကြော်ငြာဗွီဒီယိုလေး

ညီညီမောင်(စမ်းချောင်း)နဲ့ လင်းလင်းတို့ကတော့ မိတ်ကပ်ပညာရှင်တွေဖြစ်ပေမယ့် ကိုယ်စီအားပေးသူပရိသတ်အခိုင်အမာရရှိထားသူတွေပါ။ အမြဲတစ်တွဲတွဲတွေ့နေရတဲ့သူတို့နှစ်ယောက်ကတော့ မကြာခဏဆိုသလိုလည်း ပရိသတ်တွေပျော်ရွှင်ရအောင်လည်း ဟာသဗွီဒီယိုလေးတွေ၊ ဟာသဓာတ်ပုံလေးတွေ ရိုက်ကူးမျှဝေလေ့ရှိသူပါ။ နောက်ပိုင်းမှာ နှစ်ယောက်သားအတွဲလိုက်ရုပ်ရှင်တွေ ရိုက်ကူးလာရတဲ့အထိ ပရိသတ်အသိမှတ်ပြုအားပေးမှု ရရှိလာခဲ့ကြတဲ့သူတို့နှစ်ယောက်ကတော့ ဒီတစ်ခေါက်မှာလည်း ကြော်ငြာလေးတစ်ခုလက်ခံရိုက်ကူးဖြစ်ခဲ့ပြီး နှစ်ယောက်သားတွဲဖက်ညီညီ ပရိသတ်တွေဘဝအမောပြေရအောင် အခွီရိုက်ကူးကာ တင်ဆက်ပေးခဲ့ပါတယ်။ ပရိသတ်တွေပျော်ရွှင်ရအောင် အမြဲဖန်တီးပေးနေသူပီပီ ဒီကြော်ငြာလေးထဲမှာလည်း သူတို့နှစ်ယောက်ရဲ့ ချစ်ဖို့ကောင်းတဲ့အမူအယာလေးတွေနဲ့ အကောင်းဆုံးပျော်စရာတွေဖန်တီးပြီး သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ ပရိသတ်ကြီးရေ… ကြည့်လိုက်တာနဲ့ ပါးစပ်မစိအောင် ရယ်နေရမယ့် သုသုနဲ့လင်းလင်းတို့ရဲ့ ဟာသဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source – Nyi Nyi Maung Rainbow- Cele Gabar

Read More »

မေဦးရဲ့ မွေးနေ့လေးအတွက် သတိတရနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ လင်းလင်း

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၂၉)ရက်လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့ရဲ့ မွေးနေ့ရက်လေးအတွက်ကိုတော့ မေဦးရဲ့ပရိသတ်တွေနဲ့ လုပ်ဖေ်ကိုင်ဖက်အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားကြပါသေးတယ်။ အခုလို မေဦးအတွက်မွေးနေ့ဆုတောင်းပေးတဲ့ အထဲမှာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းလင်းကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ လင်းလင်းကတော့ မေဦးရဲ့ မွေးနေ့လေးအတွက်ကို သတိတရနဲ့ အခုလိုပဲမွေးနေ့ဆုတောင်းပေးထားပါသေးတယ်။ “Happy bday မမမေဦးရေ။ ကျန်းမာပျော်ရွှင် စီးပွားတိုး ပါစေ” လို့ ဆုတောင်းပေးခဲ့တာပါ။ မေဦးတစ်ယောက် ဒီနေ့မွေးနေ့လေးကနေ စပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပိုမိုအောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်ပါစေလို့ CeleGabar ကနေလည်း မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မေဦးရဲ့ မွေးနေ့လေးအတွက်လည်း မွေးနေ့ဆုတောင်းစကားလေးတွေ ဆုတောင်းပေးခဲ့ကြပါဦး။ Chilli …

Read More »
x